မိုင်းငေါ့ မြို့မရိပ်သာကျောင်းမှ ကိုရင်(၃)ပါး ကိုဗစ်ထပ်တွေ့

0

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ မြို့မရိပ်သာကျောင်းမှ ကိုရင်(၃)ပါးထံတွင် ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၂)ရက်နေ့က မိုင်းငေါ့မြို့တွင် ကိုဗစ်ကူးစက်ခံရသူ (၆)ဦး ထပ်မံတွေ့ရှိခဲ့ပြီး မြို့မရိပ်သာကျောင်းမှ ကိုရင် (၃)ပါးလည်း ပါဝင်ကြောင်း သိရသည်။

“မနေ့က ကိုဗစ်ပိုးတွေ့တဲ့အထဲမှာ ရိပ်သာကျောင်းက ကိုရင် (၃)ပါး ပါတယ်၊ ခုတော့ ကိုဗစ်ထိန်းချုပ်ရေးစင်တာမှာ ပို့ထားပြီ” ဟု မိုင်းငေါ့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၅)ရက်နေ့မ မြို့မရိပ်သာကျောင်းတိုက်ဆရာတော် ကိုဗစ်ပိုးကူးစက်ခံရမှုကြောင့် ပျံလွန်တော်မူသွားပြီးနောက် အဆိုပါကျောင်းတိုက်မှ သံဃာတော်များ၏ နာခေါင်း၊ အာခေါင်တို့ဖတ်များအား လားရှိုးသို့ ပို့ဆောင်စစ်ဆေးရာ ယမန်နေ့တွင် ကိုရင် (၃)ပါးထံမှ ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။

မိုင်းငေါ့တွင် ယမန်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ (၆၃)ဦးထိရှိနေပြီး သေဆုံးသူ (၂)ဦးရှိနေကြောင်း သိရသည်။

Leave a Comments