Tuesday, January 27, 2026

သီပေါ-နမ့်လန်ကားလမ်းဘေး ရေချောင်းထဲ ပလတ်စတစ်ထုပ်ပြီး စွန့်ပစ်ထားသည့် အလောင်းတွေ့

သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးရှိ ရေချောင်းထဲတွင် ပလတ်စတစ်ဖြင့်ထုပ်ပြီး စွန့်ပစ်ခံထားရသည့် အမည်မသိ အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လ (၁) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ်ရှိ နမ့်လန်မြို့နှင့် ၁၃ မိုင်ခန့် ကွာဝေးသည့် မန်လီရွာနှင့် ခိုဟတ်ရွာကြား ရေချောင်းထဲတွင် ပလတ်စတစ် အမည်းရောင်အိတ်ဖြင့် သုံးထပ်ခန့် ထုပ်ပြီး စွန့်ပစ်ခံထားရသည့် အမည်မသိ အမျိုးသား အလောင်းကို ရွာသားများ တွေ့ရှိခဲ့ကြပြီးနောက် မီးသင်္ဂြိုဟ်ပေးလိုက်ကြောင်း ဒေသခံများက ပြောသည်။

“၁ ရက်နေ့ကတွေ့တော့ အလောင်းကို ပလတ်စတစ်နဲ့ ထုပ်ထားတာ သုံးထပ်လောက်ရှိမယ်။ အဲ့တာကို ရွာသားတွေ ဆယ်ပြီး ဖွင့်ကြည့်တော့ သေတာ ၄ ရက်လောက် ရှိမယ့်ပုံပဲ၊ သူ့ကိုယ်မှာလည်း ရိုက်ခံထားရတဲ့ ဒဏ်ရာတွေ့တယ်။ ဘယ်သူလဲ ဘယ်ကလဲ ဆိုတာတော့ မသိရဘူး”ဟု နမ့်လန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပိုင်ရှင်မဲ့ အလောင်းတွေ့ရှိသည့် နေရာသည် သီပေါ-နမ့်လန် ကားလမ်းမကြီးနှင့် သိပ်မဝေးဘဲ ဒေသခံများမှ မိဘဆွေမျိုးများကို ရှာဖွေဆက်သွယ်လျက်ရှိပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကိုလည်း အကြောင်းကြားထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်တွင်လည်း သီပေါမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် နားမခေါ်ကျေးရွာ အနောက်ဘက်ခြမ်းတွင် အမည်၊ နေရပ် မသိရသည့် အသက် ၁၄ နှစ်မှ ၁၈ နှစ်ကြားအရွယ် မိန်းကလေးငယ် (၃) ဦးသည် အဝတ်အစား မပါဘဲ အသတ်ခံထားရပြီး အလောင်းစွန့်ပစ်ခံထားရသည့် အနေအထားဖြင့် မြင်တွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အခြားတစ်ဘက်တွင် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းနေရာဟောင်း ခလရ-(၂၃) ထဲသို့ ယနေ့ (ဩဂုတ်လ ၃ ရက်) နေ့လယ် ၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး ၄ လုံး ကြဲချခဲ့ပြီး ပြည်သူထိခိုက်မှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...

တောင်ကြီးမြို့ ပျောက်ဆုံး အထက်တန်းကျောင်းသား အလောင်း ပြန်တွေ့၊ ဒေသခံများ တုန်လှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သွားရာက ၆ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အထက်တန်း ကျောင်းသား ရုပ်အလောင်းသာ ပြန်တွေ့၍ တုန်လှုပ်ရကြောင်း မြို့ခံများက ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ၊ အထက (၄) တွင် Grade...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...
Hsipaw Bridge Closed

သီပေါတံတား တစ်လကျော်ပိတ်ထားသော်လည်း စစ်တပ်လာဘ်ယူပြီး ကုန်ကားအချို့ ညအချိန် ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA တို့ တစ်လကျော်ကြာ ပိတ်ဆို့ထားသော်လည်း ကုန်ကားအချို့ထံ လာဘ်ငွေတောင်းယူပြီး ညအချိန် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ စစ်ရေးတင်းမာမှုကြောင့်...