နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီ ပညာရေးကျောင်းများ TNLA တပ်ဖွဲ့မှ ပိတ်ခိုင်း

သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ အခြေခံပညာ မူလတန်းကျောင်း နှင့် အလယ်တန်းကျောင်း တို့ကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တပ်ဖွဲ့က ပိတ်ခိုင်းကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့ ရှိ အစိုးရစာသင်ကျောင်း

ပြီးခဲ့သည့် ဇွန်လ ၉ ရက် မှ စတင်ကာ နမ္မတူမြို့နယ် ဆိုင်းခေါင် ၊ မန်စံကျေးရွာအုပ်စု၊ နားဆိုင်းကျေးရွာ အုပ်စု၊ ပန်ချင် ကျေးရွာအုပ်စု တို့ရှိသည့် အခြေခံပညာရေးကျောင်းများကို PSLF/TNLA က ပိတ်ခိုင်းကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တချို့ ရွာကိုတော့ လူကိုယ်တိုင် သွားပြောတာရှိတယ်။ တချို့ ရွာကိုတော့ ဖုန်းဆက်ပြီးပြောတာလည်း ရှိတယ်။ ၉ ရက်နေ့ကနေ စပြီး ကျောင်းတွေကို ပိတ်ပေးရမယ်တဲ့။ စစ်ကောင်စီက ခန့်တဲ့ ဆရာ/ဆရာမ တွေနဲ့ ကျောင်းဖွင့် လို့မရဘူး၊ စစ်ကောင်စီရဲ့ လက်အောက်ခံ ပညာရေးစနစ်ကို လက်မခံလို့ ပိတ်ခိုင်းတာလို့ ပြောတယ်” ဟု နမ္မတူမြို့နယ် အတွင်းက တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

PSLF/TNLA တပ်ဖွဲ့သည် ဖုန်းမှ တစ်ဆင့် ကျေးရွာအုပ်စု အသီးသီး၏ သက်ဆိုင်ရာ ရွာလူကြီး / ရွာအုပ်ချုပ်ရေး မှူး ထံသို့ ဖုန်းဆက် အကြောင်းကြားကာ ကျောင်းကို ပိတ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

နမ္မတူမြို့ ရှိ အစိုးရစာသင်ကျောင်း

TNLA တပ်ဖွဲ့မှ ပိတ်ခိုင်းသည့် စာသင်ကျောင်းများတွင် ဆိုင်းခေါင်ကျေးရွာအုပ်စုမှ မူလတန်းကျောင်း ၁ ကျောင်း၊ မန်စံကျေးရွာ အုပ်စုမှ အလယ်တန်းကျောင်း ၁ ကျောင်း ၊ ပန်ချင်ကျေးရွာ အုပ်စုမှ မူလတန်းကျောင်း ၁ ကျောင်း နှင့် နားဆိုင်းကျေးရွာအုပ်စု မှ အထက်တန်းကျောင်း တစ်ကျောင်းတို့ ဖြစ်ကြကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောင်းတွေ ဖွင့်လာတာ တစ်ပတ်တောင် မပြည့်သေးဘူး။ သူတို့က ပိတ်ခိုင်းတယ်။ ကျောင်းပိတ်ရရင် ကလေးတွေလည်း စာသင်ခွင့် ဆုံးရှုံးမှာပေါ့၊ ပိုက်ဆံ တတ်နိုင်တဲ့သူတွေက ကျောင်းပြောင်းပြီး ထားနိုင်ပေမဲ့ မတတ်နိုင်တဲ့ ကလေးတွေကျတော့ ရွာက ကျောင်းတွေကိုပဲ အားကိုးရမှာပဲ။ ဒါပေမဲ့ အခုလို ကျောင်းကို ပိတ်ခိုင်းတော့ ကလေးတွေ နစ်နာတာပေါ့နော်” ဟု အသက် ၅၀ ဝန်းကျင် ကျောင်းသား ဖခင်တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

စာသင်ကျောင်း ပိတ်ခိုင်းမှုကြောင့် ဒေသအတွင်းမှ စာသင်သည့်အရွယ် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၀၀ နီးပါး စာသင်ခွင့် ဆုံးရှုံးရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ နမ္မတူမြို့နယ်အတွင်းက စာသင်ကျောင်းများကို ပိတ်ခိုင်းခြင်း နှင့် ပတ်သက်ပြီး PSLF/ TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့် နှင့် ပြန်ကြာရေး ဌာနများသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...

လားရှိုးမြို့အဝင်အထွက် MNDAA စစ်ဆေးမှုတင်းကြပ်၊ စစ်တပ်ဘက်မှ လမ်းပိုင်းအချို့ ပိတ်ထား

0
သျှမ်းပြည် လားရှိုးမြို့အထွက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု တင်းကြပ်နေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ထဲမှ သိန္နီဘက်ထွက်သည့် အေတီတံတားထိပ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး ကားအဝင်အထွက် စစ်ဆေးတင်းကြပ်နေခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း...

TNLA နှင့် MNDAA တပ်ပြဿနာကို လူထုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုလုပ်ရန် တအာင်းအရပ်ဖက်အဖွဲ့များ တောင်းဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့နှင့် သိန္နီမြို့နယ်တို့တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA မဟာမိတ်တပ်ဖွဲ့ချင်း ပြဿနာကို လူထုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုလုပ်ရန် တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများမှ တောင်းဆိုလိုက်သည်။ ဖေဖော်ဝါရီလ ၁၃ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နှင့် သိန္နီမြို့နယ်တွင် တစ်ပတ်ကျော်ကြာ ဖြစ်ပွားနေသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...

TNLA နှင့် MNDAA အပြန်အလှန် ဖမ်းဆီးမှုပြုလုပ်နေ

0
သျှမ်းပြည် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် TNLA တပ်သား ၅၀ ခန့်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လားရှိုးမြို့ဘက် ကားတင်ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) ည ၆ နာရီခန့်တွင် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုတွင်...