နမ္မတူမြို့ကို TNLA တပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ၊ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

သျှမ်းပြည် နမ္မတူမြို့နယ်ကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အလုံးစုံထိန်းချုပ်နိုင်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။

လက်နက်ကြီးထိမှန်ထားသည့် ဘုန်းကြီးကျောင်း

ဒီဇင်ဘာလ ၂၈ ရက်တွင် နမ္မတူမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၃၂၄ တပ်ရင်းကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၉ ရက် ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာရာ မန်လီကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆရာမတစ်ဦး ထိမှန်သေဆုံးသွားကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

လက်နက်ကြီးထိမှန်သည့် ဘုန်းကြီးကျောင်း

စစ်ကောင်စီတပ်မှ နမ္မတူမြို့နယ် မန်လီကျေးရွာသို့ လေကြောင်းဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲမှုကြောင့် သေဆုံးသွားခဲ့ရသူမှာ တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC)တွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၂၀ နှစ်အရွယ်ရှိ လွေးမေဖြိုးအိ ဆိုသူ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး မန်လီဘုန်းကြီးကျောင်းမှ သံဃာတော်များမှာ တိုက်ပွဲစတင်ဖြစ်ပွားစဉ်က ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၉ ရက် တစ်ရက်တည်းတွင် နမ္မတူမြို့တွင်းတံတားအနီးသို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲခဲ့ရာ အရပ်သား ၄ ဦး ဗုံးစထိမှန်ပြီး ဒဏ်ရာပြင်းထန်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၈ ရက် ည ၆ နာရီခန့်က သီပေါနှင့် နမ္မတူမြို့အကြား အဓိကဆက်သွယ်ထားသည့် မိုးတေချောင်းတံတားအား သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-၅၀၃/၅၀၄ တပ်ရင်းမှ မိုင်းခွဲဖျက်စီးခဲ့ကြောင်း TNLA တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

နမ္မတူမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ မန်တပ်စခန်း၊ ပန်သပြေတပ်စခန်း၊ မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအားလုံးကိုလည်း TNLA တပ်ဖွဲ့က ဒီဇင်ဘာလ ၂၅ ရက်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ၄ ရက်အကြာ ဒီဇင်ဘာလ ၂၉ ရက်တွင် အပြီးသတ်ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့သည် နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံနှင့် နမ့်ခမ်းမြို့များကဲ့သို့ TNLA တပ်ဖွဲ့က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် ပဉ္စမမြောက် မြို့ကြီးဖြစ်လာပြီး သျှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၇၀ ကျော်ကိုလည်း TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော်အတွင်း နမ္မတူမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ၍ ဘုန်းကြီးကျောင်း၊ ဗလီကျောင်းနှင့် ပြည်သူနေအိမ် ၃၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း နမ္မတူမြို့နယ်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...