Friday, April 19, 2024

CATEGORY

Covid-19

တောင်လေးလုံးမှ ကိုဗစ်သံသယ အကျဉ်းသားများ ထောင်နေရာရွှေ့ပြောင်းစဉ် ဆန္ဒပြ

သျှမ်းပြည် တောင်ကြီးမြို့နယ် ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံး)မှ ကိုဗစ်-၁၉ သံသယရှိ အကျဉ်းသားများကို ထောင်နေရာ ရွှေ့ပြောင်းမှုများ ပြုလုပ်ပေးစဉ် ဆန္ဒပြကြွေးကြော်မှုများ ပြလုပ်ခဲ့ကြောင်း သတင်းသိရသည်။ စက်တင်ဘာ ၁၇ရက် တွင် PDF အပါအဝင် နိုင်ငံရေး ဆက်စပ်သူများထဲမှ ကိုဗစ်-၁၉ သံသယ ရှိသူများကို ထောင်နေရာပြောင်းရွှေ့ချိန် အချုပ်ကားပေါ်တွင်...

ပင်လုံမြို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသူများပြား၊ ဆေးလုံလောက်မှုမရှိ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ကိုဗစ်- ၁၉ ကာကွယ်ဆေးလာရောက်ထိုးသူ များပြားသောကြောင့် ဆေးလုံလောက်မှု မရှိကြောင်း စုံစမ်းသိရှိရသည်။ ထိုသို့ ဆေးလုံလောက်မှုမရှိသောကြောင့် ပြည်သူများက လွိုင်လင်မြို့နယ် သွားရောက်တောင်းထိုးကြရာတွင် ထိုးခွင့်မရကြောင်း ပင်လုံဒေသခံများက ပြောပြသည်။ “ အမှန်က မှတ်ပုံတင်ရှိရုံနဲ့တင် ကာကွယ်ဆေးထိုးလို့ရတယ်။ အခုက ကျနော်တို့ ပင်လုံမှာ ကာကွယ်ဆေးကုန်လို့ လွိုင်လင်မှာသွားထိုးတာ။...

မုံးကိုးမြို့ရောက် စစ်ရှောင်နှင့် ကူညီသူ (၄၅)ဦး ကိုဗစ် – ၁၉ ပိုးတွေ့

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ရောက် စစ်ရှောင် နှင့် စစ်ရှောင်များကို ကူညီသူ စုစုပေါင်း (၄၅)ဦး ကိုဗစ် - ၁၉ ကူးစက်ခံ နေရကြောင်း သတင်းရရှိသည်။ မုံးကိုးမြို့နယ်အတွင်းတွင် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) နှင့် စစ်ကောင်စီတပ် တို့ တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် မုံးကိုးမြို့နယ် ကောင်လုံကျေးရွာ...

ကိုဗစ် ကာကွယ်ဆေးထိုးတဲ့ နမ့်ခမ်း စေတနာ့ဝန်ထမ်း (၇)ဦး ကိုဗစ် ကူး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စေတနာ့ဝန်ထမ်း (၃) လခန့် နေအိမ်သို့ မပြန်ဘဲ ကိုဗစ်-၁၉ တတိယလှိုင်း ကို လုပ်ဆောင်ရာမှာ အဖွဲ့ဝင် (၇) ဦး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ထို ကူးစက်ခံရသည့် သူများသည် နမ့်ခမ်းပရဟိတ လူမှုကူညီရေးအသင်း နှင့် နမ့်ခမ်း ကြက်ခြေနီ...

ကွာရန်တင်းဝင်နေသည့် ရဲတပ်ဖွဲ့ဝင်များ ကျန်းမာရေးဝန်ထမ်းအဖွဲ့ကို ရမ်းကား ဆဲဆိုပြော

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့ရှိ မိုးကုတ်ဝိပဿနာ စာသင်တိုက်တွင် ကွာရန်တင်းဝင်နေသည့် စစ်ကောင်စီ လက်အောက်ခံ တပ်သားတို့သည် ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ဆဲဆိုပြောကြောင်း ြ သတင်းသိရသည်။ မိုးကုတ်ဝိပဿနာ ကျောင်းတိုက်မှ ကိုဗစ် - ၁၉ ကွာရန်တင်း ဝင်နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက စင်တာတွင်...

နမ္မတူမြို့သံဃာတော်အပါး ၅၅ ကိုဗစ်-၁၉ ပိုးတွေ့

သျှမ်းမြောက် နမ္မတူမြို့နယ်တွင် ယမန့်နေ့ စက်တင်ဘာ ၁၃ ရက်နေ့ထိ သံဃာတော် အပါး ၅၅ ဦးထံတွင် ကိုဗစ်- ၁၉ ပိုးတွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထို သံဃာတော်များသည် ဆွမ်းခံကြွရာမှ တဆင့် ကိုဗစ်- ၁၉ ပိုးစတင်ကူးခဲ့ကြောင်း နမ္မတူမြို့နယ် ပရဟိတအဖွဲ့ဝင်တဦးက ပြောသည်။ “ သံဃာတွေ...

သီန္နီမြို့နယ်သံဃာတော် (၅၂) ပါး ကိုဗစ် -၁၉ ပိုးထပ်မံတွေ့

သျှမ်းပြည်မြောက်ပိုင်း သီန္နီမြို့နယ် မန်နောင်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသည့် ရဟန်းသံဃာတော် (၅၂) ပါး ကိုဗစ် -၁၉ ပိုးတွေ့ရှိကြောင်းစုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာ (၁၃) မန်နောင် ဘုန်းကြီးကျောင်းတွင် သံဃာတော် (၁၁၁) ပါးနှင့် ကပ္ပိယ (၄) ဦးတို့ကို ကိုဗစ် -၁၉ ပိုးစစ်ဆေးပေးခဲ့ပြီး သံဃာတော်...

မိုင်းငေါ့ မြို့မရိပ်သာကျောင်းမှ ကိုရင်(၃)ပါး ကိုဗစ်ထပ်တွေ့

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ မြို့မရိပ်သာကျောင်းမှ ကိုရင်(၃)ပါးထံတွင် ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁၂)ရက်နေ့က မိုင်းငေါ့မြို့တွင် ကိုဗစ်ကူးစက်ခံရသူ (၆)ဦး ထပ်မံတွေ့ရှိခဲ့ပြီး မြို့မရိပ်သာကျောင်းမှ ကိုရင် (၃)ပါးလည်း ပါဝင်ကြောင်း သိရသည်။ “မနေ့က ကိုဗစ်ပိုးတွေ့တဲ့အထဲမှာ ရိပ်သာကျောင်းက ကိုရင် (၃)ပါး ပါတယ်၊...

လောက်ကိုင်ဒေသတွင် Stay at home မလုပ်သူများ ဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်ဒေသတွင် Stay at home အဖြစ် ပျက်ကွက်နေသည့်သူများကို Quarantine ဝင်ရန်အတွက် ခေါ်ယူဖမ်းဆီးထားကြောင်း သိရသည်။ လောက်ကိုင်ဒေသတွင် Stay at home အဖြစ် ပျက်ကွက်သူများကို စက်တင်ဘာ (၇) ရက်နေ့တွင် ၂၉ ဦးနှင့် (၈) ရက်နေ့တွင် ၃၅...

ကျောက်မဲ မန်ခါစစ်ရှောင်စခန်း ကိုဗစ်ကူးစက်ခံရသူ (၁၀၀)ကျော်ထိ ရှိလာ

သျှမ်းမြောက် ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်းမှ ကိုဗစ်ကူးစက်ခံရသူ (၁၀၀)ကျော်ထိ ရှိလာကြောင်း သတင်းရရှိသည်။ ကျောက်မဲ မန်ခါစစ်ရှောင်စခန်းတွင် ပန်ဟုန်၊ လွယ်ကုန်ကျေးရွာတို့မှ စစ်ရှောင် (၂၆၀)ကျော် ရောက်ရှိခိုလှုံနေတာဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ (၁၂)ရက် ယမန်နေ့က ကိုဗစ်ပိုးကူးစက်ခံရသူ ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “မန်ခါစစ်ရှောင်စခန်းမှာ ကိုဗစ်ကူးစက်ခံရတာက (၁၀၀)ဝန်းကျင်ထိ ရှိသွားပြီ၊...

Latest news