Tuesday, January 27, 2026

နမ္မတူမြို့နယ် ပြည်သူပိုင် သစ်တောမြေ နှင့် ယာမြေများကို TNLA တပ်ဖွဲ့က သိမ်းယူ

သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်း ပြည်သူပိုင် မြေဧက ၁၀ နီးပါးကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တပ်ဖွဲ့က သိမ်းယူလိုက်ကြောင်း သတင်း သိရသည်။

TNLA မှ ခုတ်ထွင်ရှင်းလင်းလိုက်သည့် သစ်တောသစ်ပင်များ

နမ္မတူမြို့နယ် ဆိုင်းခေါင်(ဝ်) ကျေးရွာ အုပ်စု (ဢိူင်ႇသၢႆးၶၢဝ်) မှ ကောင်းဆာကျေးရွာအတွင်းရှိ ဒေသခံ ပြည်သူ အစုအဖွဲ့ ပိုင်သော သစ်တောမြေ (CF) နေရာ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ မြေယာများကိုလည်း TNLA တပ်ဖွဲ့က သိမ်းယူလိုက်ကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ ပြည်သူပိုင် သစ်တောမြေ နှင့် ခြံမြေယာမြေများကို TNLA တပ်ဖွဲ့မှ အတင်းအဓမ္မသိမ်းယူ ခုတ်ထွင် ရှင်းလင်းနေခြင်း နှင့် ပတ်သက်ပြီး ဒေသခံများက ထွေအုပ်သို့ သွားတိုင်သော်လည်း မတားရဲကြောင်း ဟု အကြောင်းပြန်ခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA မှ ခုတ်ထွင်ရှင်းလင်းလိုက်သည့် သစ်တောသစ်ပင်များ

“ဘာမှ မပြောမဆိုဘဲနဲ့ သစ်တောမြေနေရာကို ခုတ်ထွင်ရှင်းလင်းကြတာ၊ ဒေသခံတွေ သွားတားတော့ သူတို့က လုပ်ရမှာပဲလို့ ပြန်ပြောတယ်၊ ဒီကိစ္စကို အုပ်ချုပ်ရေးမှူး နဲ့ ထွေအုပ်တွေဆီကို တင်ပြတော့ သူတို့လည်း မတားရဲ ဘူးတဲ့၊ သျှမ်းတပ်ကိုပဲ သွားတိုင်ပါလို့ ဒေသခံတွေကို ပြန်ပြောခဲ့တယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြေယာသိမ်းဆည်းခံရပြီး အတင်း ခုတ်ထွင်ရှင်းလင်း ခံရသည့် ပိုင်ရှင်များ စုပေါင်းကာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ထံသို့ တင်ပြရာ ဒေသအတွင်း SSPP/SSA ခရိုင်မှူးက လာရောက်တားမြစ်ပေးပြီး ခေတ္တရပ်ဆိုင်းသွားကြောင်း လည်း သိရသည်။

TNLA မှ ခုတ်ထွင်ရှင်းလင်းလိုက်သည့် သစ်တောသစ်ပင်များ

“ဌာနဆိုင် ရာတွေက မဖြေရှင်းပေးနိုင်ဘူး၊ မတားရဲဘူးလို့ ပြောတော့ ဒေသခံတွေက SSPP/SSA ကို သွားတိုင် တယ်၊ ဒေသအတွင်းက တာဝန်ခံရော၊ ဗဟိုဌာနချုပ်ကိုရော သွားတိုင်တယ်၊ ဌာနချုပ်ကတော့ ဆွေးနွေးပေးမယ် လို့ အကြောင်းပြန်ခဲ့တယ်၊ ဒေသအတွင်းက တာဝန်ရှိသူကတော့ လာတားပေးတယ်၊ ခနငြိမ်သွားပေမဲ့ ယမန်နေ့ကပဲ ထပ်လာလုပ်ပြန်ပြီ” ဟု ဒေသခံများက ဆက်ပြောသည်။

TNLA တို့မှ အဓမ္မ ခုတ်ထွင် ရှင်းလင်းလိုက်သည့် ဒေသခံ ပြည်သူ အစုအဖွဲ့ ပိုင်သော သစ်တောမြေ (CF) ဧရိယာ စုစုပေါင်းသည် ၄၀ ဧက နီးပါး ရှိနေပြီး ကျွန်းသစ် နှင့် တခြားသော အဖိုးတန်သစ်များ စိုက်ပျိုး ထိန်းသိမ်းထားရာ သစ်တောဧက ဖြစ်ကြောင်း သိရသည်။

TNLA မှ ခုတ်ထွင်ရှင်းလင်းလိုက်သည့် သစ်တောသစ်ပင်များ

လက်ရှိတွင် သစ်တောမြေ ၄၀ ဧကမှ ၅ ဧကခန့်ကို ခုတ်ထွင် ရှင်းလိုက်ပြီး အနီးပတ်ဝန်းကျင်မှ ယာမြေ ဧကများ အပါအဝင် ပြည်သူ့ယာခင်းများ၊ ဒညင်းခြံများကိုလည်း အတင်းဝင်ရောက် ခုတ်ထွင်ရှင်းလင်းသွားကြောင်း ဒေသခံများက ပြောသည်။

နမ္မတူမြို့နယ်အတွင်း ပြည်သူပိုင် သစ်တောမြေ နှင့် ယာမြေ၊ စိုက်ခင်းမြေများကို ဦးဆောင်ပြီး သိမ်းယူ ခုတ်ထွင် ရှင်းလင်းနေသူသည် တားအုံဖိ ဟု အမည်ရှိသည့် TNLA တပ်ဖွဲ့မှ အရာရှိ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းများ နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ TNLA ၏ ပြောရေးဆိုခွင့်ထံသို့ ဆက်သွယ်မေးမြန်းရာ ဖြစ်စဥ် အသေးစိတ်ကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA မှ ခုတ်ထွင်ရှင်းလင်းလိုက်သည့် သစ်တောသစ်ပင်များ

“ဖြစ်စဥ်အသေးစိတ်ကို ကျနော် မသိရသေးပါဘူး၊ အရင်က တပ်မတော် နဲ့ တိုက်ပွဲဖြစ်တာ၊ RCSS နဲ့ တိုက်ပွဲ ဖြစ်တာကနေ စစ်ရှောင်ရတဲ့ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေး လုပ်ပေးတာမျိုးတော့ ရှိတယ်၊ အခုလို မြေယာတွေ ၊ သစ်တောတွေကို သိမ်းယူပြီး ခုတ်ထွင် ရှင်းလင်းတာတော့ ကျနော်မသိရသေးဘူး” ဟု TNLA တပ်ဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် နမ္မတူမြို့နယ် ပန်ချင်ကျေးရွာအုပ်စု၊ နားမတ်ကျေးရွာ နှင့် ဆိုင်းခေါ်(ဝ်)ကျေးရွာအုပ်စု အနီး၊ ၆ မိုင် ကုန်းရွာတွင် တအာင်းရွာသစ် တည်လျက်ရှိကြောင်း သိရသည်။

နမ္မတူမြို့နယ်အတွင်းသည် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့အကြား တိုက်ပွဲများအပြင် ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်းကြား ထိတွေ့တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွားရာ ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...