Tuesday, January 27, 2026

လောက်ကိုင်ဒေသတွင် Stay at home မလုပ်သူများ ဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်ဒေသတွင် Stay at home အဖြစ် ပျက်ကွက်နေသည့်သူများကို Quarantine ဝင်ရန်အတွက် ခေါ်ယူဖမ်းဆီးထားကြောင်း သိရသည်။

လောက်ကိုင်ဒေသတွင် Stay at home အဖြစ် ပျက်ကွက်သူများကို စက်တင်ဘာ (၇) ရက်နေ့တွင် ၂၉ ဦးနှင့် (၈) ရက်နေ့တွင် ၃၅ ဦးစသည့်တို့ကို ဖမ်းဆီး (၆၀) ကျော်ကို ဖမ်းဆီးထားခဲ့ပြီး ၎င်းတို့ကို ယမန့်နေ့ စက်တင်ဘာ (၁၁) ရက်နေ့က ဝန်ခံဂတိလက်မှတ်ဖြင့် ပြန်လည်လွှပေးခဲ့ကြောင်းသိရသည်။

“ လွှတ်တာကတော့ ပြန်လွှတ်ပေးလိုက်ပြီး။ မနေ့က ပြန်လွှတ်ပေးလိုက်တာပါ။ သူတို့တွေကို ဝန်ခံဂတိလက်မှတ်နဲ့ထိုးခိုင်းပြီးလွှတ်ပေးလိုက်တာ။ တစ်ချို့လူတွေက ကိုဗစ် သလောက်ဖြစ်နေတာကို အပြင်ထွက်နေကြသေးတယ်” ဟု လောက်ကိုင်မြို့ တာဝန်ရှိရဲတဦးက ပြောသည်။

ထိုဖမ်းဆီးခံထားရသည့် ၆၄ ဦးကို ရန်လုံကျိုင်းဟိုဖျင်ချိန် Qurantine တွင်ပို့ဆောင်ထားပြီး အသွားလာကို ကန့်သတ်ထားကာ ကိုဗစ် ၁၉ ပိုးစစ်ဆေးရာတွင် ပိုးမတွေ့ရှိသောကြောင့် နေအိမ်ကို ဝန်ခံဂတိဖြင့် ပြန်လည်လွတ်ပေးခဲ့ကြောင်းသိရသည်။

လောင်ကိုင်ဒေသတွင် ထိုဖမ်းဆီးခံထားရသည့် သူများကို ပေါ်တာဆွဲပြီး စစ်ဖြစ်သည့် နေရာပို့ဆောင်ပေးနေခြင်း သတင်းမှန် မဟုတ်ကြောင်း လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့ လူမှုကွန်ယှက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

ယနေ့မှစပြီး Stay at home သတ်မှတ်ချက်ကို မလိုက်နာသည့် ပြည်သူများကို ဖမ်းဆီးထားပြီး Quarantine ၂ ပတ် စောင့်ကြည့်ပြီးထားရှိသွားမည်ဖြစ်ကြောင်း လောက်ကိုင်မြို့နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လောက်ကိုင်မြို့နယ်တွင် ယမန့်နေ့ စက်တင်ဘာ ၁၂ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ (၇၉၄၆) ဦးရှိပြီး လက်ရှိဆေးကုသနေသူ (၁၈၉၈) ဦးနှင့် သေဆုံးသူ (၁၃) ဦးရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လောက်ကိုင်မြို့ နေထိုင်ခွင့်ကတ် မလုပ်သူများကို MNDAA ဖမ်းဆီးပြီး လားရှိုးသို့ ပြန်ပို့

0
သျှမ်းပြည် လောက်ကိုင်မြို့သို့ အလုပ်လုပ်ရန် ရောက်ရှိနေသူများထဲ နေထိုင်ခွင့်ကတ် ပြုလုပ်ခြင်းမရှိသူများကို MNDAA မှ ဖမ်းဆီးကာ လားရှိုးမြို့ဘက်သို့ ပြန်လည်ပို့ဆောင်ကြောင်း စုံစမ်းသိရသည်။ ဧပြီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လောက်ကိုင်မြို့သို့ အလုပ်လုပ်ရန် သွားရောက်သူများကို လောက်ကိုင်မြို့နေ အိမ်ရှင် သို့မဟုတ် အလုပ်ရှင် ထောက်ခံချက်...

လောက်ကိုင်မြို့ အောက်မေ့ဖွယ်အခမ်းအနားသို့ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင် တက်ရောက်

0
“၁၀၂၇ စစ်ဆင်ရေး”အပါအဝင် တိုက်ပွဲအတွင်း ကျဆုံးခဲ့သော MNDAA ရဲဘော်များကို မြှုပ်နှံထားသည့် လောက်ကိုင်မြို့ ရန်လုံကျိုင်းရှိ အာဇာနည်ဗိမာန်တွင် ဧပြီလ (၂) ရက်နေ့က အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်လည်း တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း ကိုးကန့်သတင်းအေဂျင်စီက ထုတ်ပြန်လိုက်သည်။ တော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့ကြသည့် MNDAA...

“၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့ လောက်ကိုင်မြို့ကို စစ်ကောင်စီ လေကြောင်းက ၂ ကြိမ်ဗုံးကြဲ တိုက်ခိုက်

0
ကိုးကန့် မြို့တော်ဖြစ်သည့် လောက်ကိုင်မြို့ကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာလ ၂၇ ရက်) ည ၁၂ နာရီကျော်တွင် လေကြောင်းမှ ဗုံး ၂ ကြဲချ တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက် ပျက်စီးမှုများရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီကို တုန်လှုပ်စေခဲ့သည့် ညီနောင်မဟာမိတ်များ၏ “၁၀၂၇ စစ်ဆင်ရေး”...

လောက်ကိုင်မြို့ သုံးလအကြာ လေကြောင်းဖြင့် ပေါင်(၅၀၀) ဗုံး ထပ်မံတိုက်ခိုက်ခံရ

0
သျှမ်းပြည် လောက်ကိုင်မြို့သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၉ ရက်) နံနက် ၁ နာရီခွဲကျော် လူအိပ်မောကျချိန် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...

လောက်ကိုင် ပြည့်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံ ကိုယ်ဝန်ဆောင်နှင့် ကလေးများ အပါအဝင် အရပ်သားသေဆုံးမှုများ

0
သျှမ်းပြည် လောက်ကိုင်မြို့သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး အပါအဝင် အရပ်သားသေဆုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂ ရက်) နံနက် ၁ နာရီခန့်တွင်‌ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ မျှော်စင်နှင့် ပြည့်သူ့ဆေးရုံအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...