TNLA ထိန်းချုပ် မိုင်းငေါ့မြို့အနီး စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင်လ ၁၅ ရက်) နေ့လယ် ၁ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မန်ပင့်လမ်းခွဲ တံတားအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူထိခိုက်မှုမရှိကြောင်း မိုင်းငေါ့ဒေသခံများက ပြောသည်။

“မြို့ထဲက တံတားမဟုတ်ဘူး၊ မန်ပင့်လမ်းခွဲက တံတားကြီးနား ကျတာ။ တံတားတော့ အရမ်းကြီး မထိခိုက်လို့ ဖြတ်လို့ရသေးတယ်”ဟု မိုင်းငေါ့မြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၄ ဇန်နဝါရီလဆန်းပိုင်းတွင် မိုင်းငေါ့မြို့ကို TNLA သိမ်းပိုက်ပြီးနောင် တွေ့ရစဉ် (ဓာတ်ပုံ – TNLA)

ပြီးခဲ့သည့် မေလအတွင်းကလည်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အနီး လေကြောင်းဖြင့် ၂ ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် တာလုံရပ်ကွက်ရှိ စာသင်ကျောင်းအနီးနှင့် ကွင်းစလန်းကျေးရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဇွန်လ (၂၄) ရက်မှ ဇူလိုင်လ (၁၅) ရက်အထိ သုံးပတ်အတွင်း ကျောက်မဲမြို့နယ်တွင် (၇) ကြိမ်၊ သီပေါမြို့တွင် (၂) ကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား (၁၂) ဦးထက်မနည်း သေဆုံး၍ (၃၀) ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...