Wednesday, January 28, 2026

မုံးကိုးမြို့ရောက် စစ်ရှောင်နှင့် ကူညီသူ (၄၅)ဦး ကိုဗစ် – ၁၉ ပိုးတွေ့

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ရောက် စစ်ရှောင် နှင့် စစ်ရှောင်များကို ကူညီသူ စုစုပေါင်း (၄၅)ဦး ကိုဗစ် – ၁၉ ကူးစက်ခံ နေရကြောင်း သတင်းရရှိသည်။

မုံးကိုးမြို့နယ်အတွင်းတွင် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) နှင့် စစ်ကောင်စီတပ် တို့ တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် မုံးကိုးမြို့နယ် ကောင်လုံကျေးရွာ ပြည်သူများနှင့် ၎င်းတို့ကို ကူညီပေးနေသည့် သူများ ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း မုံးကိုးမြို့ခံ စစ်ရှောင်ကူညီသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အရင်က ကောင်းလုံရွာကို စစ်ကောင်စီတွေက ဝင်ထွက်သွားလာမှုတွေ လုပ်တယ်လေ၊ ရိက္ခာတွေအတွက် နဲ့ တခါတလေတော့ လာလှည့်ကြည့်တာ၊ သူတို့တွေအဲ့လိုလာပြီး တစ်ပတ်ကြာလောက်နေတော့ ကောင်းလုံ ရွာသားတွေက အနံ့စပျောက်တယ်၊ စဖျားတယ်၊ သူတို့ကနေ ကူးတာလို့ ပြောရမှာပေါ့” ဟု ၎င်းကပြော သည်။

ကျေးရွာအတွင်း အဝင်အထွက်ပြုလုပ်နေသည့် စစ်ကောင်စီ စစ်သားများမှ ကူးစက်ခံနေရခြင်းဖြစ်ကြောင်း နှင့် လက်ရှိတွင် မုံးကိုးမြို့ပေါ်သို့ စစ်ရှောင်များကို ကူညီသယ်ဆောင် လက်ခံပေးသူများကိုလည်း ကိုဗစ် – ၁၉ ကူးစက်ခံနေရမှုများရှိနေကြောင်း သိရသည်။

“စစ်ဘေးရှောင် ပြည်သူတွေအပြင် ကျနော်တို့မှာ စစ်ရှောင်တွေကို ကူညီလက်ခံကြတဲ့ မုံးကိုးမြို့က ကူညီသူ တချို့လည်း ပြန်ကူးစက်ခံနေကြတယ်၊ အခု ကျွန်တော်တို့ စစ်ရှောင်ဒေသအတွင်းမှာ ကိုဗစ် – ၁၉ ဖြစ်တာ ၄၅ ယောက်လောက်ရှိတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များက ၎င်းတို့ တပ်သားအင်အား တိုးချဲ့ မှုများ အဆက် မပြတ်ပြုလုပ်နေသည့်အပြင် ၎င်းတို့၏ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ကာ ထိုးစစ်ဆင်မှုများ ကြောင့် နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ တစ်ထောင်ကျော် ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...