ရွှေ့ပြောင်းစနစ် နှင့် ဆက်ကြီးထွားနေသည့် သျှမ်းပြည်ထဲ ကျားဖြန့်ဂိုဏ်း

ကျားဖြန့်ဆိုပြီး လူသိများသည့် အွန်လိုင်း လောင်းကစားပပျောက်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့ က နည်းမျိုးစုံကြိုးစားနေသော်လည်း ယနေ့အချိန်ထိ သျှမ်းပြည်အတွင်း ပပျောက်မှု မရှိနေသည်မှာ လူထုအတွက်မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ယခုနှစ်အစပိုင်း၍ ကျားဖြန့် ပပျောက်ရန်အတွက် ထိုင်း-မြန်မာ- တရုတ် စသည့် သုံးနိုင်ငံ အာဏာပိုင်များက ပူးပေါင်းပြီး ဘက်စိတ်တိုက် ဖမ်းဆီးမှုပြုလုပ်ခဲ့သည်။

တဖက်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း၌ လှုပ်ရှားနေသော Ethnic Revolutionary Organizations (EROs) လို့ခေါ်သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကလည်း နယ်စပ်ဖြတ်ကျော် ကျားဖြန့် လုပ်ကိုင်သည့် တရုတ်များကို ဖမ်းဆီးပြီး တရုတ်အာဏာပိုင်းကို အပြိုင်အဆိုင် အပ်နှံမှုများလည်း ရှိခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည့် ညီနောင်မဟာမိတ် သုံးဖွဲ့ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ အာရက္ခတပ်တော် (AA) တို့ကလည်း ကျားဖြန့်တိုက်ဖျက်ရေး ဆိုပြီး “၁၀၂၇ စစ်ဆင်ရေး”ကိုဖော်ဆောင်ခဲ့ကာ နယ်မြေများ သိမ်းပိုက်နိုင်ခဲ့သော်လည်း ကျားဖြန့်လုပ်ငန်းကြီးက ရပ်ဆိုင်းသွားခြင်း မရှိသေးပေ။

ယခုခေတ်ကာလအရ နည်းပညာဖွံ့ဖြိုးလာမှုကြောင့် ကျားဖြန့်လုပ်ငန်းကြီးဟာ ပပျောက်သွားခြင်းမရှိဘဲ နယ်မြေပြောင်းရွှေ့ပြီး လုပ်ဆောင်လာသကဲ့သို့ လက်ရှိမှာ သျှမ်းပြည် တောင်ပိုင်း လဲချား နဲ့ မိုင်းကိုင်မြိုနယ် နမ့်တိန်းချောင်းတစ်လျှောက်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်လက်နက်ကိုင်အကူအညီ ဖြင့် လုပ်ကိုင်နေကြကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို သတင်းပေးပို့လာသည်။

ဒီကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည်သူတွေထဲမှာ တရုတ်လူမျိုးများ၊ လက်နက်ကိုင်များလည်း လုံခြုံရေးတာဝန်ယူထားခြင်း၊ ငွေကြေးယူပြီး ဖွင့်လှစ်ခွင့်ပြုခြင်းတို့ရှိကြောင်း လဲချားမြို့ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“ကျေးသီးကနေ လဲချားအထိဆိုရင် ကျားဖြန့်လုပ်တဲ့ တရုတ်တွေ ၂၀၀၀ ထက်တော့ မလျော့ဘူး။ အဖွဲ့တော်တော်ကြီးတယ် အရင်ကရှိတဲ့ အဖွဲ့တွေပဲ၊ သျှမ်းတပ်ကော ပြည်သူ့စစ်ကော လုံခြုံရေး ယူပေးထားတာ။ စစ်ကောင်စီ ဖမ်းတော့မယ်ဆိုရင် သူတို့နယ်မြေထဲပဲ လှည့်ပတ်ပြီး ဝှက်ထားပေးတာ။ ဟိုနားရွှေ့ ဒီနားရွှေ့ အဲ့လိုပဲ ပတ်နေတာ” ၎င်းက ဆိုသည်။

လဲချားမြို့နယ်အတွင်း ကျားဖြန့်လုပ်ကိုင်နေသည်ဟု ယူဆရသည့်နေရာ

လက်ရှိလဲချားမြို့နယ်တွင် လုပ်ကိုင်နေတဲ့ကျားဖြန့်များသည် ဝမ်ပန်ကျေးရွာအုပ်စုထဲတွင် လှည့်ပတ် ပြောင်းရွှေ့လုပ်ကိုင်နေပြီး ပြည်သူ့စစ်များ လုံခြုံရေးယူထားပေးကြောင်း၊ တဖက်တွင်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ထိန်းချုပ်ထား နယ်မြေလည်းဖြစ်ကြောင်း သိရသည်။

“နမ့်တိန်းချောင်းတလျှောက် မိုင်းကိုင်၊ လဲချား၊ ကျေးသီး ဒီသုံးနယ်ဆုံတဲ့ ဝမ်ပန်အုပ်စုထဲမှာ လှည့်ပတ်ရွှေ့နေတာ။ ကျားဖြန့်သတင်းထွက်ပြီဆိုရင် တခြား အနီးအနား ရွာတွေကို ပြောင်းသွားတယ်။ သျှမ်းတပ်နဲ့ ပြည်သူ့စစ်တွေ လုံခြုံရေး ယူပေးထားလို့ စစ်ကောင်စီလည်း အဲ့ဘက်မဝင်ရဲဘူး” ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်ပြီး သိရှိသူတစ်ဉီးက ပြောသည်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း နမ့်စန်မြို့နယ်အတွင်းမှာ လုပ်ကိုင်နေတဲ့ ကျားဖြန့် လုပ်ကိုင်သူ အယောက် ၇၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးမှုပြုလုပ်ခဲ့သည်။

ထို့နောက်ပိုင်း ကျားဖြန့်လုပ်ကိုင်သူများက မိုးနဲ့မြို့နယ် နဲ့ နမ့်စန်မြို့နယ်ကြားရှိ မတ်ကျိုင်းပြည်သူ့စစ်တွေ ထိန်းချုပ်ထားသောပန်လျန်းဆိုင်ဒသေကို ထပ်မံရွှေ့ပြောင်းသွားခဲ့ကြောင်း နမ့်စန့်ဒေသခံ စိုင်းလုံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကျားဖြန့်တွေက ဒီလိုပဲလှည့်ပတ်လုပ်နေတာ။ ဒီနေရာဖမ်းတယ်ဆိုရင် နောက်တနေရာပြောင်းသွားတယ်။ နမ့်စန်မှာဖမ်းတုန်းကဆိုရင် တရုတ်လူမျိုးတွေကို ဒေသခံတွေက ထမင်းတောင် သွားပို့ရသေးတယ်။ အာဏာပိုင်တွေက ငွေမရရင် အဲ့လိုလုပ်မှာမဟုတ်ဘူး” လို့ နမ့်စန်မြို့နေ စိုင်းလုံ က ဆိုသည်။

နမ့်စန်မြို့

အလားတူ စစ်ကောင်စီနှင့် ပြည်သူ့စစ်များ လှုပ်ရှားသော သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ စွမ်စော်နှင့် ဟိုနားရပ်ကွက်တွင်လည်း ယခု ဇွန် ၁၆ရက်မှာ ကျားဖြန့် ရုံ နှစ်ရုံကို စစ်ကောင်စီက ဟန်ပြ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသား ၄၁ဦးအပါအဝင် စုစုပေါင်း ၁၃၈ ဉီးကို ဖမ်းဆီးထားကြောင်း ဒီအကြောင်းရင်းကို သိရှိသည့် မူဆယ်ဒေသခံ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။


“ ဖမ်းသွားတာတော့ဟုတ်တယ်။ အခုထိတော့ သူတို့အချုပ်ထဲမှာပဲရှိအုံးမယ်ထင်တယ်။ တကယ်လို့ သူတို့တရုတ်နိုင်ငံကို ပြန်အပ်ပေးရင်တော့ ဓာတ်ပုံတွေ ဘာတွေကျနော်တို့တွေ့ရမှာပေါ့။ အခုထိ ဘာမှ မတွေ့ရသေးဘူး။ မူဆယ်မှာကတော့ အရင်တိုင်း ကျားဖြန့်တွေကတော့ များနေသေးတာပဲ။ နည်းသွားတာမဟုတ်ဘူး။ များလာတာ” မူဆယ်ဒေသခံက ဆိုသည်။

စစ်ကောင်စီက မူဆယ်မြို့နယ်မှာ အဖမ်းအဆီးတွေ ပြုလုပ်နေသော်လည်း ကျားဖြန့်ရုံများ အာဏာပိုင်များထံ ဆက်ကြေး(လိုင်းကြေး) ပေးပြီး ဆက်ဖွင့်နေသေးကြောင်း ၎င်းက ဆိုပါတယ်။

မူဆယ်ကျားဖြန့်


ယခုကဲ့သို့ နယ်စပ်ဒေသများတွင် ကျားဖြန့်လုပ်ငန်းများ ဆက်ကြီးထွားလာရခြင်းသည် အလုပ်အကိုင်ရှားပါးချိန်၊ စီးပွားရေးလုပ်ကိုင်မှု ခက်ခဲနေချိန် ငွေရလွယ်ပြီး တရုတ်နိုင်ငံ၏ စီမံကိန်းတစ်ခုလည်းဖြစ်နေကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးကတော့ အခုလိုပြောပါတယ်။

“ မူဆယ်မှာကျားဖြန့်ဖွင့်ချင်ရင်တော့ အာဏာပိုင်တွေကို ပိုက်ဆံပေးထားရမှာပေါ့။ မပေးထားရင်တော့ မိမှာပဲလေ။ ကျားဖြန့်တွေက ဘာလို့ဆက်ကြီးထွားနေလဲဆိုရင် ပိုက်ဆံရလွယ်တယ်လေ။ လယ်တွေ၊ တောင်ယာသွားလုပ်တာက ပိုက်ဆံက သိပ်မရတာ။ နောက်တစ်ချက်ကတော့ တရုတ်စီမံကိန်းကြောင့်လည်းပါမယ်လို့ကျနော်ထင်တယ်။ အရင်က တရုတ်တွေလိုက်ဖမ်းပြနေတယ်ဆိုတာက ၁၀၂၇ စစ်ဆင်ရေးကိုဖော်ဆောင်ဖို့အတွက်နဲ့ လိုက်ဖမ်းတာလေ။ အခုတော့ ကျနော်တို့မြို့မှာ ဒီလောက်များနေတာ တရုတ်ဘက်က ဘာမှမပြောဘူး။ အေးဆေးပဲ။ ဒါက ကျနော်တို့လူမျိုးတွေကို ပျက်စီးအောင်လုပ်ချင်နေတဲ့ စီမံကိန်းတစ်ခုဖြစ်မလားမသိဘူး”

“၁၀၂၇”စစ်ဆင်ရေး၊ ကိုဗစ်ရဲ့ နောက်ဆက်တွဲကြောင့် သျှမ်းပြည်မြောက်ပိုင်း က စစ်ရေးစစ်ဒဏ်ခံရတဲ့ ပြည်သူတွေ ၊ လူငယ်အများစုဟာ အလုပ်အကိုင်မဲ့တွေဖြစ်ပွားလာပြီး၊ ငွေရလွယ်တဲ့ ကျားဖြန့် လုပ်ငန်းကို လွယ်ကူစွာ ဝင်ရောက်လုပ်ကိုင်လာကြသည်။

“ ဒီဘက်က အလုပ်အကိုင်ရှားလာတယ်။ လူငယ်ဆိုတော့ သူများလိုနေချင် စားချင် သုံးချင်ကြတယ်။ ကျမ သိသလောက်ဆိုရင် ကျားဖြန့်မှာသွားလုပ်တဲ့သူအများကြီးပဲရှိတယ်၊ ဒီနေရာမကောင်းရင် နောက်တနေရာပြောင်း ကျားဖြန့်မလုပ်တဲ့သူခပ်ရှားရှားပဲ” ဟု သိန္နီမြို့မှ အသက် ၃၆နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဉီး က ပြောသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကျားဖြန့်ပြဿနာသည် အခြားနိုင်ငံတစ်ခု၏ ပြဿနာအဖြစ်သာ မမြင်ဘဲ ထိုင်းနိုင်ငံသားများ အတွက်ပါ ပြဿနာဖြစ်နေကြောင်း၊ ထိုပြဿနာကို မဖြေရှင်းနိုင်လျှင် လိမ်လည်သူများကို ကူညီရာ ရောက်လိမ့်မည် ဟု ထိုင်းနိုင်ငံ ပြည်သူ့ပါတီ ရဲ့ အမတ်ဖြစ်သူ Rangsiman Rome က ဇန်နဝါရီ လမှာ ထိုင်းမီဒီယာတွေကိုပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၄ ဧပြီလဆန်းပိုင်း၌ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်ကြောင်း သံသယ ရှိသော စစ်ဗိုလ်ချုပ်ဟောင်းလည်းဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဟောင်း လည်းဖြစ်သည့် ဉီးမြင့်လှိုင် ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့သည်။

အလားတူ ၂၀၂၄ ခုနှစ်တုန်းကလည်း ကိုးကန့်ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးပယ်ဆောက်ချိန် အပါအဝင် တစ်ခြားလက်နက်ကိုင်ခေါင်းဆောင်များကိုလည်း စစ်ကောင်စီ က ဖမ်းဆီးပြီ နေပြည်တော်ကနေ တစ်ဆင့် တရုတ်အာဏာပိုင် လက်ထဲသို့ အပ်ခဲ့သည်။

ထို့အချက်တွေကို ကြည့်ခြင်းအားဖြင့် ကျားဖြန့် လုပ်ငန်းသည် အာဏာပိုင်များ နယ်မြေ လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်မှသာလျှင် လုပ်ကိုင်နိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။

စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခကြောင့် အဘက်ဘက်က ကျဆင်းနေချိန်တွင် ကျားဖြန့်လုပ်ငန်းကလည်း ဝင်ငွေရလွယ်သော အလုပ်ဖြစ်သည့်အတွက် လူငယ်များအနေဖြင့် ဆင်ခြေတုံတရားကင်းမဲ့လာပြီး ဆက်လက်လုပ်ကိုင်နေကြမည်ဟု သျှမ်းပြည်လူထုက ပြောဆိုလိုက်ပါတယ်။

ထို့ကြောင့် ပဋိပက္ခများ ဆက်ရှိနေသရွှေ့ မြန်မာနိုင်ငံတွင်လည်း ကျားဖြန့်လုပ်ငန်း ပပျောက်သွားမှာမဟုတ်ဘဲ ရွှေ့ပြောင်းစနစ်လည်း ဆက်လက် ကြီးထွားနေဉီးမည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်နှင့် အမေရိကန်၏ ဖိအားများကြား တာချီလိတ် ကျားဖြန့်လုပ်ငန်းများကို စစ်ကော်မရှင် အရေးယူပြ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၅၂ ဦးကို စက်ပစ္စည်းအမြောက်အမြားနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင် ယမန်နေ့ (ဧပြီလ ၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယမန်နေ့ (ဧပြီလ ၂၇ ရက်) နေ့လယ် ၁၂ နာရီခန့်တွင်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...