TNLA ထိန်းချုပ် မိုင်းငေါ့မြို့ကို စစ်တပ်လေကြောင်းဗုံးကြဲ၊ သားအမိ ၂ ဦးသေဆုံးပြီး ဖခင်ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့နယ်ရှိ မိုင်းငေါ့မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ သားအမိနှစ်ဦး သေဆုံးပြီး ဖခင်ဖြစ်သူ ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်) ည ၈ နာရီကျော်တွင် ကျောက်မဲမြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဈေးရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်မီးလောင်သည့်အထဲ သားအမိ (၂) ဦး သေဆုံးသွားခဲ့ကြောင်း မိုင်းငေါ့ဒေသခံများက ပြောသည်။

“ဈေးတော့ မလောင်ဘူး၊ မနေ့ညက ဗုံးကျလို့ အိမ် ၂ လုံး မီးလောင်တယ်။ ဒီမနက် ၄ နာရီလောက်မှာ ဂတ်စ်အိုးပေါက်လို့ အိမ်တန်း ၄ လုံး ထပ်လောင်တယ်။ မီးထဲ ဆုံးသွားတာက သားအမိပါ၊ အမေဖြစ်သူရဲ့ အလောင်းကိုတော့ ရှာမရသေးဘူး”ဟု မိုင်းငေါ့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲခံရမှုကြောင့် မီးလောင်သေဆုံးခဲ့သည့် သားအမိ နှစ်ဦးမှာ မိခင်ဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်လင်းလင်းနှင့် သားဖြစ်သူ အသက် ၂၅ နှစ်အရွယ်ခန့် မောင်အဒူလဟင်း တို့ဖြစ်ပြီး ဖခင်ဖြစ်သူ အသက် (၅၂) နှစ်အရွယ် ဦးမူနား သည် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် (၁၀) လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အောက်တိုဘာ (၁) ရက်တွင် ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မိုင်းငေါ့မြို့နှင့် မိုင်းလုံမြို့တို့ကို လေကြောင်းဖြင့် ဆက်လက်ဖိအားပေး တိုက်ခိုက်နေခြင်းကြောင့် ဒေသခံများလည်း လေကြောင်းအန္တရာယ် ရှောင်ရှားရန် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ ပြတ်လပ်နေကြောင်း သိရသည်။

ပုံစာ – မိုင်းငေါ့မြို့ ဈေးရပ်ကွက် ဗုံးကြဲခံရပြီး မီးလောင်ကာ သေဆုံးသွားတဲ့ အမျိုးသားအလောင်း (ဓာတ်ပုံ-ဒေသသခံ)

“အခုလည်း အဝင်အထွက် ပိတ်ထားတယ်၊ ဒေသခံက ရွာတွေမှာပဲ ရှောင်နေကြရတယ်လို့ ပြောတယ်။ ရှောင်ချင်ပေမဲ့ ပိတ်ထားတော့ ရွာတွေမှာပဲ နေနေကြရရှာတယ်။ အစားအသောက်တွေကလည်း လမ်းပိတ်ထားတော့ သယ်မရလို့ ဈေးတက်ပြီး တချို့ဟာတွေ ပြတ်နေပြီ”ဟု အဆိုပါ မိုင်းငေါ့ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

စစ်ကော်မရှင်တပ်သည် အောက်တိုဘာလ (၁) ရက်မှ (၂၀) ရက်အထိ လေကြောင်းဖြင့် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးကုတ်နှင့် မိုးမိတ် စသည့် မြို့များတွင် စုစုပေါင်း (၃၀) ကြိမ်ထက်မနည်း ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း သံဃာတော် (၂) ပါး၊ ကလေး (၈) ဦး၊ အမျိုးသမီး (၁၉) ဦး အပါအဝင် အရပ်သားစုစုပေါင်း (၄၁) ဦး သေဆုံးခဲ့ပြီး အမျိုးသမီး (၁၇) ဦးနှင့် ကလေး (၁၁) ဦး အပါအဝင် အရပ်သား (၅၀) နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၁၃၈) အိမ်၊ စာသင်ကျောင်း (၃) ကျောင်းနှင့် ဘုန်းကြီးကျောင်း (၃) ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...