သီပေါ-နမ့်လန်ကားလမ်းဘေး ရေချောင်းထဲ ပလတ်စတစ်ထုပ်ပြီး စွန့်ပစ်ထားသည့် အလောင်းတွေ့

သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးရှိ ရေချောင်းထဲတွင် ပလတ်စတစ်ဖြင့်ထုပ်ပြီး စွန့်ပစ်ခံထားရသည့် အမည်မသိ အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လ (၁) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ်ရှိ နမ့်လန်မြို့နှင့် ၁၃ မိုင်ခန့် ကွာဝေးသည့် မန်လီရွာနှင့် ခိုဟတ်ရွာကြား ရေချောင်းထဲတွင် ပလတ်စတစ် အမည်းရောင်အိတ်ဖြင့် သုံးထပ်ခန့် ထုပ်ပြီး စွန့်ပစ်ခံထားရသည့် အမည်မသိ အမျိုးသား အလောင်းကို ရွာသားများ တွေ့ရှိခဲ့ကြပြီးနောက် မီးသင်္ဂြိုဟ်ပေးလိုက်ကြောင်း ဒေသခံများက ပြောသည်။

“၁ ရက်နေ့ကတွေ့တော့ အလောင်းကို ပလတ်စတစ်နဲ့ ထုပ်ထားတာ သုံးထပ်လောက်ရှိမယ်။ အဲ့တာကို ရွာသားတွေ ဆယ်ပြီး ဖွင့်ကြည့်တော့ သေတာ ၄ ရက်လောက် ရှိမယ့်ပုံပဲ၊ သူ့ကိုယ်မှာလည်း ရိုက်ခံထားရတဲ့ ဒဏ်ရာတွေ့တယ်။ ဘယ်သူလဲ ဘယ်ကလဲ ဆိုတာတော့ မသိရဘူး”ဟု နမ့်လန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပိုင်ရှင်မဲ့ အလောင်းတွေ့ရှိသည့် နေရာသည် သီပေါ-နမ့်လန် ကားလမ်းမကြီးနှင့် သိပ်မဝေးဘဲ ဒေသခံများမှ မိဘဆွေမျိုးများကို ရှာဖွေဆက်သွယ်လျက်ရှိပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကိုလည်း အကြောင်းကြားထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်တွင်လည်း သီပေါမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် နားမခေါ်ကျေးရွာ အနောက်ဘက်ခြမ်းတွင် အမည်၊ နေရပ် မသိရသည့် အသက် ၁၄ နှစ်မှ ၁၈ နှစ်ကြားအရွယ် မိန်းကလေးငယ် (၃) ဦးသည် အဝတ်အစား မပါဘဲ အသတ်ခံထားရပြီး အလောင်းစွန့်ပစ်ခံထားရသည့် အနေအထားဖြင့် မြင်တွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အခြားတစ်ဘက်တွင် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းနေရာဟောင်း ခလရ-(၂၃) ထဲသို့ ယနေ့ (ဩဂုတ်လ ၃ ရက်) နေ့လယ် ၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး ၄ လုံး ကြဲချခဲ့ပြီး ပြည်သူထိခိုက်မှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

သီပေါဒေသခံတစ်ဦးကို အသက်သေဆုံးသည်အထိ MNDAA စစ်ဆေးရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စုတွင် ဒေသခံအမျိုးသားတစ်ဦးအား ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားများမှ သေဆုံးသည်အထိ စစ်ဆေးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂၉) ရက် ည(၈)နာရီခန့်တွင် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ပန်မြိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၆၃) နှစ်အရွယ် လုံးပန်သည် တောင်ယာတဲ အိပ်စောင့်ရန်...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...