TNLA ထိန်းချုပ် ကျောက်မဲမြို့ အသက် (၆) နှစ်အရွယ် ကလေးတစ်ဉီး သတ်ခံရ၊ တရာခံ လွတ်မြောက်နေဆဲ

သျှမ်းပြည် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်တွင် အသက် (၆) နှစ်အရွယ်ရှိယောင်္ကျားလေးတစ်ဉီး သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ် ၉ ရက် ညနေပိုင်းတွင် အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးကို အိမ်နီးနားချင်းမှ အမျိုးသားတစ်ဦးက ခေါ်ဆောင်သွားပြီး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ရုတ်တရက် ပျောက်ဆုံးသွားပြီးနောက် သြဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ကလေးငယ်၏ ရုပ်အလောင်းကို နေအိမ်နှင့် ၁၀ မိနစ်ခန့် လမ်းလျှောက်သွားရသော အင်ကြင်းတောင် နတ်စဉ်အနီးရှိ ခြုံပုတ်တစ်ခုထဲတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း အလောင်းကို သွားရောက်သယ်ယူခဲ့သည့် နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကလေးအဖေက အပြင်မှာ အလုပ်သွားလုပ်တဲ့အချိန်၊ အမေနဲ့ပဲ အိမ်မှာကျန်ခဲ့တာ။ ဒေသခံတွေပြောပြ တာကတော့ အိမ်နီးနားချင်းတစ်ယောက်က ခေါ်သွားတယ်။ ကလေးခေါ်သွားပြီး ရုတ်တရက် ပျောက်သွားတာ၊ နောက်နေ့နံနက်မှ အလောင်း ပြန်တွေ့တာ” ဟု နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦး ပြောသည်။

ကျောက်မဲမြို့ အသက် ၆နှစ်အရွယ်ကလေးအသက်ခံရသည့် အလောင်းကို သွားသယ်နေစဉ်

စစ်ဆေးတွေ့ရှိချက်များအရ ကလေးငယ်၏ လည်ပင်းတွင် လက်ဖြင့်ညစ်ထားသော ဒဏ်ရာဒဏ်ချက်များ တွေ့ရှိရသဖြင့် ကလေးငယ်ကို လက်ပင်းညစ်ပြီး သတ်ထားခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ကလေးငယ်ကို ခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့သည့် တရာခံဟု ယူဆသူသည် မူးယစ်ဆေးဝါးသု့းစွဲပြီး ဆေးကြောင့်နေသူတစ်ဦး ဖြစ်ပြီး ကျောက်မဲမြို့နယ် ခဲမွန်ရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

“အခုနောက်ပိုင်း ကျောက်မဲမှာ ဆေးကြောင်တဲ့သူတွေ အရမ်းများလာတယ်။ တရားဥပဒေစိုးမိုးမှုလည်း မရှိဘူး၊ လူ့အခွင့်အရေးလည်း မရှိဘူး၊ ဖြစ်နိုင်ရင်တော့ သတိထား သွားလာနေချင်ပါတယ်။ အခုအခြေအနေမှာ ဥပဒေအရ အကာအကွယ် မရှိတဲ့အတွက် ကိုယ်ဖြစ်ရင်ကိုယ်ခံရမှာမို့ သတိကြီးကြီးထားပြီး သွားလာစေချင်တယ်” ဟု နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်တွင်လည်း တာချီလိတ်မြို့ ဝမ်ဟောင်ရွပ်ကွက်မှ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အိမ်နီးနားချင်းဖြစ်သူ သူရိန်ထွန်းက မုန့်ဝယ်ကျွေးမည်ဟုဆိုကာ သွေးဆောင်ဖြားယောင်း ခေါ်ဆောင်သွားပြီး အဓမ္မ ဒုဒိမ်းကျင့်ခဲ့ပြီး သတ်ဖြတ်ခဲ့သည်။

အဆိုပါ မိန်းကလေးငယ်၏ အလောင်းကို သြဂုတ် ၄ ရက်နေ့တွင် တာချီလိတ်မြို့ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု မမ့်လွတ်အာခါကျေးရွာအနီးရှိ မယ်ဟုတ်ချောင်းထဲတွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...