ကျားဖြန့်လုပ်ငန်းနှင့် လက်နက်ရောင်းဝယ်မှုတို့ကို မပတ်သက်ရန် SSPP အမိန့်စာထပ်ထုတ်

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းနှင့် လက်နက်ရောင်းဝယ်မှုတို့ကို မပတ်သက်ရန် အောက်ခြေတပ်သားများကို အမိန့်စာ ထပ်မံထုတ်ပြန်လိုက်သည်။

ယနေ့ (ဇွန်လ ၁၀ ရက်) နေ့စွဲဖြင့် ထုတ်ပြန်လာသည့် အမိန့်စာတွင် SSPP ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းနှင့် သိုလှောင်ခြင်း မပြုလုပ်ရန်၊ လက်နက်ခဲယမ်းများ ခိုးကြောင်ခိုးဝှက် ရောင်းဝယ်ခြင်းကို လုံးဝ မပြုလုပ်ရန် ပါရှိသည်။

ထို့အပြင် အွန်လိုင်းကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းနှင့် ကျားဖြန့်လုပ်ကိုင်သူများကို လက်ခံထားပြီး သယ်ယူပို့ဆောင်ပေးခြင်းတို့ မပြုလုပ်ရန် သျှမ်းဘာသာဖြင့် ထုတ်ပြန်သည့် အမိန့်စာတွင် အချက် (၃) ချက်ကို တားမြစ်ထားသည်။

ယခင်က ထုတ်ပြန်ခဲ့ဖူးသည့် ကျားဖြန့်လုပ်ငန်းနှင့် မပတ်သက်ရန် အမိန့်စာကို မလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်၍ SSPP ထိန်းချုပ်နယ်မြေအတွင်း နေရာအချို့တွင် ၎င်းလုပ်ငန်းများကို လျှို့ဝှက်လုပ်ကိုင်နေသူများ ရှိခြင်းကြောင့် ယခု အမိန့်စာကို ထပ်မံထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဆိုထားသည်။

ယခုထပ်မံထုတ်ပြန်သည့် အမိန့်စာကို မလိုက်နာဘဲ ကျားဖြန့်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေပါက အရေးယူခံရမည့်အပြင် စစ်ကောင်စီနှင့် တရုတ်အစိုးရမှ ကျားဖြန့်လုပ်ငန်းနှင့် ဆက်နွှယ်သူများကို တောင်းဆိုလာသည့် အခြေအနေထိ ရောက်ရှိလာလျှင် SSPP/SSA မှ ဖမ်းဆီးပြီး အပ်နှံပေးသွားမည်ဖြစ်ကြောင်း အမိန့်စာတွင် ရေးသားထားသည်။

SSPP/SSA အနေဖြင့် ၎င်းထိန်းချုပ်နယ်မြေအတွင်းရှိ ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်၍ ၂၀၂၅ မတ်လနှင့် မေလတို့တွင် အမိန့်စာ နှစ်ကြိမ်ထုတ်ပြန်ခဲ့ဖူးပြီး ယခုတစ်ကြိမ်ဆိုလျှင် သုံးကြိမ်မြောက် ဖြစ်သည်။

SSPP/SSA အုပ်ချုပ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းအား အဖွဲ့လိုက်ဖြစ်စေ၊တဦးချင်းဖြစ်စေ လက်ခံထားခြင်းမပြုရန် တပ်ဖွဲ့တာဝန်ရှိသူအဆင့်ဆင့်နှင့် ပြည်သူများအား ၂၀၂၄ မေလ ၁၃ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်သည့်အတွက် ပါဝင်ပတ်သက်ကြောင်းသိရှိရပါက ထိရောက်စွာဖမ်းဆီးအရေး ယူမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်တွင် မိုင်းရှူးမြို့နယ်နှင့် မိုင်းနောင်မြို့နယ်ကြားရှိ တောတွင်းတစ်နေရာတွင် တရားမဝင် ကျားဖြန့်ငွေလိမ်ဂိုဏ်း အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို SSPP မှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...