ဖားကန့် မော်စီစာတွင် စစ်တပ် လက်နက်ကြီးကြောင့် ယမ်းဂိုထောင် ပေါက်ကွဲ၊ လူ ၂ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ ကုမ္ပဏီ ကျောက်စိမ်း လုပ်ကွက် အတွင်းရှိ ယမ်းဂိုထောင် ယနေ့ (ဇွန်လ ၃ ရက်) နေ့လယ် ၁ နာရီကျော်က စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီး ထိမှန် ပေါက်ကွဲရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖြစ်စဥ် ဖြစ်ပွားရာ အနီး နေထိုင်သူများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက စစ်ကောင်စီ စစ်ကြောင်း ဖားကန့်ဒေသသို့ ဝင်ရောက်လာပြီးနောက် လုံးခင်းကျေးရွာအုပ်စု၊ မှောင်စီစာတွင် ကျောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီ မြေသယ်ကားနှင့် မြေတူး ယန္တရားများ မီးရှိူ့နေရာက ယခု ယမ်းဂိုထောင်ကို ပစ်ခတ် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။

ဖားကန့် မော်စီစာတွင် စစ်တပ် လက်နက်ကြီးကြောင့် ယမ်းဂိုထောင် ပေါက်ကွဲ၊ လူ ၂ ဦး သေဆုံး (Photo by နောင်ရိုး)

“အဲနားမှာရှိနေတဲ့ လူတွေ ပြောတာက စစ်တပ်ရှိတဲ့ ဘုရားကုန်းဘက်ကလာတဲ့ လက်နက်ကြီး မီးခိုးတန်းကြီး တွေ့တယ်တဲ့။ လက်နက်ကြီးကျလို့ ကွဲတာ။ ယမ်းဂိုထောင်တွေက သူ့ဟာသူ ပေါက်ကွဲတာမျိုးက ဖြစ်ခဲတယ်။ ဖြစ်ခဲ့တာတော့ ရှိတာပေါ့။ ခုကတော့ လက်နက်ကြီး ထိတာ” ဟု ဖြစ်စဥ်အနီးရှိ ဒေသခံက ဆိုသည်။

ဖားကန့်ဒေသသို့ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာပြီးနောက် ကျောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီများအား KIA နှင့် ပတ်သက်သည်ဟု ဆိုက မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်နေရာက ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖားကန့် မော်စီစာတွင် စစ်တပ် လက်နက်ကြီးကြောင့် ယမ်းဂိုထောင် ပေါက်ကွဲ၊ လူ ၂ ဦး သေဆုံး (Photo by နောင်ရိုး)

“လောလောဆယ် နှစ်ဦးသေတာ တဦးက အမျိုးသမီး။ ထိတာက သုံးလေးဆယ်လောက် ထိတယ်။ ဆယ်ယောက်လောက် ထိတာပြင်းတယ်။ ခုဖြစ်တဲ့ဟာက KIA နဲ့ ပတ်သက်လား ဘာလား အဲလိုတွေတော့ မသိဘူး” ဟု လူမှုကူညီရေးအသင်းနှင့် နီးစပ်သူ တဦးက ဆိုသည်။

ယခု ပေါက်ကွဲမှု ဖြစ်ပွာသည့် ကုမ္ပဏီကို KIA ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သူများ ပိုင်ဆိုင်သည်ဟု စစ်တပ် ဝါဒဖြန့် တယ်လီဂရန် ချန်နယ်များတွင် ရေးသားနေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းက ဖားကန့်ဒေသတွင်း စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာရာက မတည်မငြိမ် ဖြစ်နေရာ လုံးခင်းနှင့် တကွ ဆက်စပ်ဒေသများတွင်လည်း ကျီးလန့်စာစားနေရသည့် အခြေအနေဟု ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...