ကျောက်မဲစစ်ရှောင် ကိုဗစ်ကူးစက်ခံရမှု မြင့်တက်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ရှောင်ပြည်သူများ ကိုဗစ်ကူးစက်ခံရမှု မြင့်တက်နေကြောင်း သိရသည်။

ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်းနှင့် နမ့်စော့စစ်ရှောင်စခန်းတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့က ကိုဗစ်ပိုး ကူးစက်ခံရသူ (၃၄)ဦးထိ တွေ့ရှိခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့က (၂၄)ယောက်ထိ ကိုဗစ်ပိုး တွေ့ခဲ့တယ်၊ နေမကောင်းတာလည်း မရှိဘူး၊ ချောင်းဆိုးတာလည်းမရှိဘူး၊ ဒါပေမယ့် ကိုဗစ်ပိုးတွေ့ခဲ့တာ၊ ဒီမှာရှိတဲ့သူအားလုံးကို စစ်ဆေးတာပါ” ဟု နမ့်ဆော့စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါစစ်ရှောင်စခန်းတွင် ပြီးခဲ့သည့် ရက်ပိုင်းက စစ်ရှောင်(၂)ဦး ကိုဗစ်ပိုး တွေ့ရှိခဲ့ရပြီး ယမန်နေ့က (၂၄)ဦးထိ ထပ်မံတွေ့ရှိခဲ့ရတာဖြစ်ကြောင်း၊ ထို့အပြင် မန်ခါစစ်ရှောင်စခန်းတွင်လည်း ကိုဗစ်ကူးစက်ခံရသူ (၁၀)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့ မိုင်းတင်းကျေးရွာအုပ်စုအတွင်း နမ့်ဆော့၊ တာလုံ၊ ပိန်းခါးနှင့် နားမွန်းစစ်ရှောင် စခန်းတို့ရှိနေပြီး ကျန်ရှိသည့် စစ်ရှောင်စခန်းများကိုလည်း ထပ်မံစစ်ဆေးသွားဖို့ရှိကြောင်း သိရသည်။

“မိုင်းတင်းကျေးရွာအုပ်စုထဲမှာကို စစ်ရှောင်စခန်းက (၄)ခုထိ ရှိတယ်၊ တခြားစခန်းကို အခြေနေ သွားကြည့်ရဦးမယ်၊ ကျန်းမာရေးမကောင်းတဲ့သူတွေရှိရင်တော့ ထပ်စစ်ဆေးကြည့်ရမယ်၊ ခုက ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းတွေ လိုအပ်နေတယ်” ဟု ကျောက်မဲစစ်ရှောင်ကူညီသူ အမျိုးသမီး တစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ တာလုံစစ်ရှောင်စခန်းတွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ် ကူးစက်ခံရသူ (၁၂)ဦး တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့နယ်တွင် စက်တင်ဘာ (၉)ရက် ယမန်နေ့အထိ ကိုဗစ်ကူးစက်ခံရသည့် စစ်ဘေးရှောင်ပြည်သူ (၅၇)ဦးထိ တွေ့ရှိခဲ့ရပြီး တချို့စစ်ရှောင်စခန်းတွင် ကျန်းမာရေးမကောင်းသည့် စစ်ရှောင်များလည်း ရှိနေကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လနှင့်သြဂုတ်လတွင် စစ်ရှောင်ထွက်ပြေးရသူ ထောင်ချီရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...