ကျောက်မဲ မန်ခါစစ်ရှောင်စခန်း ကိုဗစ်ကူးစက်ခံရသူ (၁၀၀)ကျော်ထိ ရှိလာ

သျှမ်းမြောက် ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်းမှ ကိုဗစ်ကူးစက်ခံရသူ (၁၀၀)ကျော်ထိ ရှိလာကြောင်း သတင်းရရှိသည်။

ကျောက်မဲ မန်ခါစစ်ရှောင်စခန်းတွင် ပန်ဟုန်၊ လွယ်ကုန်ကျေးရွာတို့မှ စစ်ရှောင် (၂၆၀)ကျော် ရောက်ရှိခိုလှုံနေတာဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ (၁၂)ရက် ယမန်နေ့က ကိုဗစ်ပိုးကူးစက်ခံရသူ ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မန်ခါစစ်ရှောင်စခန်းမှာ ကိုဗစ်ကူးစက်ခံရတာက (၁၀၀)ဝန်းကျင်ထိ ရှိသွားပြီ၊ စခန်းက တစ်ဝက်ကျော်လောက်ကို ကိုဗစ်ကူးစက်ခံထားရတာ၊ ခု စစ်ရှောင်စခန်းနားက စာသင်ကျောင်းမှာ သီးသန့်ထားပြီး ကုသနေတယ်” ဟု ကျောက်မဲ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းတွင် ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ်ကူးစက်ခံရသူ (၁၉)ဦး တွေ့ရှိခဲ့ရပြီး မိုင်းတင်းကျေးရွာအုပ်စု နမ့်ဆော့စစ်ရှောင်စခန်းတွင်လည်း ကိုဗစ်ကူးစက်ခံရသူ (၂၄)ဦး တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့အပြင် ကျောက်မဲတွင် ပြီးခဲ့သည့် စက်တင်ဘာ (၁၂)ရက် ယမန်နေ့က ကိုဗစ်ကူးစက်ခံရသူ (၁၂၀)ကျော်ရှိခဲ့ပြီး စစ်ရှောင်ထဲမှ အများဆုံးတွေ့ရှိခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ရှောင်စခန်းမှာက အားလုံး စုပြီး နေရတာဆိုတော့ ကိုဗစ်ကူးရင်လည်း အစုလိုက် အပြုံလိုက်ဖြစ်သွားတယ်၊ ရွာမှာနေတော့ ဗုံးသံ၊ သေနတ်သံတွေကြောက်လို့ စစ်ရှောင်ပြေးလာရတယ်၊ ခုက ကိုဗစ်ကူးစက်ခံရတော့ တော်တော်ခက်ခဲနေပြီ” ဟု စစ်ရှောင်များကို ကူညီနေသည့် ကျောက်မဲဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကိုဗစ်ကူးစက်ခံရသည့် စစ်ဘေးရှောင်များအား ကျောက်မဲခရိုင်ဆေးရုံကြီး၊ မိုးလုံလေလုံခန်းမနှင့် စစ်ဘေးရှောင်စခန်းအနီး စာသင်ကျောင်းတို့တွင် သီးသန့်ထားရှိထားကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် စက်တင်ဘာ (၁၂)ရက် ယမန်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ (၁၁၁၃)ဦးရှိပြီး ဆေးရုံဆင်းသူ (၇၄၆)ဦးနှင့် သေဆုံး (၆၂)ဦး ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...