Tuesday, January 27, 2026

သွားလာခွင့်ပြုပြီးနောက် နမ့်ခမ်းမြို့နယ်အတွင်းကိုဗစ် -၁၉ ကူးစက်မှု ပြန်လည်မြင့်တက်လာ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် Lock Down  ပြန်ဖြည်ပြီး သွားလာခွင့်ပြုလိုက်သည့်နောက်ပိုင်း ကိုဗစ် -၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာပြီး သေဆုံးမှုလည်း ဆက်ရှိလာကြောင်း သတင်းရရှိသည်။

Photo NK Youth-နမ့်ခမ်းမြို့ Lockdown ချစဉ်

နမ့်ခမ်းမြို့ပေါ် ရပ်ကွက်သူ/သားများ နှင့် ကျေးရွာလူထုအပါဝင် သံသယလူနာ ၇၃ ဦးအား ကိုဗစ် – ၁၉ ပိုးရှိ/ မရှိ စစ်ဆေးရာမှာ ၂၆ ဦး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိကြောင်း၊ ဆေးရုံတွင် ဆေးကုသခံယူနေသည့် ပိုးတွေ့အ တည်ပြုလူနာတစ်ဦးလည်းသေဆုံးသွားကြောင်း အမည်မဖေါ်လိုသည့် နမ့်ခမ်းမြို့ ပရဟိတ အသင်းဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  

သွားလာခွင့် ပြုလိုက်တော့ နမ်ခမ်းပြည်သူ့ဆေးရုံမှာ လူနာတွေတဖြည်းဖြည်းပြန်များလာတယ်၊ ကိုဗစ်ကိုအလေးမထားတော့ဘူး။ Mask လဲမတပ်တော့ ပိုကူးစက်လာမှာကို စိုးရိမ်မိတယ်။ Lock Down  ပြန်ဖြည်လိုက်တော့ ကြိတ်ကုနေတဲ့လူတွေ အနံ့အရသာပျောက်တဲ့သူတွေလဲ ဆေးရုံကိုလာကြတယ်” – ဟု အများအကျိုးသယ်ပိုးသည့် နမ့်ခမ်းမြို့ခံ (ပရဟိတအသင်းဝင်) တဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့မစျေးကို ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ် ရောင်းချခွင့်ပြု ထားတာဖြစ်ပြီး မြို့မစျေးအတွင်းမှာ စားသောက်ကုန်နဲ့ ဆေးဝါးဆိုင်ရာ ဆိုင်ခန်းများမှအပ ကျန်ဆိုင်ခန်းတွေအားလုံးကို စက်တင်ဘာလ ၉ ရက် နေ့အထိ ဆက်လက်ပိတ်ပင်ထားမည် ဖြစ်ကြောင်း နမ့်ခမ်းမြို့နယ် စည်ပင်သာယာ ရေး ဌာနမှ စက်တင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားကြောင်းလည်း တွေ့ရသည်။

နမ့်ခမ်းမြို့နယ်အတွင်းတွင် ကိုဗစ် – ၁၉ တတိယလှိုင်းအတွင်း ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၃၄၂ ဦး ရှိပြီး သေဆုံးသူ အတည်ပြုလူနာ ၆၇ ဦးရှိကြောင်း၊ လက်ရှိတွင် အတည်ပြုလူနာ ၂၁၇ ဦး က ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...
TNLA_ID Poster

TNLA မှတ်ပုံတင်မရှိလျှင် ‘ဂိတ်ဖြတ်သန်းခွင့်ရမည်မဟုတ်’ဟု နမ့်ခမ်းဒေသခံများ ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ဒေသခံများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခိုင်းပြီး မပြုလုပ်ပါက ၎င်းတို့၏ ဂိတ်များမှ ဖြတ်သန်းခွင့်မပြုဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

0
ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ...

နမ့်ခမ်းမြို့  ရွှေလီမြစ်အတွင်း ကလေးတစ်ယောက်ရေနစ်ပျောက်ဆုံး

0
TNLA ထိန်းချုပ်ထားသော သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ရွှေလီမြစ်ထဲတွင်  ရေဆော့ ကစားနေသည့် ကလေးတစ်ယောက် ရေနစ်ပျောက်ဆုံးနေကြောင်းသိရသည်။  နမ့်ခမ်းမြို့နယ် ဟိုဆိုင်းကျေးရွာရှိ ဟိုဆိုင်းချောင်းသာတွင် ဧပြီလ ၁၄ ရက် ညနေခင်းက ကလေးငယ် တစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ယနေ့ ဧပြီလ ၁၅ ရက်နေ့အထိ အလောင်းရှာမတွေ့သေးဟု...

နမ့်ခမ်းမြို့တွင် နေအိမ်တစ်လုံးမီးလောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယနေ့မနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါသည်။ TNLA ထိန်းချုပ်ထားသော  နမ့်ခမ်းမြို့နယ်ရှိ ကွန်လုံကျေးရွာတွင် ဧပြီလ ၅ ရက် နံနက် ၁၀ နာရီအချိန်က နေအိမ်မီးလောင်ခြင်းဖြစ်ပြီး လူသူထိခိုက်သေဆုံးမှုတော့မရှိကြောင်း   နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “ဒီမနက် ၁၀ နာရီ ဝန်းကျင် ကွန်လုံရွာမှာ...