မူဆယ်မြို့ ဆရာဝန်အမျိုးသမီးတစ်ဦးကို အမည်မသိအမျိုးသားက ကားဓားပြတိုက်သွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆရာဝန် အမျိုးသမီးတစ်ဦးသည် ဆံပင်ဆိုင်တွင် ခေါင်းလျှော်နေစဉ် အမည်မသိအမျိုးသားတစ်ဉီးက ကားဓားပြတိုက်ယူသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၁ ရက်) နေ့ မနက်ပိုင်း ၁၀နာရီခွဲ ဝန်းကျင်အချိန်တွင် ဆရာဝန် အမျိုးသမီးတစ်ဦးသည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ နှင်းနှင်းဆံပင်ညှပ်ဆိုင်တွင် ခေါင်လျှော်နေစဉ် အမည်မသိအမျိုးသားတစ်ဦးက ကားရွေ့ပေးရန်...
ကလောမြို့ ခမရ (၁၁၂) တပ်တွင်း လေးကောင်ဂျင်ဝိုင်း လူစည်ကား
SHAN -
သျှမ်းပြည်တောင်ပိုင်း ကလောမြို့ပြင်၊ အင်းပြင်ကျေးရွာတွင် တည်ရှိသည့် စစ်ကောင်စီ ၏ခြေမြန်တပ်ရင်း ခမရ (၁၁၂) တပ်တွင်း လေးကောင်ဂျင် လောင်းကစားဝိုင်း ပြုလုပ်နေရာ လောင်းကစားသူများဖြင့် စည်ကားနေသည်ဟု ကိုယ်တိုင် သွားရောက်ခဲ့သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ကလော-တောင်ကြီး ပြည်ထောင်စုလမ်းမ ဘေးတွင် တည်ရှိသည့် ကလောမြို့ အခြေစိုက်...
တာချီလိတ်မြို့ ပြန်ပေးဆွဲမှုနှင့် ပတ်သက်သည့် တရားခံ (၆)ဦးကို အသေပစ်ခတ် ဖမ်းဆီးရမိ
သျှမ်ပြည် တာချီလိတ်မြို့တွင် ပြန်ပေးဆွဲမှု နှင့် ပတ်သတ်၍ တရာခံ ၆ ဦးကို အသေပစ်ခတ်ပြီး ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ( ဒီဇင်ဘာလ ၁၃ ရက် ) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၊ အမှတ် ၂ ကမ္ဘောဇဘဏ်အရှေ့တွင် ငွေလဲလှယ်သည့် လုပ်ငန်းကို...
သျှမ်းတောင်အတွင်း နည်းလမ်းမျိုးစုံသုံးပြီး ငွေလိမ်လည်သူများလာ
SHAN -
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ကိုင်အခွင့်အလမ်း ရှားပါးမှု၊ ဝင်ငွေမရှိမှုတွေကြောင့် သျှမ်းပြည်တောင်ပိုင်းတွင် ငွေလိမ်လည်သည့် လုပ်ငန်းများ ကြီးထွားလာကြောင်း စုံစမ်းသိရသည်။ ထိုငွေလိမ်လည်မှုများသည့် သျှမ်းပြည်တောင်ပိုင်းရှိ ကျေးရွာဒေသခံများကို ပစ်မှတ်ထားပြီး လိမ်လည်နေကြပြီး၊ ငွေလိမ်လည်မှုများလည်းပုံစံမျိုးစံရှိလကြောင်း ရွာငံ ဒေသခံများ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၅)ရက်တွင် ငွေလိမ်လည်သူနှစ်ဦးမှ ရွာငံမြို့နယ်ရှိ ကျေးရွာများသို့...
တရုတ် ဖိအားပေးမှုကြောင့် ကျားဖြန့် ဖမ်းဆီးရာ စစ်ကောင်စီနှင့် ပြည်သူစစ် အပြန်အလှန် ပစ်ခတ်မှုဖြစ်
SHAN -
တရုတ်- မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် တရုတ်အာဏာပိုင်၏ ဖိအားပေးမှုကြောင့် စစ်ကောင်စီနှင် ရဲလက်အောက်ခံတပ်သည် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူကို လိုက်လံ ဖမ်းဆီးနေစဉ် ပြည်သူစစ်နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) နေ့လည် ၃နာရီဝန်းကျင်တွင် ဟိုနားရပ်ကွက် နယ်မြေ(၂) ၊ စိန်စီဟိုတယ်...
တာချီလိတ်မြို့ ငွေလဲလှယ်လုပ်သည့် အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုမှ ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ ( ဒီဇင်ဘာလ ၁၃ ရက် ) မနက် ၆ နာရီဝန်းကျင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၊ အမှတ် ၂ ကမ္ဘောဇဘဏ်အရှေ့တွင်...
နားကောင်းမူးတွင် လောင်းကစားဝိုင်းများ စတင်ပြုလုပ်လာ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးဒေသတွင် လောင်းကစားဝိုင်းများ စတင် ပြုလုပ်ပြီး ခိုးဆိုး၊ လုယက်မှုများ ပိုများလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းရသည်။ ဒီဇင်ဘာလ ၈ ရက် ညတွင် စတင်၍ နားကောင်းမူးဒေသ ရပ်ကွက်(၁) ဘုန်းကြီးကျောင်းအနီးတွင် လောင်းကစားပွဲကို ၁၂ ရက်ကြာအထိ ပြုလုပ်မည် သိရသည်။ ထိုလောင်းကစားဝိုင်စတင်ဖွင့်လှစ်ပြီးနောက်...
“ငွေစက္ကူ အတုကြား ခေါင်းခဲနေရ”
SHAN -
ကျပ် တစ်သောင်းတန် ငွေစက္ကူကို ကိုင်ပြီး အထပ်ထပ်အခါခါ လှန်ပြီး သိသလောက်မှတ်သလောက် ဒေါ်အေးမာ တစ်ယောက် စစ်ဆေးနေသည်။ ဒေါ်အေးမာ သည် တောင်ကြီးမြို့ ကုန်စုံဆိုင်ဖွင့်ထားသည့်သူဖြစ်ပြီး၊ ကျပ်တစ်သောင်းတန်နှင့်ပတ်သက်ပြီး ကံမကောင်းမှု အကြိမ်ကြိမ်ကြုံတွေ့လာရသူတစ်ဉီးဖြစ်သည်။ ဈေးဝယ်သူက ကျပ်ငွေ တစ်သောင်းတန် ပေးလာတိုင်း ဒေါ်အေးမာ တစ်ယောက် အကြိမ်ကြိမ် စစ်ဆေးသည့်ကြား “ငွေတု”...
နမ့်စန်မြို့မဈေးထဲ ဓားပြတိုက်ရန် ကြံရွယ်သူ လိုက်လံဖမ်းဆီးရာတွင် သေနတ်ပစ်ဖောက်မှုဖြစ်ပွား
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် မြို့မဈေးထဲတွင် ဓားပြတုက်ရန် ကြံရွယ်သူ ရဲတပ်ဖွဲ့များက လိုက်လံဖမ်းဆီးရာ၌ သေနတ်ပစ်ဖောက်မှုဖြစ်ပွားပြီး ပြည်သူများအထိတ်တလန့်ဖြစ်ခဲ့ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၇ ရက်)နေ့ နံနက်ပိုင်းအချိန်တွင် မြို့မဈေးထဲတွင် ဓားပြတိုက်ဖို့ ကြံရွယ်သူ (၃) ဦးကို ဈေးထဲရှိ ဒေသခံတစ်ဦးက ရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူကို ဖုန်းဆက် အကြောင်းကြားခဲ့သည်။ ထို့နောက်...
တန့်ယန်းကျားဖြန့်လုပ်ကိုင်သူ အယောက် (၅၀) ဝန်းကျင်ထပ်မံ ဖမ်းဆီးရမိ
SHAN -
သျှမ်းပြည် တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူ(၅၀)ဝန်းကျင်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၂ ရက်) တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ အယောက် (၅၀)ဝန်းကျင်ထဲတွင် တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား အယောက်(၃၀)ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး၊...






