Wednesday, January 28, 2026

ရွာငံတွင် PSFအဖွဲ့ တာဝန်ခံ ဗိုလ်မီးခဲ လုပ်ကြံခံရ

ပြည်သူသားများအဖွဲ့ (PSF) တာဝန်ခံ ဗိုလ်မီးခဲ လုပ်ကြံခံရ၍ သေဆုံးသွားခဲ့ရကြောင်းနှင့် များစွာစိတ်မကောင်းဖြစ်ရကြောင့် ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA)က ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် ဇွန်လ (၇)ရက်နေ့တွင် ရွာငံမြို့နယ် တစ်နေရာ၌ နေမကောင်းဖြစ်နေသော ရဲဘော်တစ်ဦးကို ဗိုလ်မီးခဲမှ သွားကြိုစဉ် လမ်းတစ်နေရာတွင် ဓားနှင့်ထိုးကာ လုပ်ကြံခံခဲ့ရကြောင်း ဖြစ်စဉ်သိရှိသူ ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက နေမကောင်းတဲ့ ရဲဘော်တစ်ယောက်ကို သွားကြိုရင်း လုပ်ကြံခံရတာ။ဘယ်သူလုပ်ကြံတယ်ဆိုတာတော့ မသိသေးဘူး။” ဟု အဆိုပါ ရဲဘော်တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ဗိုလ်မီးခဲ လုပ်ကြံခံရသောကြောင့် များစွာ စိတ်မကောင်း ဖြစ်ရပြီး နှမြောမိကြောင်း နှင့် လုပ်ကြံသည့် တရားခံကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ပေးစေ လိုကြောင်း ၎င်းက ပြောသည်။

“ကျနော်ကတော့ နှမြောမိတယ်။ သူ့လိုခေါင်းဆောင်က ရှားတယ်။ ဘယ်သူလုပ်ကြံလဲ ဆိုတာ အဖွဲ့တွေက ရှာဖွေ ဖော်ထုတ်ပေးစေချင်တယ်။”ဟု ဆိုသည်။

ဗိုလ်မီးခဲသည် PSF ၏တာဝန်ခံတစ်ဦးဖြစ်ပြီး ရွာငံမြို့နယ်အတွင်း PSFအဖွဲ့သားများနှင့် အတူ တိုက်ပွဲဖော်ဆောင်နေသူ ဖြစ်သည်ဟု သိရသည်။

PSFအဖွဲ့သည် DSNDAမှ အမှတ် စဉ် (၁) သင်တန်းဆင်း ပြီး စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည်ဟု လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

ရွာငံ စစ်ဘေးရှောင် တစ်ထောင် ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀...

ရွာငံနှင့် ပင်းတယ ဒေသခံများကို စစ်ကော်မရှင်တပ်က အလှည့်ကျ ကင်းစောင့်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် အတွင်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ်သားများ ဝင်ရောက်တပ်စွဲထားပြီး ဒေသခံများကို အလှည့်ကျ ကင်းစောင့်ခိုင်းထားကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ရွာငံမြို့နယ် လင်းဝေးကျေးရွာအုပ်စု၊ တပင်ပျော်ကျေးရွာအုပ်စု၊ ကျောက်ငှက်ကျေးရွာအုပ်စုနှင့် ကျန်တောကျေးရွာအုပ်စုတို့တွင် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တပ်စွဲထားပြီး ဒေသခံများကို ကင်းတဲ လိုက်လံဆောက်ခိုင်းသည့်အပြင် အလှည့်ကျ...

ရွာငံတွင် ပျူစောထီးခေါင်းဆောင်နှင့် ၎င်းလက်အောက်ခံ အမျိုးသားတစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာတွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးခေါင်းဆောင်နှင့် ၎င်းလက်အောက်ငယ်သား အမျိုးသားတစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ နိုဝင်ဘာလ ၂၉ ရက်တွင် ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာ၌ နေထိုင်သည့် အသက် ၆၀ ဝန်းကျင် ပျူစောထီးခေါင်းဆောင် ဦးဝင်းမြင့်နှင့် ၎င်း၏လက်အောက်ငယ်သား အမျိုးသားတစ်ဦးတို့ လိုက်ပါစီးနင်းလာသည့် အိမ်စီးကားကို...

ရွာငံမြို့နယ်တွင် အမျိုးသားတစ်ဉီး ဒလန်ဟု စွပ်စွဲခံရပြီး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြိုင်ကျေးရွာတွင် အမျိုးသားတစ်ဉီးကို ဒလန်ဟုဆိုကာ အမည်မသိ လက်နက်ကိုင်မှ ဓားဖြင့်ထိုးသတ်ခဲ့ကြောင်းသတင်းရရှိသည်။