Wednesday, January 28, 2026

ဖားကန့်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ

ကချင်ပြည် ဖားကန့်မြို့နယ်တွင် အချဉ်ပေါင်းရောင်းနေသည့် အမျိုးသားတစ်ဦး အမည်မသိ လက်နက်ကိုင်၏ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) နေ့လယ် ၁ နာရီဝန်းကျင်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု မှော်စီစာကျေးရွာ Sky ဟိုတည်ရှေ့တွင် အချဉ်ပေါင်း ရောင်းနေသည့် ဈေးသည်အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဖားကန့်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ဖားကန့်နဲ့ မှော်စီစာ သွားတဲ့ လမ်းမကြီးပေါ် ဟိုတယ်အ‌ရှေ့မှာ အချဉ်ပေါင်းသည် တစ်ဦးကို သေနတ်နဲ့ ပစ်သွားတာ။ ဒီလိုက ဖားကန့်မှာ မကြာခဏဖြစ်တယ်၊ ဘယ်အဖွဲ့ ပစ်သွားလဲဆိုတာ မသိရဘူး။ ဒီလိုတွေ ဖြစ်နေတာကလည်း အမြဲတမ်း သေနတ်တွေနဲ့ပဲ ပစ်ခံနေရတာ”ဟု ဖားကန့်မြို့နယ်ဒေသခံ ၎င်းအမျိုးသားက ပြောသည်။

ဖားကန့်မြို့နယ်တွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် ၎င်းအမျိုးသားသည် အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး သေနတ် ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးသွားကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ အရပ်သားများ မကြာခဏ သေနတ်ပစ်သတ်ခံရပြီး ဇူလိုင်လ ပထမပတ်အတွင်း သေဆုံးသူ ၃ ဦးအထိ ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

ဖားကန့်မြို့နယ်တွင် ယခု ဇူလိုင်လတွင် ကချင်လွတ်လပ်ရေးတပ် KIA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဘက် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖားကန့်ဒေသ တိုက်ပွဲကြောင့် ကုန်စျေးနှုန်း အဆမတန်မြင့်တက်

0
ကချင်ပြည် ကျောက်စိမ်းထွက်သည့် ဖားကန့်ဒေသတွင် စစ်ကော်မရှင်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာသဖြင့် ဒေသခံများအခက်အခဲ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် အဓိကကုန်သွယ်ရေး လမ်မကြီး နှစ်လမ်းဖြစ်သည့် မြို့တောင်ဘက်ရှိ ဖားကန့်-အင်းတော်ကြီးလမ်းကို စစ်ကော်မရှင်တို့က ပိတ်ထားမှုကြောင့် လက်ရှိတွင်...

ဖားကန့်၌ စက်ယန္တရားများ စစ်ကောင်စီတပ် မီးထပ်ရှို့၊ ဗျူဟာကုန်းသို့လာသည့် စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရ

0
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီး၊ တစ်သုံးလုံး ကျောက်စိမ်း ကုမ္ပဏီဝင်း အတွင်းရှိ မြေသယ်ကားနှင့် စက်ယန္တရားများကို ယနေ့ (ဇွန်လ ၃ ရက်) နံနက် ၈ နာရီကျော်က စစ်ကောင်စီတပ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မီးရှို့ခံရသည့် ကုမ္ပဏီသည်...

ဖားကန့် မော်စီစာတွင် စစ်တပ် လက်နက်ကြီးကြောင့် ယမ်းဂိုထောင် ပေါက်ကွဲ၊ လူ ၂ ဦး သေဆုံး

0
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ ကုမ္ပဏီ ကျောက်စိမ်း လုပ်ကွက် အတွင်းရှိ ယမ်းဂိုထောင် ယနေ့ (ဇွန်လ ၃ ရက်) နေ့လယ် ၁ နာရီကျော်က စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီး ထိမှန် ပေါက်ကွဲရာ အနည်းဆုံး လူ ၂ ဦး...

ဖားကန့်မြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်

0
ကချင်ပြည်နယ် ဖားကန့်မြိုနယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲများ ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၈ ရက်) နံနက် ၇ နာရီဝန်းကျင်ခန့်မှ စတင်၍ ဖားကန့်မြို့နယ် အတွင်းသို့ စစ်ကောင်စီတပ်က အင်အားရာနှင့်ချီ စစ်ကြောင်းထိုးလာပြီး လုံးခင်း၊ လယ်ပြင်နှင့်...

နိုင်ငံတဝှမ်း ရေဘေးသင့်နေစဥ် စစ်တပ် ဗုံးကြဲ၍ ဖားကန့် ဆိုင်းတောင်ရွာ မီးလောင်နေ

0
နိုင်ငံတဝှမ်း ရေဘေးကြောင့် ပြည်သူများ အတိဒုက္ခရောက်နေစဥ် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲသဖြင့် မီးလောင်နေကြောင်း ဒေသခံများက ယနေ့ ( စက်တင်ဘာလ ၁၂ ရက်) တွင် ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့က ဆိုင်းတောင်ရွာရှိ လပ်ကီးမန်း...