နမ္မတူ – ကျားစခန်း ရထားသံလမ်းဖြုတ်မှု ယာယီရပ်ဆိုင်း

သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့ နှင့် ကျားစခန်းကို ဆက်သွယ်ထားသည့် ရထားသံလမ်းဖြုတ်မှု လုပ်ငန်းစဉ်သည် ယနေ့ (မတ်လ ၂၂ ) ရက်မှာ ယာယီ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပုံ – Lwin Oo (ကျားစခန်း နှင့် နမ္မတူကိုဆက်သွယ်ထားသော ရထားသံလမ်း)

ပြီးခဲ့သည့် (မတ်လ ၂၀ ရက်) မနက်ပိုင်း အချိန်မှစပြီး ဝင်းမြင့်မိုရ် ကုမ္ပဏီမှ ဦးဆောင်ပြီး နမ္မတူမြို့မှ ကျားစခန်းသို့ ဆက်သွယ်ထားသည့် ရထားသံလမ်းကို စတင်ဖြုတ်ဖျက်ခဲ့ကာ ယနေ့အချိန်ထိ ရထားသံလမ်း ပေ ၁,၀၀၀ နီးပါးကို ဖြုတ်ထားပြီ ဖြစ်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခုက ဘာကြောင့် ရပ်သွားတယ်ဆိုလည်း ကျနော်တို့က မသိရဘူး။ ဖြုတ်တယ်ဆိုတဲ့ အကြောင်းကိုဘဲ ကျနော်တို့ကို လာပြောတာ။ နိုင်ငံတော်က ရပ်ခိုင်းလို့၊ သဘောသဘာဝက လက်နက်ကိုင်က ရပ်ခိုင်းလို့၊ စစ်တပ်က ရပ်ခိုင်းလို့ သူတို့ရပ်သွားတာဆိုလည်း ကျနော်တို့က မသိရဘူး။ ဖြုတ်တော့လည်း သူတို့က နိုင်ငံတော် နဲ့ လုပ်တဲ့အလုပ်ဆိုတော့ အောက်ခြေက ကျနော်တို့တွေ ဘာမှမသိရဘူး “ ဟု ၎င်းက ပြောသည်။

ပုံ – Lwin Oo (ကျားစခန်း နှင့် နမ္မတူကိုဆက်သွယ်ထားသော ရထားသံလမ်း)

အဆိုပါ ဝင်းမြင့်မိုရ် ကုမ္ပဏီသည် လက်ရှိ နမ္မတူမြို့ကနေ ကျားစခန်းကို ဆက်သွယ်ထားသည့် ရထားသံလမ်းကို ဖြုတ်ပြီး နမ္မတူဘော်တွင်း သတ္တုတွင်း သယ်ယူဖို့ရန်အတွက် ကားလမ်းအဖြစ် ဆောက်လုပ်သွားမည်ဟု သိရသည်။

ထို့အပြင် ကုမ္ပဏီမှ ဖြုတ်ဖျက်ဆီးပြီးနောက် ရထားသံလမ်းဖြင့် လမ်းခရီး အသုံးပြုရနေသူ လူဦးရေ ၂၀၀ ကျော်သည် သွားလာရန် အခက်ခဲရှိနေကြောင်း သိရသည်။

“ နဂိုတုန်းက ကျနော်တို့တွေ ဒီ ရထားလမ်းကိုဘဲ အသုံးပြုရတယ်။ အခုခေတ် တခါမှ လမ်းပန်းဆက်သွယ်ရေးကောင်းလာမှသာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ သွားကြတာ။ ဝင်းမြင့်မိုရ် စဝင်ကတည်းက ရထားသံလမ်းတွေ စားသွားတာရှိတယ်၊ သူတို့မြေစာသွန်ချလိုက်တဲ့အခါ စားသွားတဲ့ဟာလည်း ရှိတယ်။ အဲ့ဒါ ကုမ္ပဏီမှ ပြန်လုပ်ပေး မယ်ဆိုလည်း ဒီနေ့ထိ ပြန်မလုပ်ပေးသေးဘူး “ ဟု ၎င်းက ပြောသည်။

အင်္ဂလိပ်ခေတ်ကတည်းက ဖောက်လုပ်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်ရှိ အဆိုပါ ရထားလမ်းသည် သတ္တုထုတ်လုပ်သော ကုမ္ပဏီက အသုံးမပြုတော့ကြောင်း၊ သို့သော် ကျားစခန်းတွင် နေထိုင်သည့် ဒေသခံများက နမ္မတူမြို့သို့ ကားရထား စီးပြီး သွားလာနေသေးကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်မှစပြီး နမ္မတူ – ဘော်တွင်း သတ္တုထုတ်လုပ်မှုကို ဝင်းမြင့်မိုရ် ကုမ္ပဏီ နှင့် EAP Global Mining Company Limited တို့ ပူးပေါင်းပြီး အစိုးရ နှင့် ၁၅ နှစ်ကြာ ချုပ်ဆိုထားပြီး ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားချိန်၌ ထုတ်လုပ်မှု ရပ်တန့်သွားခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလတွင် လုပ်ငန်း ပြန်လည်ပတ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...