Wednesday, January 28, 2026

ကွာရန်တင်းဝင်နေသည့် ရဲတပ်ဖွဲ့ဝင်များ ကျန်းမာရေးဝန်ထမ်းအဖွဲ့ကို ရမ်းကား ဆဲဆိုပြော

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့ရှိ မိုးကုတ်ဝိပဿနာ စာသင်တိုက်တွင် ကွာရန်တင်းဝင်နေသည့် စစ်ကောင်စီ လက်အောက်ခံ တပ်သားတို့သည် ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ဆဲဆိုပြောကြောင်း ြ သတင်းသိရသည်။

မိုးကုတ်ဝိပဿနာ ကျောင်းတိုက်မှ ကိုဗစ် – ၁၉ ကွာရန်တင်း ဝင်နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက စင်တာတွင် တာဝန်ကျသည့် စေတနာ့ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်း များကို ရမ်းသမ်းစော်ကားပြောဆိုမှုများရှိနေသည့် အပြင် ပစ္စည်းများကိုလည်း ရိုက်ခွဲဖျက်ဆီးမှုများလည်း ပြုလုပ်ကြောင်း အမည်မဖော်လိုသည့် စေတနာ့ဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရက်သောက်ပြီးတော့ ရမ်းကားကြတာပါ၊ သူတို့တွေက စည်းကမ်းလိုက်နာမှုလည်း မရှိဘူး၊ ရဲတွေ ဖြစ်ပြီးတော့ တခြား Q ဝင်နေသူတွေကိုလည်း ထိခိုက်ဒဏ်ရာရအောင်လုပ်တယ်၊ အနိုင်ကျင့်တာပေါ့၊ ပစ္စည်းတွေကိုလည်း ရိုက်ခွဲသေးတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ယင်းကဲ့သို့ သောက်စားပြီး မူးသည့်အချိန်တွင် ရမ်းကားကြသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား များကို အရေးယူပြီးရန် အထက်သို့ တင်ပြသော်လည်း အရေးယူဆောင်ရွက်ခြင်းများမရှိသည့်အတွက် လက်ရှိတွင် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် အနှောင့်အယှက်ဖြစ်နေကြောင်း လည်း တောင်ကြီးမြို့တွင် ပရဟိတလုပ်ဆောင်နေသည့် အသက် ၂၀ ကျော် အရွယ် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အထက်ကို တင်ပြပါတယ်၊ သူတို့က ရဲတွေဖြစ်နေတယ်ဆိုတော့လူကြီးတွေကလည်း သိပ်မပြောရဲကြဘူး ထင်တယ်၊ သက်ဆိုင်ရာဌာနတွေကိုတင်ပြတော့လည်း သူတို့လူ အချင်းချင်းဆိုတော့ အရေးမယူကြဘူး။ အခုဆို သူတို့နဲ့ Q ဝင်နေတဲ့ သူတွေကလည်း ကြောက်နေတယ်၊ ကျနော်တို့ စေတနာ့ဝန်ထမ်းတွေအနေနဲ့ လည်း အနှောင့်အယှက် ဖြစ်စေတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တောင်ကြီးမြို့ မိုးကုတ်ဝိပဿနာ စာသင်တိုက်တွင် ကွာရန်တင်းဝင်နေသည့် သူများအနက် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၂၀ ကျော် ရှိနေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...