Friday, April 26, 2024

ကိုဗစ် ကာကွယ်ဆေးထိုးတဲ့ နမ့်ခမ်း စေတနာ့ဝန်ထမ်း (၇)ဦး ကိုဗစ် ကူး

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စေတနာ့ဝန်ထမ်း (၃) လခန့် နေအိမ်သို့ မပြန်ဘဲ ကိုဗစ်-၁၉ တတိယလှိုင်း ကို လုပ်ဆောင်ရာမှာ အဖွဲ့ဝင် (၇) ဦး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်းမြို့ အဝင်ဆိုင်းဘုတ်( ဓာတ်ပုံ ဒေသခံ)

ထို ကူးစက်ခံရသည့် သူများသည် နမ့်ခမ်းပရဟိတ လူမှုကူညီရေးအသင်း နှင့် နမ့်ခမ်း ကြက်ခြေနီ များ သင်းမှ စေတနာ့ဝန်ထမ်း စုစုပေါင်း (၇) ဦး ကိုဗစ်-၁၉ ကူးစက်ခံရသည်။

“ကျနော်တို့ မိသားစု နဲ့ အတူမနေဘဲ အိမ်မပြန်တာ (၃) လလောက်ရှိတော့မယ်။ ကျနော်တို့လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ အားလုံးထိုးထားပါတယ်။ သတိထားပြီးတော့ နေထိုင်ရင်း ဖြစ်သွားတာပဲ” ဟု နမ့်ခမ်းပရဟိတ အဖွဲ့ဝင် တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စက်တင်ဘာ (၁၆) ရက်ထိ ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း (၁၄၉၉) ဦး၊ သေဆုံးသူ (၇၁) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၁၁၉၃) ဦး နှင့် လက်ရှိ နမ့်ခမ်းပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူသူ (၂၃၃) ဦး တို့ရှိကြောင်း စုံစမ်းသိရှိရသည်။

“နမ့်ခမ်းမြို့မှာ ကိုဗစ်-၁၉ ကူးစက်မှုနည်းလျော့နည်းလာပြီး သေဆုံးမှုနှုန်းလည်း လျော့နည်းလာပြီ” ဟု နမ့်ခမ်းပရဟိတ တစ်ဦး ကပြောသည်။

ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပေါ်လာပြီးနောက် နမ့်ခမ်းမြို့ရှိ ပရဟိတ လူမှုကူညီရေးအသင်းများသည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်သို့ မပြန်တော့ပဲ ရုံးမှာသာနေထိုင်ခြင်း ၊ မိသားစု နဲ့ ထိတွေ့မှု မရှိစေရန်အတွက် လိုအပ်သည့် ပစ္စည်းများကို ဖုန်းဆက်အကြောင်းကြားပြီး အိမ်ရှေ့ တံခါးမှာ ချထားပြီး ပစ္စည်းများ သွားယူရကြောင်း စုံစမ်းသိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article