Wednesday, January 28, 2026

ကျောက်မဲစစ်ရှောင် ကိုဗစ်ကူးစက်ခံရမှု မြင့်တက်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ရှောင်ပြည်သူများ ကိုဗစ်ကူးစက်ခံရမှု မြင့်တက်နေကြောင်း သိရသည်။

ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်းနှင့် နမ့်စော့စစ်ရှောင်စခန်းတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့က ကိုဗစ်ပိုး ကူးစက်ခံရသူ (၃၄)ဦးထိ တွေ့ရှိခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့က (၂၄)ယောက်ထိ ကိုဗစ်ပိုး တွေ့ခဲ့တယ်၊ နေမကောင်းတာလည်း မရှိဘူး၊ ချောင်းဆိုးတာလည်းမရှိဘူး၊ ဒါပေမယ့် ကိုဗစ်ပိုးတွေ့ခဲ့တာ၊ ဒီမှာရှိတဲ့သူအားလုံးကို စစ်ဆေးတာပါ” ဟု နမ့်ဆော့စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါစစ်ရှောင်စခန်းတွင် ပြီးခဲ့သည့် ရက်ပိုင်းက စစ်ရှောင်(၂)ဦး ကိုဗစ်ပိုး တွေ့ရှိခဲ့ရပြီး ယမန်နေ့က (၂၄)ဦးထိ ထပ်မံတွေ့ရှိခဲ့ရတာဖြစ်ကြောင်း၊ ထို့အပြင် မန်ခါစစ်ရှောင်စခန်းတွင်လည်း ကိုဗစ်ကူးစက်ခံရသူ (၁၀)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့ မိုင်းတင်းကျေးရွာအုပ်စုအတွင်း နမ့်ဆော့၊ တာလုံ၊ ပိန်းခါးနှင့် နားမွန်းစစ်ရှောင် စခန်းတို့ရှိနေပြီး ကျန်ရှိသည့် စစ်ရှောင်စခန်းများကိုလည်း ထပ်မံစစ်ဆေးသွားဖို့ရှိကြောင်း သိရသည်။

“မိုင်းတင်းကျေးရွာအုပ်စုထဲမှာကို စစ်ရှောင်စခန်းက (၄)ခုထိ ရှိတယ်၊ တခြားစခန်းကို အခြေနေ သွားကြည့်ရဦးမယ်၊ ကျန်းမာရေးမကောင်းတဲ့သူတွေရှိရင်တော့ ထပ်စစ်ဆေးကြည့်ရမယ်၊ ခုက ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းတွေ လိုအပ်နေတယ်” ဟု ကျောက်မဲစစ်ရှောင်ကူညီသူ အမျိုးသမီး တစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ တာလုံစစ်ရှောင်စခန်းတွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ် ကူးစက်ခံရသူ (၁၂)ဦး တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့နယ်တွင် စက်တင်ဘာ (၉)ရက် ယမန်နေ့အထိ ကိုဗစ်ကူးစက်ခံရသည့် စစ်ဘေးရှောင်ပြည်သူ (၅၇)ဦးထိ တွေ့ရှိခဲ့ရပြီး တချို့စစ်ရှောင်စခန်းတွင် ကျန်းမာရေးမကောင်းသည့် စစ်ရှောင်များလည်း ရှိနေကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လနှင့်သြဂုတ်လတွင် စစ်ရှောင်ထွက်ပြေးရသူ ထောင်ချီရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...