တာချီလိတ်မြို့ ရွှေဆိုင်ပိုင်ရှင် အားချန်ကို မူးယစ်ရာဇာအဖြစ် ထိုင်းရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ်

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရွှေဆိုင်များအပါအဝင် စီးပွားရေးလုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားသည့် ကြီးမြတ်သောရွှေမြင်း ရွှေဆိုင်လုပ်ငန်းရှင် အားချန် (ခ) စီမာဘင် ကို မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်းထုတ်ပြီး ရှာဖွေနေကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးဘုတ်အဖွဲ့ (Office Of the Narcotics Control Board – ONCB) က ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ရှိ အားချန် (ခ) စီမာဘင်၏ နေအိမ် (၂) လုံး၊ မြေကွက် (၂) ကွက်၊ ကား (၁) စီးနှင့် နာရီ (၁) လုံး စုစုပေါင်း ဘတ် ၁၅ ဒဿမ ၁ သန်း တန်ဖိုးရှိ ပိုင်ဆိုင်မှုများကိုလည်း ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းထားကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဘန်ကောက်မြို့မှ သံသယရှိသူ ၈ ဦးကို သက်သေအဖြစ် မက်သာဖက်တမင်း ဆေးပြား သုံးသန်းခန့်ဖြင့် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အား စစ်ဆေးမှုများအရ ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအား ထိန်းချုပ်သူမှာ တာချီလိတ်မြို့ရှိ လုပ်ငန်းရှင် မစ္စတာအားချန် (ခ) စီမာဘင် ဖြစ်ကြောင်း ယမန်နေ့ ဇွန်လ ၁၈ ရက်၌ ထိုင်းနိုင်ငံ ချင်းရိုင်းမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တာချီလိတ်မြို့ရှိ ရွှေဆိုင်လုပ်ငန်းရှင် မစ္စတာအားချန် (ခ) စီမာဘင်သည် တာချီလိတ်ခရိုင်၊ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်တို့မှ မူးယစ်ဆေးဝါးများ ခိုးသွင်းကာ ထိုင်းနိုင်ငံအနှံ့အပြား အပါအဝင် ပြည်နိုင်ငံများသို့ မူးယစ်းဆေးဝါး ဖြန့်ဖြူးနေသူ ဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် မစ္စတာအားချန် (ခ) စီမာဘင်ကို သက်သေများနှင့်တကွ ချင်းရိုင်းခရိုင် တရားရုံးမှ မေလ ၃၀ ရက်စွဲဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းရဲအရာရှိများက ပြောသည်။

ထိုင်းရဲတပ်ဖွဲ့ အလိုရှိနေသည့် မစ္စတာအားချန် (ခ) စီမာဘင်သည် မြန်မာဘက်ခြမ်း တာချီလိတ်မြို့၌ ပုန်းအောင်းနေသဖြင့် မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်းလုပ်ဆောင်သွားရန် စီစဉ်နေကြောင်းလည်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...