ဖားကန့်ဒေသ တိုက်ပွဲကြောင့် ကုန်စျေးနှုန်း အဆမတန်မြင့်တက်

ကချင်ပြည် ကျောက်စိမ်းထွက်သည့် ဖားကန့်ဒေသတွင် စစ်ကော်မရှင်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာသဖြင့် ဒေသခံများအခက်အခဲ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် အဓိကကုန်သွယ်ရေး လမ်မကြီး နှစ်လမ်းဖြစ်သည့် မြို့တောင်ဘက်ရှိ ဖားကန့်-အင်းတော်ကြီးလမ်းကို စစ်ကော်မရှင်တို့က ပိတ်ထားမှုကြောင့် လက်ရှိတွင် မြို့အရှေ့ဘက်ရှိ ဖားကန့်-ကာမိုင်းလမ်း-မြစ်ကြီးနားကိုသာ အသုံးပြုသွားလာနိုင်ကြောင်း ဖားကန့်မြို့ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖားကန့်ကုန်သွယ်လမ်း နှစ်လမ်းရှိတာကို ဖားကန့်-အင်းတော်ကြီးလမ်းတစ်လမ်းကတော့ ပိတ်ထားတယ်။ဖားကန့်-မြစ်ကြီးနားလမ်းကြတော့ ခဏပိတ်သွားပြီး ပြန်ဖွင့်တာမကြာသေးဘူး။ အဲ့ချိန်တုန်းက တက်နေတဲ့ကုန်စည်ဈေးနှုန်းတွေက အခုချိန်ထိ သိပ်မကျသေးဘူး။”ဟု ၎င်းကပြောသည်။

ဖားကန့် – ကာမိုင်းလမ်း – မြစ်ကြီးနားကို ပြီးခဲ့သည့် မေလမှစတင်ပြီး ထိုလမ်းတကြောကို စစ်ကော်မရှင်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တို့က ပြန်လည် ထိန်းချုပ်ထားကြောင်း ‌ဒေသခံများကပြောသည်။

ထိုလမ်းများပိတ်ဆို့ခြင်း စစ်ဆေးမှုများပြားခြင်းတို့ကြောင်း ဖားကန့်သို့ တင်းပို့နေသည့် ကုန်စည် စားသောက်ကုန်များ ယခင်ထက် ဈေးနှုန်း နှစ်ဆ ဖြစ်နေရပြီး ဒေသခံများအတွက် အခက်အခဲဖြစ်နေကြောင်း ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက ထပ်မံလောင်းပြောသည်။

“ဒီဖားကန့်မှာ ရောင်းဝယ်ရေးကခက်ခဲတယ်။ မြို့ကိုဝင်တဲ့လမ်းက ပိတ်ထားတာကြောင့်ရယ် ဖွင့်ထားတဲ့လမ်းကလည်း ရှမ်းနီတွေ စစ်ကော်မရှိတွေ အခွန်ကောက်တာကြောင့် ကုန်စည်းတွေက ဈေးနှုန်းတွေတက်တာ။တချို့တွေဆို ထမင်းဆီဆမ်းတောင် ကြက်ဥကြော်နဲ့ စားဖို့အထိ ကုန်စည်ပျက်တဲ့ ဒဏ် အခက်အခဲတွေကိုကြုံခဲ့ရတယ်”ဟု ဖားကန့်မြို့နေ အမျိုးသားတစ်ဦး ကပြောသည်။

ဖားကန့် လမ်း

ကြက်ဉတစ်လုံးသည် ယခင်တွင် ၅၀၀ ကျပ် လက်ရှိတွင် ၁ ထောင် မှ ၃ ထောင်ကျပ် ထိရှိကြောင်း၊ ယခင် ဓာတ်ဆီတစ်ဂါလံ‌ဈေး ၃ သောင်းဝန်းကျင်ဖြစ်ပြီး လက်ရှိတွင် ၈ သောင်း ကျပ်၊ ဆန် ၂၄ ပြည်တစ်အိတ်သည် ယခင်တွင် ၁ သိန်း ၇ သောင်းကျပ် လက်ရှိတွင် ၂ သိန်းခွဲဝန်းကျင် အထိဈေးနှုန်းမြင့် တက်နေကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဇွန်လတွင် ဖားကန့်မြိုတွင် ဆန်း ၂၄ ပြည်တစ်အိတ်လျှင် ကျပ်ငွေ ၃ သိန်းဝန်းကျင်အထိ ဈေးမြင့်တက်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ နှစ်ဆန်းပိုင်းမှ ၂၀၂၅ မေလအထိ ဖားကန့်မြို့ အနီးဝန်းကျင်ရှိ ကျေးရွာများနှင့် စခန်းကုန်း အများစုကို KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ဖားကန့်မြို့ပေါ်ရှိ စစ်ကော်မရှင်တပ်သည် ဗျူဟာကုန်းကို မထိန်းချုပ်နိုင်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းမှ စတင်၍ စစ်ကော်မရှင်တပ်သည် စစ်ကူအင်အား ရာနှင့်ချီကာ ဖားကန့်မြို့သို့ ပြန်လည်အင်အားဖြည့်လာပြီး မြို့ကိုအပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...