မူဆယ်မြို့ စစ်ကောင်စီက ကျားဖြန့်လုပ်သူများကို ဖမ်းဆီးမှု ပြန်လုပ်လာ

သျှမ်းပြည် မူဆယ်မြို့တွင် ယခုရက်ပိုင်း  အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့်  တရုတ်နိုင်ငံသားအပါအဝင် လူဦးရေ ၂၀၀ ဝန်းကျင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ 

တရုတ်ဖိအားမှုကြောင့် မူဆယ်မြို့ကို စစ်ကောင်စီတပ်သားများက ယခုရက်တစ်ပတ်အတွင်း  စွမ်းစော်ရပ်ကွက်၊  ကောင်းမှုတုံ ရပ်ကွက်၊ ၄၅ ကုန်း ရပ်ကွက် စသည့်ရပ်ကွက်ထဲရှိ အွန်လိုင်းကျားဖြန့် လုပ်ကိုင်နေသည့်နေအိမ်များကို ဝင်ရောက်စီးနင်းခဲ့သည်။ 

ထို့ကြောင့် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အပါအဝင် မြန်မာနိုင်ငံသား  ၂၀၀ ဝန်းကျင် ဖမ်းဆီး ထိန်းသိမ်းခံထားရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီက အရင်တုန်က လိုက်ဖမ်းရင်၊ ပြည်သူ့စစ်တွေ နဲ့ ရဲတွေ ပါတယ်။ ဒါမဲ့အခုက စစ်ကောင်စီ တပ်သားတွေကပဲဖမ်းနေတာ။ လက်ရှိမှာ ဖမ်းခံရတဲ့လူတွေကို အချုပ်ထဲမှာ ထိန်းသိမ်းထားတုန်း။ ဖမ်းခံရတာ ၂၀၀ ဝန်ကျင်လောက်ရှိမယ်။ တရုတ်နိုင်ငံသား ဘယ်နယောက်လဲ ဆိုတာမသိရသေးဘူး”ဟု မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ  ဖမ်းဆီးထိန်းသိမ်းထားသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်သားများကို တရုတ်ယွမ်ငွေ ၄ သောင်းမှ ၇ သောင်းအထိ ပေးပြီး ပြန်ရွေးရကြောင်း၊ ငွေမပေးနိုင်သည့် အချို့သော သူများကို  မူဆယ်ခရိုင်တရားရုံး တွင် တရားစွဲဆိုချက်များတင်ထားကြောင်း ၎င်းကပြောသည်။ 

“အဲ့ကျားဖြန့်လုပ်တဲ့လူတွေကို တရားဆွဲဆိုခွင့်ပြုမိန့်ကို ခရိုင်ရုံးတင်ထားတယ်။ အမိန့်ကျပြီလား မကျသေးဘူးလားတော့ မသိဘူး။တရားစွဲတာက ဘာအမှုဘာပုဒ်မနဲ့ ဆွဲမလဲဆိုတော့ မသိရသေးဘူး။ မြန်မာနိုင်သားကော တရုတ်နိုင်ငံသာကောပါတယ်”ဟု မူဆယ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်တွင် မူဆယ်မြို့ ဖူလီလိုက်အပေါ်ဘက်ရှိ ကျားဖြန့်လုပ်ငန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်းရောက် ဖမ်းဆီးခဲ့သေးသည်။​

ထို့ပြင် ယမန်နေ့ (ဇူလိုင်လ ၁၇) ရက်တွင်လည်း မူဆယ်မြို့ ၊ မူဆယ် လမ်းသွယ် ၉ လမ်းမကြီး၏ ကုန်းဆင်းက အနီးတဝိုက်ရှိ အဆောက်အဦးတစ်ခုကို စစ်‌ကောင်စီက ဝင်ရောက် စီးနင်းခဲ့ကြောင်း ဖမ်းဆီးမှုပြုလုပ်ခဲ့သည်။ 

မူဆယ်မြို့သည် မြန်မာ-တရုတ်နယ်စပ်ဒေသဖြစ်သကဲ့သို့ စစ်ရေးပဋိပက္ခ မဖြစ်ပွားသည့်ဒေသဖြစ်ပြီး၊ လက်ရှိအချိန်ထိ စစ်ကောင်စီ ၏လက်အောက်ခံ ဌာနများ လည်ပတ်နေဆဲမြို့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ အမျိုးသမီးတဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ် တစ်အိမ်အတွင်း ဝင်ရောက်ကာ အိမ်ရှင်အမျိုးသမီးတစ်ဦးကို ရိုက်နှက်ကာ ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ စွန်စော်ရပ်ကွက်တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ကာ...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...