မူဆယ်မြို့ပေါ် ကျားဖြန့်လုပ်ကိုင်သူများကိုစစ်ကောင်စီက နေအိမ်ထိ လိုက်လံရှာဖွေ ဖမ်းဆီးနေ

စစ်ကောင်စီ လက်‌အောက်ခံ ပြည်သူ့စစ်အဖွဲ့များ လုံခြုံရေးယူထားသော တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်း လုပ်ကိုင်သူများကို စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့က တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇူလိုင် ၂၈ ရက်) မှစ၍ မူဆယ်မြို့ပေါ် ရှိ ရပ်ကွက်များအနက် ရပ်ကွက် ၉ ခုတွင် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်း လုပ်ကိုင်သူများ ရှိ၊ မရှိ စစ်ကောင်နှင့် ရဲတပ်ဖွဲ့တို့က တစ်အိမ်တက်ပြီး တစ်အိမ်ဆင်းကာ လိုက်လံစစ်ဆေး ရှာဖွေဖမ်းဆီးနေကြောင်းမူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မူဆယ်မြို့ပေါ်က ရပ်ကွက်တွေမှာ စစ်သားနဲ့ ရဲတွေကတစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ လိုက်စစ်နေတာ။ သူတို့က ဖုန်းထဲကနေကြည့်ပြီရှာတာ။ အဲ့ကြောင့် တစ်အိမ်ဝင်၊ တစ်အိမ်ထွက်ပြီးလိုက်ရှာနေတာ။ အိမ်ငှားတွေ ဟုတ်မဟုတ်မေးပြီးတော့ လည်းစစ်တယ်။ သိပ်မယုံသင်္ကာတဲ့ အိမ်တွေကိုလည်း လိုက်စစ်တယ်” ဟု ၎င်းကပြောသည်။

လူအင်အား ၂၀ ဝန်းကျင်ဖြင့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့သည် ငှားရမ်းခန်းများအပြင် ပြည်သူနေအိမ်အတွင်းရှိ အခန်းအားလုံးကို ဝင်ရောက်စစ်ဆေးနေသောကြောင့် စိုးရိမ်ကြောက်လန့်နေရကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးကဆက်ပြောသည်။

“ရဲကားပါတယ်၊ စစ်ကားပါတယ်။ လူက အယောက် ၂၀ ဝန်းကျင် လောက်ဝင်တာ။ အိမ်ထဲကအခန်းတိုင်း ကိုဖွင့်ပေးရတယ်။ အိပ်ခန်းတွေလည်း ဖွင့်ပေးရတယ်။ အိမ်နှစ်ထပ်တွေ သုံးထပ်တွေလည်း စစ်တယ်။ အဲ့လိုလိုက်ဝင်စစ်ဆေးနေလို့ ပြည်သူတွေနိုးကြား ကြောက်လန့်နေကြတာ။”ဟု ၎င်းကဆိုသည်။

သို့သော် မူဆယ်မြို့ပေါ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်း လုပ်ကိုင်သူများသည် စစ်ကောင်စီ လက်အောက်ခံ ပြည်သူစစ်များနှင့် မကင်းကြောင်း ဒေသခံများက ပြောကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်အတွင်းတွင်လည်း တရုတ်ဖိအားကြောင့် မူဆယ်မြို့ပေါ်ရှိ စွမ်းစော်ရပ်ကွက်၊ ကောင်းမှုတုံ ရပ်ကွက်၊ ၄၅ ကုန်း ရပ်ကွက်စသည့်ရပ်ကွက်ထဲရှိ အွန်လိုင်းကျားဖြန့် လုပ်ကိုင်နေသည့်နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့သည်။

မူဆယ်မြို့သည် မြန်မာ-တရုတ်နယ်စပ်ဒေသဖြစ်သကဲ့သို့ စစ်ရေးပဋိပက္ခ မဖြစ်ပွားသည့်ဒေသဖြစ်ပြီး၊ လက်ရှိအချိန်ထိ စစ်ကောင်စီ၏ လက်အောက်ခံ ဌာနများ လည်ပတ်နေဆဲမြို့ဖြစ်သည်။

မူဆယ်မြို့၏ ဘေးပတ်ပတ်လည်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေသကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များဖြစ်သည့် ကောင်းခါးပြည်သူ့စစ်၊ မြို့မပြည်သူ့စစ်၊ ပန်းဆေးပြည်သူ့စစ်၊ လုံထန်ပြည်သူ့စစ်၊ ပိန်းဆာပြည်သူ့စစ်၊ မန်ဂျယ် ပြည်သူ့စစ်၊ စိန်ကျော့ပြည်သူ့စစ်၊ မန်ပြိန်း ပြည်သူ့စစ်၊ ရှောက်ဟော်ပြည်သူ့စစ်၊ တာမိုးညဲ ပြည်သူ့စစ်၊ မုံးပေါ် ပြည်သူ့စစ် စသည့် ပြည့်သူ့စစ် အဖွဲ့ပေါင်း ၁၅ဖွဲ့ထက်မနည်းလှုပ်ရှားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...