တန့်ယန်းမြို့နယ် UWSA ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ ၈၀၀ နီးပါး တရုတ်ရဲလက်အပ်
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ (၁၀၀၀) ကျော်ကို ‘ဝ’တပ်ဖွဲ့ UWSA က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ တရုတ်နိုင်ငံသား (၇၆၂) ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၉ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA...
ကျောက်မဲမြို့နယ် တောင်ယာသွားစဉ် အမျိုးသမီးနှစ်ဦး ဓားခုတ်ခံရပြီး သေဆုံး
သျှမ်းပြည် ကျောက်မဲမြို့နယ် နမ့်ဟူးပန်စုံကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် ၎င်းမိခင်တို့သည် တောင်ယာသွားရောက်စဉ် ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်) နံနက် ၇ နာရီကျော်တွင် ကျောက်မဲမြို့နယ် နမ့်ဟူးကျေးရွာနေ အသက် (၂၃) နှစ်အရွယ်ရှိ နန်းမိုခမ်းသည် ပြောင်းဖူးချိုးရန် တောင်ယာသို့ တစ်ယောက်တည်း...
ကျောက်စိမ်း ရှယ်ယာဖြတ်သည် ဆိုကာ အကြီးအကျယ် လိမ်လည်နေ
SHAN -
လူမှုကွန်ရက် Facebook မှ တိက်ရိုက် Live လွှင့်၍ ကျောက်စိမ်း ရှယ်ယာဖြတ်သည်ဟု ဆိုကာ အကြီးအကျယ် လိမ်လည် နေသဖြင့် ကျောက်စိမ်း ဝါသနာရှင်များ အနေဖြင့် ငွေကြေးဆုံးရှုံးမှု မရှိစေရေး သတိပြုရန် လိုအပ်ကြောင်း မန္တလေးမြို့ အခြေစိုက် ဝါရင့် ကျောက်စိမ်းလောကသားများက ပြောသည်။ ယခု...
တာချီလိတ်မြို့တွင် ဖုန်းဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ဝန်ထမ်း ၁ ဦးသေဆုံး
SHAN -
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်သည် ယနေ့ (နိုဝင်ဘာ ၁၃)ရက် နံနက်ပိုင်းတွင် ဓားပြတိုက်ခံရပြီး ဆိုင်ဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးသွားသည့်အထိ ဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၃ ရက်)နေ့ နံနက်ပိုင်း ၁၀နာရီခွဲဝန်းကျင်တွင် သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား ၄ ဦးသည် ရန်အောင်မြေရပ်ကွက် ပါလျံ(၃)ရှိ...
တောင်ကြီးတွင် လုံခြုံရေးတင်းကြပ်သည့်ကြားမှ ဆိုင်ကယ်များပျောက်
SHAN -
ေသျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အတွင်း လုံခြုံရေးတင်းကြပ်ထားသည့် ကြားမှ ဆိုင်ကယ်များ ပျောက်ဆုံးနေသည်ဟု မြို့ခံများပြောပြချက်အရသိရသည်။ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အတွင်း ဆိုင်ကယ်များအပ်နှံထားသည့်နေရာတွင် ဆိုင်ကယ် အစီး(၂၀) ကျော်ကို နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ပျောက်ဆုံးသွားပြီး ဖုန်းနှင့် အခြားသော တန်ဖိုးကြီး ပစ္စည်းများပါ ပျောက်ဆုံးသွားကြောင်း ဖြစ်စဉ် သိရှိသူ...
မူဆယ်မြို့ ပိုင်ရှင်မဲ့ အလောင်း ပိုတိုးလာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၅ လောင်းထပ်မနည်း တွေ့ရှိနေသည်ဟု စုံစမ်းသိရသည်။ မူဆယ်မြို့တွင် စစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် တရားမဝင် လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းများ အပြင် ခိုးဆိုးလုယက် ဓားပြတိုက်မှုနှင့်အကြောင်းရင်းမသိ ပစ်ခတ် သတ်ဖြတ်မှုများ လာသဖြင့် တစ်လနှင့်တစ်လ ပိုင်ရှင်မဲ့အလောင်း...
တားဆီးသူမဲ့နေသည့် ဘုန်းကြီးကျောင်းဝန်းထဲက လောင်းကစားဝိုင်းများ
လောဘ၊ ဒေါသ၊ မောဟများ ပယ်သတ်ရန် ဟောပြောဆုံးမလေ့ရှိသည့် ဘုန်းတော်ကြီးများ သီတင်းသုံးရာ ဘုန်းကြီးကျောင်းသည် ယခုတော့ လောဘ၊ ဒေါသ၊ မောဟများနှင့် ပြည့်နှက်၍ အဆီပြန်နေသည့် မျက်နှာများဖြင့် စည်ကားနေသည်။ ဗုဒ္ဓဘာသာဝင်တို့ ဦးထိပ်ထားရာ ဘုန်းကြီးကျောင်းများတွင် လောင်းကစားဝိုင်းများကို ရိုးရာဓလေ့ မျက်နှာဖုံးစွပ်၍ ထည့်သွင်း ပြုလုပ်လေ့ရှိသည်မှာ အစဉ်အလာကဲ့သို့...
သိန္နီတွင် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြပြီး အရပ်သားများဖမ်းဆီး၊ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း
သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ်မတော် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြပြီး အရပ်သားများကို ဖမ်းဆီးကာ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသခံများထံမှသိရသည်။ သိန္နီမြို့ကို ကိုးကန့်တပ်မတော် MNDAA က ထိန်းချုပ်ထားပြီးသည့်နောက် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များကို ရှောင်သခင်ဝင်ရောက်စစ်ဆေးကာ လူငယ်၊ လူလတ်ပိုင်း အမျိုးသားများကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲပြီး MNDAA...
ပင်လောင်းတွင် သူခိုးများသောင်းကျန်းမှုကြောင့် ဒေသထွက် သီးနှံများ ပျက်စီးပျောက်ဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ တောင်ဘက်ရှိ ကျေးရွာများတွင် သူခိုးများ သောင်းကျန်းမှုကြောင့် ဒေသထွက် သီးနှံများ ပျက်စီးပျောက်ဆုံးသွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှ စပြီး ပင်လောင်းမြို့ တောင်ဘက်နှင့် နောင်တရားမြို့အနီး ကျေးရွာများတွင် သူခိုးများ သောင်းကျန်းမှုကြောင့် ဒေသခံများ၏ သီးနှံများ ပျောက်ဆုံးမှုရှိလာပြီး...
မူဆယ်မြို့ အမည်မသိလက်နက်ကိုင် ROXY KTV အနား ဗုံး၂လုံးပစ်သွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ ROXY KTV အနား ဗုံး၂လုံးလာပစ်သွား ပြီး တစ်လုံးပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃၀)ရက်နေ့ ညနေ ၇ နာရီခွဲဝန်းကျင်တွင်အမည်မသိနက်လက်ကိုင်တပ်ဖွဲ့ မြို့လမ်းမကြီးရှိ ROXY KTV အနား ဗုံး၂ လုံးလာရောက်ပစ်သွားပြီး တစ်လုံးပေါက်ကွဲခဲ့ကြောင်း မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...






