Wednesday, January 28, 2026

တောင်လေးလုံးမှ ကိုဗစ်သံသယ အကျဉ်းသားများ ထောင်နေရာရွှေ့ပြောင်းစဉ် ဆန္ဒပြ

သျှမ်းပြည် တောင်ကြီးမြို့နယ် ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံး)မှ ကိုဗစ်-၁၉ သံသယရှိ အကျဉ်းသားများကို ထောင်နေရာ ရွှေ့ပြောင်းမှုများ ပြုလုပ်ပေးစဉ် ဆန္ဒပြကြွေးကြော်မှုများ ပြလုပ်ခဲ့ကြောင်း သတင်းသိရသည်။

စက်တင်ဘာ ၁၇ရက် တွင် PDF အပါအဝင် နိုင်ငံရေး ဆက်စပ်သူများထဲမှ ကိုဗစ်-၁၉ သံသယ ရှိသူများကို ထောင်နေရာပြောင်းရွှေ့ချိန် အချုပ်ကားပေါ်တွင် “ အရေးတော်ပုံအောင်ရမည်” ဟု ကြွေးကြော်ဆန္ဒပြခဲ့သည့်အတွက် ထိုနေ့တွင် တောင်ကြီးအချုပ်ခန်းထဲ တရက်လုံး ထမင်းမစားခဲ့ရကြောင်း ဖမ်းခံရသူများကို ကူညီပေးနေသည့် တောင်ကြီး ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၇ ရက်နေ့မှာပါ၊ တောင်လေးလုံးကနေ တောင်ကြီးက အမှတ် ၁ ရဲစခန်းကို ကိုဗစ်သံသယနဲ့ ကိုဗစ် ပိုးတွေ့ တဲ့ အကျဉ်းသားတွေကို သယ်လာတယ်။ အေးသာယာမရောက်ခင် ကားပေါ်က သူတို့(ဖမ်းဆီးခံရသူများ) လေးတွေက “အရေးတော်ပုံအောင်ရမည်” ဆိုပြီးတော့ ကြွေးကြော်ဆန္ဒပြတာတဲ့။ ဆန္ဒပြတဲ့အတွက် အဲ့နေ့မှာ သူတို့တနေကုန် ထမင်းမကျွေးဘူးတဲ့” ဟု ဖမ်းဆီးခံရသူများကို ကူညီပေးနေသူ တောင်ကြီးမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်းသို့ အပို့ခံလိုက်ရသော အကျဉ်းသားများ တွင် အသက် ၁၅ နှစ်သာ ရှိသည့် အမျိုးသမီးငယ် တစ်ဦးလည်းပါဝင်နေပြီး စုစုပေါင်း ၂၀ ခန့်ရှိနေကြောင်း နှင့် ၎င်းတို့ကို ထမင်းမကျွေးပဲ အငတ်ခံထားကြောင်း သိရသည်။

“သူတို့က စုစုပေါင်း ၂၀ ယောက်လောက်ရှိမယ်၊ မိန်းခလေးတွေလည်း ပါတယ်၊ တချို့ဆို ၁၅ နှစ်လောက်ပဲရှိ တယ်လို့ ကြားတယ်၊ သူတို့ကို သယ်လာတဲ့ လမ်းမှာ ကြွေးကြော်ဆန္ဒပြခဲ့လို့ ဆိုပြီး တောင်ကြီးက အချုပ်ခန်း ရောက်တော့ သူတို့တွေကို တစ်နေကုန် ထမင်းမကျွေးပဲ ထားတယ်တဲ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) ၌ သျှမ်းပြည် တောင်ပိုင်းရှိ မြို့နယ် အသီးသီးမှ အာဏာ ရှင်တော်လှန်ရေးလှုပ်ရှားသူ ၂၀၀ ကျော်ကို ထိန်းသိမ်းချုပ်‌နှောင်ထား‌ခြင်း ဖြစ်ပြီး တောင်ကြီးမြို့ နယ်မှ အများဆုံး ဖမ်းဆီးခံထားရ‌ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...