ဖားကန့်၌ စက်ယန္တရားများ စစ်ကောင်စီတပ် မီးထပ်ရှို့၊ ဗျူဟာကုန်းသို့လာသည့် စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီး၊ တစ်သုံးလုံး ကျောက်စိမ်း ကုမ္ပဏီဝင်း အတွင်းရှိ မြေသယ်ကားနှင့် စက်ယန္တရားများကို ယနေ့ (ဇွန်လ ၃ ရက်) နံနက် ၈ နာရီကျော်က စစ်ကောင်စီတပ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ မီးရှို့ခံရသည့် ကုမ္ပဏီသည် ယမန်နေ့ (ဇွန်လ ၃ ရက်နေ့) က စစ်ကောင်စီလက်ချက်ဖြင့် ယမ်းဂိုထောင် ပေါက်ကွဲမှုဖြစ်ခဲ့သည့် ကုမ္ပဏီဝန်း အနီးတွင် တည်ရှိသည်ဟု ဆိုသည်။

“မနေ့က ယမ်းဂိုထောင်ပေါက်တော့ ၃ ယောက်ဆုံးတယ်။ ဒဏ်ရာရသူများတယ်။ ဒီမနက် စစ်တပ်က စက်တွေကားတွေ မီးထပ်ရှို့တယ်။ ခုညနေပိုင်း လေယာဉ် (ရဟတ်ယာဉ်) လာတော့ ပစ်ကြတယ်။ အလုပ်လုပ်လို့ မရဘူးပေါ့။ ဘယ်လိုဆက်ဖြစ်မယ် မသိဘူး” ဟု ဒေသခံ တဦးက ပြောသည်။

ယနေ့ နံနက် စစ်ကောင်စီတပ် မီးရှို့ပြီးနောက်ညနေ ၃ နာရီကျော်တွင် စစ်ရယာဉ် တစင်း ဖားကန့် စစ်တပ် ဗျူဟာကုန်း အတွင်း ဆင်းသက်ရန် ပျံဝဲနေစဉ် မြေပြင်ရှိ KIA ပူးပေါင်းတပ် စုပြုံပစ်ခတ်သဖြင့် ရဟတ်ယာဥ်ပေါ်မှ ပြန်လှန် ပစ်ခတ်ခဲ့ကြောင်း ပစ်ခတ်ခံရပြီးနောက် အထုတ်တထုတ်ချ၍ ရဟတ်ယာဉ် ပြန်လှည့်သွားကြောင်း ဒေသခံများက ဆိုသည်။

“အောက်ကပစ်၊ အပေါ်ကပစ်နဲ့ ကြောက်စရာကြီး၊ အထုတ်တထုတ်ချသွားတယ်၊ လူထိတာရှိတယ်လည်း ပြောတယ်။ စစ်တပ် ဝင်လာတုန်းက KIA ကော PDF ရော ရှိနေတာ မတားဘဲနဲ့ အခုလူတွေလုပ်စားတဲ့ နေရာမှာ စစ်ဖြစ်တာ ဘယ်ကောင်းမလဲ။ အရင်က သူတို့က ညှိထားကြတာ ငွေကိစ္စက။ အခုက စစ်တပ် ခွဲတမ်း နည်းလို့လား အဲလိုထင်တာပဲ” ဟု နောက်ထပ် ဒေသခံ တဦးက ရှင်းပြသည်။

KIA ပစ်ခတ်မှုကြောင့် ရဟတ်ယဉ် ထိခိုက်မှုရှိမရှိကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ် ပြီးခဲ့သည့် မေလ ၂၈ နှင့် ၂၉ ရက်တွင် ပြန်လည်ဝင်ရောက်လာရာ မေလ ၃၁ ရက်နေ့တွင် ယနေ့ မီးရှို့ခံခဲ့ရသည့် အေသုံးလုံး ကုမ္ပဏီ အတွင်းရှိ အဆောက်အအုံ တခုကို မီးရှို့ခဲ့သေးသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ ရဟတ်ယာဉ် ပစ်ခတ်ခံရမှုကြောင့် ဖားကန့်ဒေသတွင်း စစ်ရေးတင်းမာနေပြီး အထူးသဖြင့် မှော်စီစာ၊ လုံးခင်း ပတ်ဝန်းကျင်ကျင်နေ ပြည်သူများ တိမ်းရှောင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...