Friday, January 30, 2026

CATEGORY

မှုခင်း

တာချီလိတ်မြို့တွင် ရွံ့နွံများကြောင့် ဆိုင်ကယ်တိမ်းမှောက်၊ အမျိုးသမီးတစ်ဉီးသေဆုံး

မြန်မာ-ထိုင်းနယ်စပ်‌ တာချီလိတ်မြို့တွင် ရေကြီးရေလျှံ ဖြစ်ပွားပြီးနောက် လမ်းပေါ် တင်ကျန်နေသေးသော ရွှံ့နွံများကြောင့် ဆိုင်ကယ်များ လမ်းချော်တိမ်းမှောက်ပြီး နောက်မှအရှိန်ဖြင့် မောင်းလာသည့် ကားမှ ထပ်ဆင့်ဝင်တိုက်ကာ အမျိုးသမီးတစ်ဉီး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ လွယ်စတုံးသွားသည့် လမ်းပေါ်တွင် အမျိုးသမီးနှစ်ဦး...

လဲချားမြို့ စိုက်ပျိုးရေးပစ္စည်းရောင်းသူ နေအိမ်ကို  ဓားပြတိုက်ခံရ

သျှမ်းပြည် လဲချားမြို့ စိုက်ပျိုးရေး ရောင်းဝယ်သည့် မိသားစု နေအိမ်ကို အမည်မသိ လက်နက်ကိုင်အမျိုးသား၅ဦး က ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ကျပ်သိန်း ၂ထောင်ခန့်ပါသွားကြောင်း သတင်းရရှိသည်။   ယမန်နေ့ ( အောက်တိုဘာလ ၃ ရက်) ညနေ ၄ နာရီဝန်းကျင် လဲချားမြို့ ရပ်ကွက် (...

မန်ပန်ပြည်သူ့စစ် ထိန်းချုပ်သည့် လဲချားမြို့နယ်ထဲ ကျားဖြန့်လုပ်ငန်း ရွှေ့လာ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်ထိ ကျားဖြန့် ဟု လူသိများသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများရောက်ရှိနေပြီး ဒေသခံ လူငယ်များကို အလုပ်ခေါ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကျားဖြန့် လုပ်ငန်းသည် လဲချားမြို့ နှင့် ၂၅မိုင်ခန့် ဝေးကွာသည့် မန်ပန်ပြည်သူ့စစ်ထိန်းချုပ်ထားသော မန်ပန်ကျေးရွာအနီးတဝှိက်တွင် တည်ရှိသည်။ ထိုကျားဖြန့် လုပ်ငန်းအတွက်လည်း မန်ပန် ပြည်သူ့စစ်က လုံခြုံရေး...

မူဆယ် တရုတ်ငွေလဲလှယ်သော အမျိုးသားတစ်ဦး သေနက်ပစ် ဓားပြတိုက်ခံရ 

သျှမ်းပြည် မူဆယ်မြို့တွင် တရုတ်ငွေလဲလှယ်သည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် အမျိုးသား ၃ ဦးက ပစ်ခတ်ပြီး ဓားပြတိုက်ကြောင်း သိရသည်။   ယမန်နေ့ (စက်တင်ဘာလ ၃၀ ရက်) နံနက် ၆ နာရီခွဲကျော် မူဆယ်မြို့ ဈေးရပ်ကွက်တွင်နေထိုင်သော အသက်  ၆၀ ကျော် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်...

မူဆယ် ဖမ်းဆီးခံ ကျားဖြန့် ၂၀၀ ကျော်ကို ဥပဒေအရ အရေးယူမည်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ပြီး ဖမ်းဆီးခံရသည့် မြန်မာလူမျိုး ၂၀၀ ကျော်ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရသည်။ (စက်တင်ဘာလ ၂၃ ရက်) မူဆယ်မြို့တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီမှ ဝင်ရောက် ဖမ်းဆီးရာ လူဦးရေ ၆၀၀နီးပါးဖမ်းဆီးမိပြီး ထိုထဲတွင် တရုတ်နိုင်ငံသား...

မူဆယ်မြို့ ကျောင်းသားနှစ်ဦးကို အမည်မသိလက်နက်ကိုင် ဓားပြတိုက်ပြီး ဆိုင်ကယ်လုယက်သွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ကျောင်းသွားရန် ဆိုင်ကယ်မောင်းနှင်နေသည့် ညီအစ်ကို နှစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနက်ဖြင့်ထောက်၍ ဓားပြတိုက်ကာ ဆိုင်ကယ်လုယက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၆ ရက်) နံနက် ၁၁ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်အတွင်း ကျောင်းသွားရန် ဆိုင်ကယ်မောင်းနှင်နေသည့် ညီအစ်ကို ကျောင်းသားနှစ်ဦးကို...

မူဆယ် စစ်ကောင်စီဖမ်း ကျားဖြန့်သမားများ ၂သောင်းဖြင့် ပြန်ရွေးရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသော အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို တရုတ်ယွမ်ငွေ ၂ သောင်းဖြင့် ပြန်လည် ထုတ်ယူရန် ပြောဆိုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်တွင် စစ်ကောင်စီမှ မူဆယ်မြို့တွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ (၅၀၀)ကျော်ကို ဖမ်းဆီးရမိထားပြီး...

ဒုက္ခများနေသည့် ပြည်သူများကို ထပ်မံအမြတ်ထုတ်မည့် အွန်လိုင်းလိမ်လည်မှုများရှိနေ

မြန်မာနိုင်ငံအတွင်း စစ်ဘေး၊ ရေဘေး နှင့် အခက်အခဲပေါင်းစုံကြုံတွေ့နေရသည့် ပြည်သူများကို ထပ်မံ့အမြတ်ထုတ်မည့် အွန်လိုင်းလိမ်လည်မှုများရှိနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ အွန်လိုင်းလိမ်လည်မှုပုံစံသည် အချိန်ပိုင်းလုပ်နိုင်သော ဖုန်း Message များ၊ ကံစမ်းမဲပေါက်သည်ဟုပေးပို့လာသော စာတိုများမှာ ယခုလပိုင်းများအတွင်း အလွန်များပြားလာကြောင်း တောင်ကြီးမြို့ အသက် ၆၀ အရွယ်ရှိ အမျိုးသမီး တစ်ဉီးက...

တရုတ်အစိုးရ ဖိအားကြောင့် စစ်ကောင်စီ က မူဆယ် ကျားဖြန့်များဖမ်းဆီးမှုကြမ်းနေ

သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကိုစစ်ကောင်စီ မှ ဝင်ရောက် ဖမ်းဆီးနေပြီး ပြည်သူစစ်များ နှင့် ပစ်ခတ်မှုဖြစ်ပွားမှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၃ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ နှင့် ၎င်း၏ လက်အောက်ခံ ရဲများက လွိုင်ဆုတောင်၊ (ဆုတောင်းပြည့်)...

မူဆယ်မြို့ အမျိုးသားတစ်ဦး ပြန်ပေးဆွဲ ခံရ

သျှမ်းပြည် မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အမည်မသိလက်နက်ကိုင် အဖွဲ့က အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) နေ့လည် ၁၁ နာရီခွဲ ကျော်တွင် မူဆယ်မြို့ မင်္ဂလာမူဆယ် အိမ်ယာမှာနေထိုင်သည့် အမျိုးသားတစ်ဉီးကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ အမျိုးသား ၃ ဦးက...

Latest news