Tuesday, January 27, 2026

နမ္မတူမြို့သံဃာတော်အပါး ၅၅ ကိုဗစ်-၁၉ ပိုးတွေ့

သျှမ်းမြောက် နမ္မတူမြို့နယ်တွင် ယမန့်နေ့ စက်တင်ဘာ ၁၃ ရက်နေ့ထိ သံဃာတော် အပါး ၅၅ ဦးထံတွင် ကိုဗစ်- ၁၉ ပိုးတွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထို သံဃာတော်များသည် ဆွမ်းခံကြွရာမှ တဆင့် ကိုဗစ်- ၁၉ ပိုးစတင်ကူးခဲ့ကြောင်း နမ္မတူမြို့နယ် ပရဟိတအဖွဲ့ဝင်တဦးက ပြောသည်။

“ သံဃာတွေ ဆွမ်းခံကြွတာနဲ့ပဲ ကူးတာထင်တယ်။ ပြီးတော့ ဘုန်းကြီးကျောင်းတွေကို မပိတ်ထားဘူး။ ကိုရင်လေးတွေ နေအိမ်မှာ ဆွမ်းလာယူတာ၊ ပြီးတော့ ပြည်သူတွေက ဆွမ်းသွားလောင်တာကနေတဆင့် ကိုဗစ် ကူးတာလည်း ဖြစ်နိုင်တယ်” ဟု နမ္မတူမြို့နယ် ပရဟိတ အဖွဲ့ဝင်တဦးက ပြောသည်။

ထိုကိုဗစ် ကူးစက်ခံရသော် သံဃာတော်များသည် ရွှေမြင်သာကျောင်း ၄၆ ပါး ၊ တောင်ပေါ်ဘုန်းကြီးကျောင်း (၆)ပါး နှင့် ဆိုင်ခေါင် ဘုန်းကြီးကျောင်း တွင် ကိုရင်လေး ၃ ပါးထံ ကိုဗစ် ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

ထိုကိုဗစ် ကူးစက်ခံရသည့် သံဃာတော်များကို ဘုန်းကြီးကျောင်းတွင် သီးသန့်ထားရှိပြီး ကုသပေးနေကြောင်း သိရသည်။

“ သံဃာတော်တွေကိုတော့ ကျောင်းမှာပဲ သီးသန့်အခန်းမှာပဲထားပြီးတော့ ကုသပေးတာ။ ဆွမ်းကိစ္စကိုတော့ ကျမတို့ အဖွဲ့ကနေပဲတာဝန်ယူပေးထားပါတယ်” ဟု နမ္မတူမြို့နယ် ပရဟိတ အဖွဲ့ဝင်က ပြောသည်။

အလားတူ ယနေ့ စက်တင်ဘာ ၁၄ ရက် တွင် ကျောင်းတွင်ရှိ မယ်သီလရှင်များကိုကိုဗစ် စစ်ပေးမည်ဖြစ်ကြောင်းသိရသည်။

နမ္မတူမြို့နယ်တွင် ယမန့်နေ့ စက်တင်ဘာ ၁၃ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ (၄၈၉) ဦးရှိပြီး၊ ဆေးကုသမှုခံယူနေသူ (၁၅၈) နှင့်သေဆုံးသူ (၁၅) ဦးရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

နမ္မတူမြို့ကို TNLA တပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ၊ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

0
သျှမ်းပြည် နမ္မတူမြို့နယ်ကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အလုံးစုံထိန်းချုပ်နိုင်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၂၈ ရက်တွင် နမ္မတူမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၃၂၄ တပ်ရင်းကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က...

နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီ ပညာရေးကျောင်းများ TNLA တပ်ဖွဲ့မှ ပိတ်ခိုင်း

0
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ အခြေခံပညာ မူလတန်းကျောင်း နှင့် အလယ်တန်းကျောင်း တို့ကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တပ်ဖွဲ့က ပိတ်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက် မှ စတင်ကာ နမ္မတူမြို့နယ်...

နမ္မတူမြို့နယ် ပြည်သူပိုင် သစ်တောမြေ နှင့် ယာမြေများကို TNLA တပ်ဖွဲ့က သိမ်းယူ

0
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်း ပြည်သူပိုင် မြေဧက ၁၀ နီးပါးကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တပ်ဖွဲ့က သိမ်းယူလိုက်ကြောင်း သတင်း သိရသည်။ နမ္မတူမြို့နယ် ဆိုင်းခေါင်(ဝ်) ကျေးရွာ အုပ်စု (ဢိူင်ႇသၢႆးၶၢဝ်) မှ ကောင်းဆာကျေးရွာအတွင်းရှိ ဒေသခံ...

နမ္မတူ – ကျားစခန်း ရထားသံလမ်းဖြုတ်မှု ယာယီရပ်ဆိုင်း

0
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့ နှင့် ကျားစခန်းကို ဆက်သွယ်ထားသည့် ရထားသံလမ်းဖြုတ်မှု လုပ်ငန်းစဉ်သည် ယနေ့ (မတ်လ ၂၂ ) ရက်မှာ ယာယီ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (မတ်လ ၂၀ ရက်) မနက်ပိုင်း အချိန်မှစပြီး ဝင်းမြင့်မိုရ် ကုမ္ပဏီမှ ဦးဆောင်ပြီး...