Thursday, May 2, 2024

CATEGORY

Covid-19

ကျောက်မဲစစ်ရှောင် ကိုဗစ်ကူးစက်ခံရမှု မြင့်တက်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ရှောင်ပြည်သူများ ကိုဗစ်ကူးစက်ခံရမှု မြင့်တက်နေကြောင်း သိရသည်။ ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်းနှင့် နမ့်စော့စစ်ရှောင်စခန်းတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့က ကိုဗစ်ပိုး ကူးစက်ခံရသူ (၃၄)ဦးထိ တွေ့ရှိခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “မနေ့က (၂၄)ယောက်ထိ ကိုဗစ်ပိုး တွေ့ခဲ့တယ်၊ နေမကောင်းတာလည်း မရှိဘူး၊ ချောင်းဆိုးတာလည်းမရှိဘူး၊...

သွားလာခွင့်ပြုပြီးနောက် နမ့်ခမ်းမြို့နယ်အတွင်းကိုဗစ် -၁၉ ကူးစက်မှု ပြန်လည်မြင့်တက်လာ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် Lock Down  ပြန်ဖြည်ပြီး သွားလာခွင့်ပြုလိုက်သည့်နောက်ပိုင်း ကိုဗစ် -၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာပြီး သေဆုံးမှုလည်း ဆက်ရှိလာကြောင်း သတင်းရရှိသည်။ နမ့်ခမ်းမြို့ပေါ် ရပ်ကွက်သူ/သားများ နှင့် ကျေးရွာလူထုအပါဝင် သံသယလူနာ ၇၃ ဦးအား ကိုဗစ် - ၁၉ ပိုးရှိ/ မရှိ...

ကျိုင်းတုံတွင် ကိုဗစ်စည်းကမ်းလိုက်နာမှု အားနည်း ကူစက်မှုမြင့်တက်နေ

သျှမ်းရှေ့ ကျိုင်းတုံမြို့နယ်တွင် ဒေသခံများ ကိုဗစ်စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ကိုဗစ်ကူးစက်မှုမြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။ ကျိုင်းတုံတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၈)ရက် ယမန်နေ့က ကိုဗစ်ကူးစက်ခံရသူ (၈၁)ဦးထိ တွေ့ရှိခဲ့တာဖြစ်ပြီး ကူးစက်ခံရသူ မြင့်တက်နေဆဲဖြစ်ကြောင်း၊ ထို့အပြင် စည်းကမ်းလိုက်နာမှုများ အားနည်းနေကြောင်း သိရသည်။ “ဒီမှာက မကြာခဏ အပြင်ထွက် သွားလာတာတွေများတယ်၊ ပေါ့ပေါ့ဆဆနေကြတာပေါ့၊...

ကျောက်မဲ မန်ခါစစ်ရှောင် (၁၀) ဦး ကိုဗစ် ထပ်မံတွေ့ရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ လူနာအသစ် (၁၀) ဦးထပ်မံတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။ ထို (၁၀) ဦးတွင် အဖျားအနည်းငယ်ရှိသောကြောင့် ယနေ့ စက်တင်ဘာ (၉) ရက် Test Kit ဖြင့် စစ်ဆေးကြည့်ရာတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း သိရသည်။ “ ဒီနေ့ ထပ်စစ်ပေးကြည့်လိုက်တာ...

မိုင်းရယ် ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် ကျန်းမာရေးဝန်ထမ်း ကိုဗစ်ကူးစက်ခံရ

သျှမ်းမြောက် မိုင်းရယ်မြို့တွင် ကိုဗစ်ကာကွယ်ဆေး (၂)ကြိမ်ထိုးထားသည့် ကျန်းမာရေးဝန်ထမ်း(၁)ဦး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၈)ရက်နေ့က မိုင်းရယ်မြို့ ကိုဗစ်ကူးစက်ခံရသူ (၃)ဦး တွေ့ရှိခဲ့တာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး(၂)ကြိမ်ထိုးထားသည့် ကျန်းမာရေးဝန်ထမ်း(၁)ဦး ပါဝင်နေတာဖြစ်ကြောင်း သိရသည်။ “ကျန်းမာရေးဝန်ထမ်းထဲမှာ မနေ့က တစ်ယောက် ထပ်ပြီးကူးစက်တယ်၊ အားလုံး (၃)ယောက်ရှိသွားပြီ၊ ပြီးခဲ့တဲ့...

ဆီဆိုင်မြို့နယ် ကိုဗစ်မြင့်တက် နေဆဲ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ စည်းကမ်းလိုက်နာမှု အားနည်းသဖြင့် ရောဂါကူးစက်သူ လျော့နည်းသွားမှု မရှိကြောင်း စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့နယ်က ပြည်သူများသည် ကိုဗစ်-၁၉ စည်းကမ်းလိုက်နာမှု အားနည်းခြင်း၊ ပိုးတွေ့လူနာ နေ့တိုင်း တိုးလာခြင်း၊ အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်မှု အားနည်းသည့်အတွက် လူနာတိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။ “ပိုတိုးလာတယ်။ စည်းကမ်းလိုက်နာမှု အားနည်းတယ်။ပိုးတွေ့တဲ့သူတွေ...

ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ကိုဗစ် မြင့်တက်

သျှမ်းတောင် ပင်လောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်မှု လျော့ကျသော်လည်း ကျေးရွာများတွင် ကိုဗစ် ကူးစက်မှု ပိုများလာကြောင်း သိရသည်။ ပင်လောင်းမြို့နယ်တွင် စက်တင်ဘာ (၈)ရက် ယနေ့ တွင် (၁၇၅)ဦး စစ်ဆေးရာ ကိုဗစ်ပိုးကူးစက်ခံရသူ (၄၄)ဦး တွေ့ရှိခဲ့ကြောင်း၊ မြို့ပေါ်ထက် ကျေးရွာများတွင် ကူးစက်မှု ပိုများနေကြောင်း သိရသည်။ “မြို့ပေါ်မှာ ကိုဗစ်ကူးစက်မှုက...

ကိုဗစ်-၁၉ မြင့်တက်နေသော်လည်း Mask( နှာခေါင်းစည်း) တပ်ဆင်ခြင်းမရှိ

သျှမ်းပြည်တဝှမ်းတွင် ကိုဗစ် ၁၉ ကူးစက်ခံရမှု များပြားနေသော်လည်း ပြည်သူများတချို့ mask တပ်ဆင်ပြီး အပြင်သွားလာခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ကိုဗစ် ကူးစက်မှု မလျော့ကျသေးသည့်အတွက် mask ကို စနစ်တကျတပ်ဆင်ပေးပါရန်အတွက် သျှမ်းမြောက် မူဆယ်မြို့ ပရဟိတ အဖွဲ့က ပြောသည်။ “ ဒီမှာက mask မတပ်ဘဲ သွားလာနေတာက...

သီပေါ နမ့်လန်ဒေသ ကိုဗစ်မြင့်တက်သည့်အတွက် Lock down ပြုလုပ်မည်

သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသတွင်း ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် ယခု ရက်ပိုင်းအတွင်း Lock down သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ နမ့်လန်ဒေသတွင် ဒေသခံများ ပူးပေါင်းပါဝင်မှု အားနည်းနေခြင်းကြောင့် ကိုဗစ်ကူးစက်မှု မြင့်တက်နေတာဖြစ်ကြောင်း၊ လာမည့် စက်တင်ဘာလ (၉)ရက်နေ့မှစပြီး Lock down သတ်မှတ်ထားကြောင်း စုံစမ်းသိရသည်။ “ဒီလ (၉)ရက်နေ့ကစပြီး Lock...

ကျောက်မဲ မန်ခါစစ်ရှောင် (၁၁) ဦး ကိုဗစ် ပိုးတွေ့

သျှမ်းမြောက် ကျောက်မဲမြို့ မန်ခါဘုန်းကြီးကျောင်းစစ်ရှောင်စခန်းတွင် စက်တင်ဘာလ (၆)ရက် ယမန်နေ့က ကိုဗစ်ပိုး ကူးစက်ခံရသူ (၁၁)ဦး တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုစစ်ရှောင်များသည် မန်ခါစစ်ရှောင်စခန်းသို့ သြဂုတ်လကုန်ပိုင်းတွင် ရောက်ရှိလာသူများဖြစ်ပြီး၊ စစ်ရှောင် တွင် (၂၆၀)ကျော်ရှိပြီး ကျန်ရှိသည့် စစ်ဘေးရှောင်များအား ယနေ့တွင် ကိုဗစ်စစ်ဆေးသွားမှာဖြစ်ကြောင်း သိရသည်။ “မနေ့က မန်ခါစစ်ရှောင်စခန်းကနေ (၁၁)ယောက်...

Latest news