နိုင်ငံတဝှမ်း ရေဘေးသင့်နေစဥ် စစ်တပ် ဗုံးကြဲ၍ ဖားကန့် ဆိုင်းတောင်ရွာ မီးလောင်နေ

နိုင်ငံတဝှမ်း ရေဘေးကြောင့် ပြည်သူများ အတိဒုက္ခရောက်နေစဥ် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲသဖြင့် မီးလောင်နေကြောင်း ဒေသခံများက ယနေ့ ( စက်တင်ဘာလ ၁၂ ရက်) တွင် ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့က ဆိုင်းတောင်ရွာရှိ လပ်ကီးမန်း ဟိုတယ်တွင် စစ်ကောင်စီတပ်နှင့် KIA/PDF တို့ ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်လာရာ ယနေ့ မနက် အစောပိုင်းတွင် ဆိုင်းတောင် ရဲစခန်းကို KIA/PDF ပူးပါင်းတပ် တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

“အခုညနေ အထိဆို လေးငါးကြိမ်ရှိပြီ လေယာဥ်နဲ့ ဗုံးကြဲတာ။ (ဖားကန့်) ဗျူဟာကုန်းကလည်း အမြောက်နဲ့ ပစ်တယ်။ အထိများတာက ရပ်ကွက် (၄) ဘက်။ စစ်သားတွေ ရွာထဲ မီးရှို့လို့ ပိုဆိုးနေတာလို့လည်း ကြားတယ်။ အကုန်ရှောင်နေရတာပေါ့” ဟု ဒေသခံ တစ်ဦးက ပြောသည်။

စစ်တပ် ဗုံးကြဲ၍ ဖားကန့် ဆိုင်းတောင်ရွာ မီးလောင်

လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည့် ရုပ်သံဖိုင်တွင် ဆိုင်းတောင်ရွာ အတွင်း နေအိမ်များ မီးလောင်နေသည်ကို တွေ့ရပြီး အဆိုပါ မီးလောင်နေသည့် နေရာသည် တိုက်ပွဲစဖြစ်ရာ လပ်ကီးမန်းဟိုတယ် တည်ရှိသည့် ရပ်ကွက် (၄) ဖြစ်ကြောင်း ယင်းနေရာကို လေကြောင်းက ဗုံးကြဲပြီးနောက် စစ်ကောင်စီတပ်သားများက နေအိမ်များကို မီးရှို့ခဲ့သည်ဟု သိရကြောင်း ဒေသခံက ဆိုသည်။

တိုက်ပွဲများ အတွင်း နှစ်ဘက်တပ် ထိခိုက်သေဆုံးမှုနှင့် ပြည်သူလူထု ထိခိုက်နစ်နာ ဆုံးရှုံးမှုကိုမူ မသိရသေးပေ။

ယနေ့စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်များ ချီဖွေမြို့နယ်နှင့် ပန်ဝါမြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ဖားကန့်မြို့နယ် အတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေရာ ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က လုံးခင်းကျေးရွာအုပ်စု၊ တောမှောနှင့် လမောင်ရွာရှိ စစ်ကောင်စီစခန်းများကို KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ထားသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...