Thursday, April 18, 2024

ကျောက်မဲ မန်ခါစစ်ရှောင် (၁၀) ဦး ကိုဗစ် ထပ်မံတွေ့ရှိ

Must read

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ လူနာအသစ် (၁၀) ဦးထပ်မံတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

ထို (၁၀) ဦးတွင် အဖျားအနည်းငယ်ရှိသောကြောင့် ယနေ့ စက်တင်ဘာ (၉) ရက် Test Kit ဖြင့် စစ်ဆေးကြည့်ရာတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း သိရသည်။

“ ဒီနေ့ ထပ်စစ်ပေးကြည့်လိုက်တာ (၁၀) ယောက်ထပ်တွေ့တယ်။ အဖျားနည်းနည်းရှိနေလို့ ဆိုပြီးတော့ စစ်ပေးလိုက်တာ။ အဲဒါနဲ့ Postive အဖြေထွက်သွားတာ။ အခုတော့ စစ်ရှောင်တွေနဲ့တော့ ခွဲထားတယ်။ ဆေးရုံကိုခေါ်သွားလာတော့ ကျနော်တို့လည်း သေချာမသိရသေးဘူး” ဟု ကျောက်မဲစစ်ရှောင်ကို ကူညီပေးနေသည့် သူက ပြောသည်။

ကျောက်မဲ မန်ခါစစ်ရှောင်တွင် ကျန်ရှိနေသည့် စစ်ရှောင်များကို တို့ဖက် နမူနာ ယူပြီး လာရှိုးဆေးရုံးသို့ ပို့ဆောင် ထားကြောင်း သိရသည်။

“ ဒီနေ့ ပိုးတွေ့တဲ့သူကိုတော့ Test Kit နဲ့ပဲ စစ်ပေးတာ။ မတွေ့တဲ့သူတွေကို တော့ ကျနော်တို့ တို့ဖက် ယူပြီးတော့ လားရှိုးဆေးရုံကိုပို့ထားပေးတယ်။ ကျန်တဲ့သူတွေ ဘယ်လောက်ပိုးတွေ့ရှိမလဲတော့ မနက်ဖြန်မှပဲ ထပ်သိရမယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် သူက ပြောသည်။

ကျောက်မဲမြို့နယ်တွင် စက်တင်ဘာလ (၈)ရက် ယမန်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ (၉၀၀)ကျော် ရှိနေပြီး ဆေးရုံဆင်းခွင့်ရသူ (၆၀၀)ကျော်နှင့် သေဆုံးသူ (၆၀)ဦး ရှိကြောင်း သိရသည်။

စစ်ရှောင်စခန်းတွင် ပန်ဟုန်း၊ လွယ်ကုန်ကျေးရွာဒေသခံများ ရောက်ရှိခိုလှုံနေတာဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ပန်စလော့စစ်ရှောင်စခန်းမှ မန်ခါဘုန်းကြီးကျောင်းစစ်ရှောင်စခန်းသို့ ပြောင်းရွှေ့လာခဲ့သူများလည်း ရှိကြောင်း သိရသည်။

မန်ခါစစ်ရှောင်ဘုန်ကြီးကျောင်တွင် ယနေ့ စက်တင်ဘာ (၉) ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေလူနာ စုစုပေါင်း (၂၁) ဦးရှိပြီးဖြစ်ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article