မူဆယ် ကျင်စန်းကျော့နယ်စပ်ဂိတ်မှတဆင့် ကျားဖြန့်တရုတ်များကို FDMR မီးနဂါးတပ် လွှဲပေး

သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်များ ပူးတွဲထိန်းချုပ်ထားသည့် ကျင်စန်းကျော့နယ်စပ်ဂိတ်မှတဆင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို FDMR မီးနဂါးတပ်တော်မှ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဩဂုတ်လ ၆ ရက်) နံနက်ပိုင်းတွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးတွဲထိန်းချုပ်ထားသည့် ကျင်စန်းကျော့ နယ်စပ်ဂိတ်မှတဆင့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁၁) ဦးတို့ကို အာရက္ခတပ်တော် (AA) လက်အောက်ရှိ FDMR မီးနဂါးတပ်တော်မှ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က တရုတ်ဘက်ကို (၁၀) ယောက်ကျော် လွှဲလိုက်တာ ဟုတ်တယ်။ မီးနဂါးတပ်က သူတို့ကို ဖမ်းထားတာတော့ ၁၀ ရက်ကျော်လောက် ရှိပြီ၊ အခု ဟိုဘက်ကို လွှဲပေးတာက အကုန်လုံး မဟုတ်လောက်သေးဘူး ကျန်ဦးမယ်”ဟု ကျင်စန်းကျော့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို အာရက္ခတပ်တော် (AA) လက်အောက်ခံ FDMR မီးနဂါးတပ်တော်မှ သျှမ်းပြည်မြောက်ပိုင်း တောတွင်းတစ်နေရာတွင် ကင်းလှည့်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၈) ရက်ကလည်း မူဆယ်မြို့နှင့် (၇) မိုင်ခန့်သာ ကွာဝေးသည့် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ညီနောင်မဟာမိတ်တပ်များမှ ယခင် အစားအသောက်နှင့် ဆေးဝါးထိန်းချုပ်ရေးဌာန (FDA) ရုံးတွင် (၆၂) ကုတင်ဆံ့ မိုင်းယုပြည်သူ့ဆေးရုံအဖြစ် ဖွင့်လှစ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – FDMR မီးနဂါးတပ်တော်မှ ကျားဖြန့်တရုတ်များကို ကျင်စန်းကျော့နယ်စပ်ဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးစဉ် (ဓာတ်ပုံ – ဒေသခံ)

တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် အရေးပါ‌သော ဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်နှင့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း စတင်ကတည်းက ညီနောင်မဟာမိတ်တပ်များ ပူးတွဲထိန်းချုပ်ထားသည်။

အဆိုပါ ကျင်စန်းကျော့နယ်စပ်ဂိတ်တွင် ကုန်ကားအဝင်အထွက် များပြားခြင်းကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ အကောက်ခွန်ဌာနမှ ကုန်သွယ်ခွန် ပေးဆောင်သည့် စနစ်နှင့် ယာဉ်မှတ်ပုံတင်စနစ်တို့ကို အွန်လိုင်းစနစ်ဖြစ် ဇူလိုင်လအတွင်းက စတင်ဆောင်ရွက်နေကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

အခြားတစ်ဘက်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့အတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၂၆၀) နီးပါးကို ဇူလိုင်လ (၃၁) ရက်တွင် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီဘက်မှ ဩဂုတ်လ (၃) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါး

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...