Tuesday, January 27, 2026

နမ္မတူမြို့ကို TNLA တပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ၊ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

သျှမ်းပြည် နမ္မတူမြို့နယ်ကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အလုံးစုံထိန်းချုပ်နိုင်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။

လက်နက်ကြီးထိမှန်ထားသည့် ဘုန်းကြီးကျောင်း

ဒီဇင်ဘာလ ၂၈ ရက်တွင် နမ္မတူမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၃၂၄ တပ်ရင်းကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၉ ရက် ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာရာ မန်လီကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆရာမတစ်ဦး ထိမှန်သေဆုံးသွားကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

လက်နက်ကြီးထိမှန်သည့် ဘုန်းကြီးကျောင်း

စစ်ကောင်စီတပ်မှ နမ္မတူမြို့နယ် မန်လီကျေးရွာသို့ လေကြောင်းဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲမှုကြောင့် သေဆုံးသွားခဲ့ရသူမှာ တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC)တွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၂၀ နှစ်အရွယ်ရှိ လွေးမေဖြိုးအိ ဆိုသူ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး မန်လီဘုန်းကြီးကျောင်းမှ သံဃာတော်များမှာ တိုက်ပွဲစတင်ဖြစ်ပွားစဉ်က ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၉ ရက် တစ်ရက်တည်းတွင် နမ္မတူမြို့တွင်းတံတားအနီးသို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲခဲ့ရာ အရပ်သား ၄ ဦး ဗုံးစထိမှန်ပြီး ဒဏ်ရာပြင်းထန်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၈ ရက် ည ၆ နာရီခန့်က သီပေါနှင့် နမ္မတူမြို့အကြား အဓိကဆက်သွယ်ထားသည့် မိုးတေချောင်းတံတားအား သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-၅၀၃/၅၀၄ တပ်ရင်းမှ မိုင်းခွဲဖျက်စီးခဲ့ကြောင်း TNLA တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

နမ္မတူမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ မန်တပ်စခန်း၊ ပန်သပြေတပ်စခန်း၊ မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအားလုံးကိုလည်း TNLA တပ်ဖွဲ့က ဒီဇင်ဘာလ ၂၅ ရက်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ၄ ရက်အကြာ ဒီဇင်ဘာလ ၂၉ ရက်တွင် အပြီးသတ်ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့သည် နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံနှင့် နမ့်ခမ်းမြို့များကဲ့သို့ TNLA တပ်ဖွဲ့က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် ပဉ္စမမြောက် မြို့ကြီးဖြစ်လာပြီး သျှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၇၀ ကျော်ကိုလည်း TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော်အတွင်း နမ္မတူမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ၍ ဘုန်းကြီးကျောင်း၊ ဗလီကျောင်းနှင့် ပြည်သူနေအိမ် ၃၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း နမ္မတူမြို့နယ်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...