နမ္မတူမြို့နယ် ပြည်သူပိုင် သစ်တောမြေ နှင့် ယာမြေများကို TNLA တပ်ဖွဲ့က သိမ်းယူ

သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်း ပြည်သူပိုင် မြေဧက ၁၀ နီးပါးကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တပ်ဖွဲ့က သိမ်းယူလိုက်ကြောင်း သတင်း သိရသည်။

TNLA မှ ခုတ်ထွင်ရှင်းလင်းလိုက်သည့် သစ်တောသစ်ပင်များ

နမ္မတူမြို့နယ် ဆိုင်းခေါင်(ဝ်) ကျေးရွာ အုပ်စု (ဢိူင်ႇသၢႆးၶၢဝ်) မှ ကောင်းဆာကျေးရွာအတွင်းရှိ ဒေသခံ ပြည်သူ အစုအဖွဲ့ ပိုင်သော သစ်တောမြေ (CF) နေရာ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ မြေယာများကိုလည်း TNLA တပ်ဖွဲ့က သိမ်းယူလိုက်ကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ ပြည်သူပိုင် သစ်တောမြေ နှင့် ခြံမြေယာမြေများကို TNLA တပ်ဖွဲ့မှ အတင်းအဓမ္မသိမ်းယူ ခုတ်ထွင် ရှင်းလင်းနေခြင်း နှင့် ပတ်သက်ပြီး ဒေသခံများက ထွေအုပ်သို့ သွားတိုင်သော်လည်း မတားရဲကြောင်း ဟု အကြောင်းပြန်ခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA မှ ခုတ်ထွင်ရှင်းလင်းလိုက်သည့် သစ်တောသစ်ပင်များ

“ဘာမှ မပြောမဆိုဘဲနဲ့ သစ်တောမြေနေရာကို ခုတ်ထွင်ရှင်းလင်းကြတာ၊ ဒေသခံတွေ သွားတားတော့ သူတို့က လုပ်ရမှာပဲလို့ ပြန်ပြောတယ်၊ ဒီကိစ္စကို အုပ်ချုပ်ရေးမှူး နဲ့ ထွေအုပ်တွေဆီကို တင်ပြတော့ သူတို့လည်း မတားရဲ ဘူးတဲ့၊ သျှမ်းတပ်ကိုပဲ သွားတိုင်ပါလို့ ဒေသခံတွေကို ပြန်ပြောခဲ့တယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြေယာသိမ်းဆည်းခံရပြီး အတင်း ခုတ်ထွင်ရှင်းလင်း ခံရသည့် ပိုင်ရှင်များ စုပေါင်းကာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ထံသို့ တင်ပြရာ ဒေသအတွင်း SSPP/SSA ခရိုင်မှူးက လာရောက်တားမြစ်ပေးပြီး ခေတ္တရပ်ဆိုင်းသွားကြောင်း လည်း သိရသည်။

TNLA မှ ခုတ်ထွင်ရှင်းလင်းလိုက်သည့် သစ်တောသစ်ပင်များ

“ဌာနဆိုင် ရာတွေက မဖြေရှင်းပေးနိုင်ဘူး၊ မတားရဲဘူးလို့ ပြောတော့ ဒေသခံတွေက SSPP/SSA ကို သွားတိုင် တယ်၊ ဒေသအတွင်းက တာဝန်ခံရော၊ ဗဟိုဌာနချုပ်ကိုရော သွားတိုင်တယ်၊ ဌာနချုပ်ကတော့ ဆွေးနွေးပေးမယ် လို့ အကြောင်းပြန်ခဲ့တယ်၊ ဒေသအတွင်းက တာဝန်ရှိသူကတော့ လာတားပေးတယ်၊ ခနငြိမ်သွားပေမဲ့ ယမန်နေ့ကပဲ ထပ်လာလုပ်ပြန်ပြီ” ဟု ဒေသခံများက ဆက်ပြောသည်။

TNLA တို့မှ အဓမ္မ ခုတ်ထွင် ရှင်းလင်းလိုက်သည့် ဒေသခံ ပြည်သူ အစုအဖွဲ့ ပိုင်သော သစ်တောမြေ (CF) ဧရိယာ စုစုပေါင်းသည် ၄၀ ဧက နီးပါး ရှိနေပြီး ကျွန်းသစ် နှင့် တခြားသော အဖိုးတန်သစ်များ စိုက်ပျိုး ထိန်းသိမ်းထားရာ သစ်တောဧက ဖြစ်ကြောင်း သိရသည်။

TNLA မှ ခုတ်ထွင်ရှင်းလင်းလိုက်သည့် သစ်တောသစ်ပင်များ

လက်ရှိတွင် သစ်တောမြေ ၄၀ ဧကမှ ၅ ဧကခန့်ကို ခုတ်ထွင် ရှင်းလိုက်ပြီး အနီးပတ်ဝန်းကျင်မှ ယာမြေ ဧကများ အပါအဝင် ပြည်သူ့ယာခင်းများ၊ ဒညင်းခြံများကိုလည်း အတင်းဝင်ရောက် ခုတ်ထွင်ရှင်းလင်းသွားကြောင်း ဒေသခံများက ပြောသည်။

နမ္မတူမြို့နယ်အတွင်း ပြည်သူပိုင် သစ်တောမြေ နှင့် ယာမြေ၊ စိုက်ခင်းမြေများကို ဦးဆောင်ပြီး သိမ်းယူ ခုတ်ထွင် ရှင်းလင်းနေသူသည် တားအုံဖိ ဟု အမည်ရှိသည့် TNLA တပ်ဖွဲ့မှ အရာရှိ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းများ နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ TNLA ၏ ပြောရေးဆိုခွင့်ထံသို့ ဆက်သွယ်မေးမြန်းရာ ဖြစ်စဥ် အသေးစိတ်ကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA မှ ခုတ်ထွင်ရှင်းလင်းလိုက်သည့် သစ်တောသစ်ပင်များ

“ဖြစ်စဥ်အသေးစိတ်ကို ကျနော် မသိရသေးပါဘူး၊ အရင်က တပ်မတော် နဲ့ တိုက်ပွဲဖြစ်တာ၊ RCSS နဲ့ တိုက်ပွဲ ဖြစ်တာကနေ စစ်ရှောင်ရတဲ့ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေး လုပ်ပေးတာမျိုးတော့ ရှိတယ်၊ အခုလို မြေယာတွေ ၊ သစ်တောတွေကို သိမ်းယူပြီး ခုတ်ထွင် ရှင်းလင်းတာတော့ ကျနော်မသိရသေးဘူး” ဟု TNLA တပ်ဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် နမ္မတူမြို့နယ် ပန်ချင်ကျေးရွာအုပ်စု၊ နားမတ်ကျေးရွာ နှင့် ဆိုင်းခေါ်(ဝ်)ကျေးရွာအုပ်စု အနီး၊ ၆ မိုင် ကုန်းရွာတွင် တအာင်းရွာသစ် တည်လျက်ရှိကြောင်း သိရသည်။

နမ္မတူမြို့နယ်အတွင်းသည် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့အကြား တိုက်ပွဲများအပြင် ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်းကြား ထိတွေ့တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွားရာ ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...