Wednesday, January 28, 2026

ဖားကန့် မော်စီစာတွင် စစ်တပ် လက်နက်ကြီးကြောင့် ယမ်းဂိုထောင် ပေါက်ကွဲ၊ လူ ၂ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ ကုမ္ပဏီ ကျောက်စိမ်း လုပ်ကွက် အတွင်းရှိ ယမ်းဂိုထောင် ယနေ့ (ဇွန်လ ၃ ရက်) နေ့လယ် ၁ နာရီကျော်က စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီး ထိမှန် ပေါက်ကွဲရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖြစ်စဥ် ဖြစ်ပွားရာ အနီး နေထိုင်သူများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက စစ်ကောင်စီ စစ်ကြောင်း ဖားကန့်ဒေသသို့ ဝင်ရောက်လာပြီးနောက် လုံးခင်းကျေးရွာအုပ်စု၊ မှောင်စီစာတွင် ကျောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီ မြေသယ်ကားနှင့် မြေတူး ယန္တရားများ မီးရှိူ့နေရာက ယခု ယမ်းဂိုထောင်ကို ပစ်ခတ် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။

ဖားကန့် မော်စီစာတွင် စစ်တပ် လက်နက်ကြီးကြောင့် ယမ်းဂိုထောင် ပေါက်ကွဲ၊ လူ ၂ ဦး သေဆုံး (Photo by နောင်ရိုး)

“အဲနားမှာရှိနေတဲ့ လူတွေ ပြောတာက စစ်တပ်ရှိတဲ့ ဘုရားကုန်းဘက်ကလာတဲ့ လက်နက်ကြီး မီးခိုးတန်းကြီး တွေ့တယ်တဲ့။ လက်နက်ကြီးကျလို့ ကွဲတာ။ ယမ်းဂိုထောင်တွေက သူ့ဟာသူ ပေါက်ကွဲတာမျိုးက ဖြစ်ခဲတယ်။ ဖြစ်ခဲ့တာတော့ ရှိတာပေါ့။ ခုကတော့ လက်နက်ကြီး ထိတာ” ဟု ဖြစ်စဥ်အနီးရှိ ဒေသခံက ဆိုသည်။

ဖားကန့်ဒေသသို့ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာပြီးနောက် ကျောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီများအား KIA နှင့် ပတ်သက်သည်ဟု ဆိုက မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်နေရာက ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖားကန့် မော်စီစာတွင် စစ်တပ် လက်နက်ကြီးကြောင့် ယမ်းဂိုထောင် ပေါက်ကွဲ၊ လူ ၂ ဦး သေဆုံး (Photo by နောင်ရိုး)

“လောလောဆယ် နှစ်ဦးသေတာ တဦးက အမျိုးသမီး။ ထိတာက သုံးလေးဆယ်လောက် ထိတယ်။ ဆယ်ယောက်လောက် ထိတာပြင်းတယ်။ ခုဖြစ်တဲ့ဟာက KIA နဲ့ ပတ်သက်လား ဘာလား အဲလိုတွေတော့ မသိဘူး” ဟု လူမှုကူညီရေးအသင်းနှင့် နီးစပ်သူ တဦးက ဆိုသည်။

ယခု ပေါက်ကွဲမှု ဖြစ်ပွာသည့် ကုမ္ပဏီကို KIA ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သူများ ပိုင်ဆိုင်သည်ဟု စစ်တပ် ဝါဒဖြန့် တယ်လီဂရန် ချန်နယ်များတွင် ရေးသားနေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းက ဖားကန့်ဒေသတွင်း စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာရာက မတည်မငြိမ် ဖြစ်နေရာ လုံးခင်းနှင့် တကွ ဆက်စပ်ဒေသများတွင်လည်း ကျီးလန့်စာစားနေရသည့် အခြေအနေဟု ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...