ဖားကန့်မြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် ဖားကန့်မြိုနယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲများ ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ (မေလ ၂၈ ရက်) နံနက် ၇ နာရီဝန်းကျင်ခန့်မှ စတင်၍ ဖားကန့်မြို့နယ် အတွင်းသို့ စစ်ကောင်စီတပ်က အင်အားရာနှင့်ချီ စစ်ကြောင်းထိုးလာပြီး လုံးခင်း၊ လယ်ပြင်နှင့် ငြိမ်းချမ်းသာယာ အနီးတစ်ဝိုက်တွင် KIA ပူးပေါင်းတပ်နှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း ဖားကန့်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ကနဲ့ ရှေ့တနေ့ကတော့ ဖားကန့်ဘက်ကို စစ်ကောင်စီတပ်တွေ အနီးကပ် ဝင်လာကြတာ။ ဒီနေ့ မေလ ၂၈ ရက်မှ ထိုးစစ်စင်လာတဲ့ စစ်ကောင်စီတွေနဲ့ နှစ်ဘက် တိုက်ပွဲပြင်းထန်နေပါတယ်။ လေယာဉ်နဲ့တွေတော့ မသုံးသေးပေမယ့် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ပါတယ်။ မြို့ထဲရွာထဲမှာ ပစ်နေကြတော့ တချို့ဒေသခံတွေလည်း မထွက်ရဲသေးဘူး”ဟု ဖားကန့်ဒေသခံ ၎င်းအမျိုးသားက ပြောသည်။

ယနေ့နံနက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန်တွင် ငြိမ်းချမ်းသာယာ (ခွန်ဆာကုန်း) ရဲစခန်းနှင့် မြောက်ကုန်း စစ်တပ်ကုန်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ကူခဲ့သည့်အတွက် ထိုနေရာများတွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ထိုတိုက်ပွဲဖြစ်ပွားနေသည့် လယ်ပြင်၊ လုံးခင်း၊ ငြိမ်းချမ်းသာယာကုန်းရှိ ပြည်သူများသည် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့သော ပြည်သူများလည်း နေအိမ်အတွင်း ဆက်လက်ပိတ်မိနေကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီဝန်းကျင်တွင် ဖားကန့်မြို့ ယမ်းချက်စက်ရုံနှင့် လယ်ပြင်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးလာကြောင်း ဒေသခံများ သိရှိပြီးနောက် ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...