ပျောက်ဆုံးနေသည့် ရွာငံဘုန်းကြီးတစ်ပါး ယနေ့ထိ မတွေ့သေး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ အုပ်စု တပင်ပျော်ကျေးရွာတွင် ကျောင်းထိုင်သည့် ဘုန်းကြီးတစ်ပါး ပျောက်ဆုံးနေပြီး ယနေ့ အချိန်ထိ အစ အန ရှာမရသေးကြောင်း သတင်းရရှိသည်။

အဆိုပါ ပျောက်ဆုံးနေသော ဘုန်းကြီးသည် အသက် (၆၀) ဝန်းကျင် ရှိ၍ စစ်သားဟောင်း တစ်ဉီးဖြစ်ပြီး တပင်ပျော်ကျေးရွာတွင် ဘုန်းကြီးဝတ်ဖြင့် လာရောက်နေထိုင်သည်မှာ (၆)နှစ်ဝန်းကျင်ရှိကာ ရွာသူ/ရွာသား များနှင့်လည်း အဆင်ပြေမှုမရှိသည့်အပြင် ကျေးရွာများက အဆိုပါ ဘုန်းကြီးကို မကြိုက်ကြကြောင်း သိရသည်။

“အဲဘုန်းကြီးက ဗမာစစ်သားဟောင်းတဲ့။ စစ်သားတွေနဲ့လည်း အဆက်သွယ်လုပ်တယ် သတင်းပေးတာတွေလည်း ရှိမှာပေါ့။ ရွာကလူတွေနဲ့လည်း မတည့်ဘူး။ ဘုန်းကြီးကျောင်းထဲထိ လာဖမ်းသွားတယ် ကြားတယ်။ဘုန်းကြီးကားလည်း လမ်းဘေးမှာ ပျက်စီးနေဟာလည်း တွေ့တယ်ကြားတယ်။” ဟု သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စ၍ အဆိုပါ ဘုန်းကြီးပျောက်ဆုံးသွားခဲ့ပြီး ယနေ့အထိ သတင်း မရသေးပေ။

သို့သော် စစ်ကောင်စီ တပ်သားများကလည်း တပင်ပျော်ကျေးရွာ၊ သဖန်းပင်ကျေးရွာနှင့် ငွေတောင်ကျေးရွာဘက်သို စစ်အင်အား (၅၀)ဝန်းကျင် ဖြင့် နေ့စဉ်နီးပါး လာရောက်စစ်ကြောင်းထိုးနေ ကြောင်း ၎င်းကဆက်ပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီ တပ်သားများသည် ရွာငံမြို့၏ မြောက်ဘက်သို့ စစ်ကြောင်းထိုးချိန်၌ အနီးနားကျေးရွာများမှ ကားများချောဆွဲ ယူဆောင်ခြင်း၊ လမ်းဘေးမုန့်ဆိုင်များထဲမှ စားစရာများနှင့် အရက်ဘီယာ များကိုလည်း သယ်ဆောင်သွားကြကြောင်း ရွာခံများထံမှ သိရသည်။

“သူတို့ စစ်ကြောင်းနဲ့ တွေ့ရင် ယောကျာ်းလေးတွေဆို စစ်ဆေးမေးမြန်းတာတွေ ဖမ်းခေါ်သွားတာတွေလုပ်တယ်။ လမ်းဘေးက ဆိုင်တွေမှာလည်း သူတို့လိုချင်တာ အကုန်ယူတယ်။ အသိတစ်ယောက်ရဲ့ကား ကို ဆီအပြည့်ဖြည့်ခိုင်းပြီး ယူသွားတာ ခုထိ ပြန်မပေးသေးဘူး။ စစ်တပ်က ရက်ခြားပြီး ရွာထဲတွေဝင်နေတာ သူတို့က တောက်လျှောက် စစ်ကြောင်းထိုးနေတာ။” ဟု ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုလက်ရှိ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်သားများမှ နယ်စိုးမိုးထားပြီး ၎င်းတို့၏ စစ်ဆေးရေးဂိတ်တွင်လည်း အစစ်ဆေးတင်းကြပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်ည ၈ နာရီဝန်းကျင်တွင် ရွာငံမြို့မြောက်ဘက် ကျေးရွာသို့ ဈေးဝယ်ရန် ထွက်လာသော ကျောင်းသားနှစ်ဦးသည် စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ကာ ၎င်းကျောင်းသား နှစ်ဦးကို မသင်္ကာဟုဆို၍ ဖမ်းဆီးခေါ်ဆောင်သွားရာ ပြီးခဲ့သည့် ဇူလိုင်လ (၃)ရက်နေ့ မနက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...