သမီးလေးအသက်ကို လုယူသွားတဲ့ စစ်ဘီလူး

“အမေ ဘယ်လို ဖြေဆည်ရမှာလဲ ချစ်သမီးလေးရယ်… ။ သမီး နဲ့ နောက်ထပ် စကားပြောနိုင်ဖို့ အမေဘယ်လို လုပ်ရမလဲ..။ မျက်လုံးလေးဖွင့်ပြီး အမေ့ကို ပြောပြပါလား သမီးရယ်“လို့ သျှမ်းဘာသာ စကားနဲ့ ငိုယိုပြီး ပြောတဲ့သူကတော့ သမီးလေးနဲ့ ၈ နှစ်ကျော်ကြာ ခွဲခွာပြီး တိုင်းတပါးမှာ အလုပ်လုပ်နေတဲ့ မိခင်ဖြစ်သူ နန်းငွေလှ ဖြစ်ပါတယ်။

သူမရဲ့ သမီးလေးဟာ (နိုဝင်ဘာ ၉ ရက်) မနက် အစောပိုင်းမှာ လားရှိုးမြို့နယ် မိုင်းတင်ကျေးရွာအုပ်စု ကောင်းကံကျေးရွာထဲကို ရှိနေစဉ် စစ်တပ်ဘက်က ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နန်းငွေလှရဲ့ အသက် ၁၁ နှစ်အရွယ်ရှိ နန်းဆိုင်ကို လာထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တာပါ။

Photo- Credit ( လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားသည့် နန်းဆိုင်)

အဲ့ဒီ ပွဲချင်းပြီး သေဆုံးခဲ့တာကတော့ နန်းဆိုင် တစ်ယောက်တည်းမဟုတ်ပါဘူး။ ကလးငယ် (နန်းဆိုင်) နဲ့အတူ အသက် ၆၀ အရွယ်ရှိ နိုင်းမွန်း နဲ့ အသက် ၄၀ အရွယ်ရှိ နန်းရွှေတို့လည်း အပါအဝင်ဖြစ်ပါတယ်။

နန်းဆိုင် သုံးနှစ်သမီးအရွယ်မှာ မိဘနှစ်ပါးက စိတ်သဘောထား မတိုက်ဆိုင်တဲ့အတွက် လမ်းခွဲခဲ့ကြပြီး၊ မိခင်ဖြစ်သူကတော့ ထိုင်းနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်ကာ သူမက ဖခင်နဲ့အတူ ကျေးရွာမှာ အတူနေထိုင် ကျန်ခဲ့ပါတယ်။

သမီးလေး မသေဆုံးခင်အချိန်မှာ ဖခင်ဖြစ်သူ စိုင်းတားနဲ့အတူ မိုင်းတင်ကျေးရွာအုပ်စု ကောင်းကံကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင် ခိုလှုံခဲ့ကြပါတယ်။

“ကျနော်တို့က ညအချိန်ဆိုရင် ဘုန်းကြီးကျောင်းမှာ သွားအိပ်တယ်။ မနက်ဆိုရင် အိမ်ပြန်ပြီး ချက်ပြုတ် စားသောက်၊ ဘုန်းကြီးကျောင်း ယူသွားတယ်” လို့ ဖခင်ဖြစ်သူ စိုင်းတားက ဝမ်းနည်းတဲ့ လေသံနဲ့ ပြောလာပါတယ်။

Photo- Credit ( လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားသည့် နန်းဆိုင်)

အဲ့နေ့ မနက် အိမ်ပြန်ထမင်းချက်ပြုတ်နေချိန် ရွာထဲ လက်နက်ကြီး ပေါက်ကွဲသံ မကြာခဏ ဆိုသလို ကြားနေတာကြောင့် သမီးလေးကို လုံခြုံမယ်ထင်တဲ့ ဘုန်းကြီးကျောင်းကို ပြန်သွားနေဖို့ ဖခင်ဖြစ်သူက ပြောခဲ့ပါတယ်။ ဒါပေမယ့် သမီးလေးဟာ ဘုန်းကြီးကျောင်းကို ချက်ချင်းမပြန်ဘဲ ရွာထဲက အသိအိမ်ရှေ့မှာ အဖွား တစ်ယောက်နဲ့ အတူ မီးလှုံနေပါတယ်။

“ အဲ့နေ့ ကျနော်တို့ အိမ်ပြန်သွားပြီး မနက်စာ စားဖို့ ချက်ပြုတ်ကြတာ။ လက်နက်ကြီးသံကြားလို့ ကျနော့်သမီးကို ဘုန်းကြီးကျောင်းမှာ သွားနေခိုင်းတာ။ သမီးက အဲ့ကိုတန်းမသွားဘဲ ရွာထဲက အိမ်တစ်လုံးရှေ့မှာ အဖွားတစ်ယောက်နဲ့အတူ မီးလှုံနေကြတာ။ အုန်းခနဲ့ ပေါက်ကွဲသံကြားတော့ ကျနော်လည်း အဲ့အိမ်ကိုတန်းပြီး ပြေးသွားတာပဲ။ မီးပုံဘေးမှာ ကျနော်သမီးလေး ခွေပြီးလှဲနေတာ တွေ့လိုက်တယ်။ စိတ်ထဲမှာတော့ ငါ့သမီးလေး အသက်ရှိသေးတယ် ထင်တာပေါ့။ ဒါပေမယ့်…” ဟု နန်းဆိုင်ရဲ့ ဖခင်ဖြစ်သူ စိုင်းအိုက်တားက ဝမ်းနည်းစွာနဲ့ ပြောပြလာပါတယ်။

သူတို့ သားအဖတွေဟာ နေအိမ်ကို ခေတ္တခဏ ပြန်သွားစဥ် အတောအတွင်းမှာ အခုလို အဖြစ်ဆိုးနဲ့ သမီးလေး သေဆုံးသွားတဲ့အတွက် ဖခင်တယောက် ယူကြုံးမရအောင် ခံစားနေရပါတယ်။

Photo- Credit ( နန်းဆိုင်)

“အဲ့နေ့တုန်းက ကျနော်လက်ထဲမှာ သေနတ်သာ ရှိရင် ကျနော်တိုက်ပွဲထဲကို ကိုယ်တိုင်ဝင်ပစ်မှာ။ သွေးတွေ တပွတ်ပွတ် ဆူနေတယ် “ လို့ စိုင်းအိုက်တား တစ်ယောက် တုန်ရီတဲ့ လေသံနဲ့ ပြောလာပါတယ်။

“သမီးလေးကောင်းစားဖို့အတွက် ထိုင်းမှာအလုပ်လာလုပ်တာ ၇ နှစ်ကျော် နေပြီ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ဘဲ ငါ့သမီးလေး လက်နက်ကြီးကြောင့် သေဆုံးရပြီ “ ဟု မိခင်ဖြစ်သူ နန်းငွေလှကလည်း သူ့သမီးလေး သေဆုံးရတဲ့အကြောင်းကို ဝမ်းနည်းစွာ ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အကြိမ်ကြိမ် ရေးသားဖော်ပြနေခဲ့ပါတယ်။

အလားတူ အဲ့ရက်မှာပဲ  အသက် ၄၀ အရွယ် နန်းရွှေ တစ်ယောက်လည်း ချက်ပြုတ်နေစဉ်အတွင်း လက်နက်ကြီးက အဲ့နားတဝှိက်မှာ ကျရောက် ပေါက်ကွဲတဲ့အတွက် ခြေထောက်တဖက် ပြတ်သွားပြီး ဆေးရုံအရောက် သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ရပါတယ်။

ဒါတွေဟာ အောက်တိုဘာလ ၂၇ ရက်က ညီနောင်မဟာမိတ်သုံးဖော် စတင်ဖော်ဆောင်လာတဲ့ “ ၁၀၂၇ စစ်ဆင်ရေး “ မြို့သိမ်းတိုက်ပွဲရဲ့ နောက်ဆက်တွဲက အကျိုးဆက် အချို့လို့ ပြောရမှာပါ။ စစ်အာဏာရှင် အမြတ်ပြတ်ရေး၊ တရုတ်နယ်စပ် အပါအဝင် မြန်မာနိုင်ငံမှာ ကျယ်ပြန့်လာတဲ့ အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဖော်ဆောင်လာတဲ့ ဒီတိုက်ပွဲကြားမှာ နှစ်ဖက်တပ်ဖွဲ့ရဲ့ ကျဆုံးမှု၊ ပြည်သူထိခိုက်မှု၊ နေအိမ် ထိခိုက်ပျက်စီးမှု အများအပြားလည်း ပေးဆပ်နေရပြန်ပါတယ်။

Photo- Credit ( နန်းဆိုင် နှင့် သူမ၏ မိခင်)

ဒီလိုအချိန်မှာ စစ်ကောင်စီဟာ ပြည်သူတွေကို မငှဲ့ညာဘဲ ထင်သလိုသာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ စတဲ့ လုပ်ရပ်တွေကြောင့် မသေသင့်တဲ့ ပြည်သူတွေလည်း သေဆုံးရတယ်လို့ လားရှိုးမြို့  ပြည်သူတစ်ဦးက ပြောဆိုလိုက်ပါတယ်။

သျှမ်းသံတော်ဆင့်မှ သီခြားအတည်ပြုထားတဲ့ မှတ်တမ်းစာရင်းအရ လဝက်ကြာ “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကြားမှာ သေဆုံးသူ (၁၀၀) ကျော်အထိရှိလာပြီး အဲ့ထဲမှာ ကလေးနဲ့ အမျိုးသမီးကတော့ ထက်ဝက်ကျော်ထိ ရှိပါတယ်။

လက်လှမ်းမှီသလောက်သာ ပြုစုထားတဲ့ မှတ်တမ်းစာရင်းဖြစ်တာကြောင့် မြေပြင်မှာ ဒီထက်မက သေဆုံးမှု ရှိနိုင်ပါတယ်။

ဆက်လက်ပြီး လက်နက်ကြီးထိမှန်တဲ့  ဖြစ်ရပ်မျိုးကို လားရှိုးမြို့နယ် ဝမ်မိုင်ကျေးရွာအတွင်း  ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ နန်းမွန်း (အမည်လွှဲ) က “ စစချင်း အုန်းခနဲ နဲ့ အသံအကျယ်ကြီး ကြားလိုက်တာပဲ။ အိပ်နေရင်းတန်းလန်းတောင် နိုးလာတယ်။ လူသံတွေလည်း ဆူနေတာပဲ။ ကျမလည်း ထပြေးပြီး သွားကြည့်လိုက်တော့ အိမ်ထဲမှာ ကလေးတစ်ယောက်  လှဲနေတယ်။ သူ့အဖေကလည်း သူ့ကိုပွေ့ထားတယ် “ လို့ စိတ်မကောင်းစွာနဲ့ ပြောပြလာပါတယ်။

Photo – Credit ( လားရှိုးစစ်ရှောင်စခန်း)

ညကြီးမင်းကြီး လူတွေအိပ်မောနေတဲ့ ညသန်းခေါင်ယံ မှောင်မဲမဲအချိန်မှာ နေအိမ်ပေါ် ရုတ်တရက် လက်နက်ကြီး ကျရောက်ပေါက်ကွဲလာတာကြောင့် အိပ်မောနေကြတဲ့ အသက် ၁၅ နှစ်နဲ့ အသက် ၁၉ နှစ်အရွယ် လူငယ် ၂ ဦးတို့မှာ အိပ်မက်ဆိုးနဲ့အတူ ခြေထောက်၊ ပေါင်တွေအနားမှာ သွေးစက် တပေါက်ပေါက်ကျတဲ့ အဆင့်ထိ ဒဏ်ရာရရှိခဲ့ပါတယ်။

သူတို့တွေဟာ လားရှိုးမြို့နယ် ဝမ်းမိုင်ကျေးရွာက စစ်ဘေးရှောင်တွေဖြစ်ကြပြီး အဲ့ဒီညဖြစ်ပျက်ချိန်မှာတော့ ဒဏ်ရာရရှိတဲ့ လူငယ် ၂ ဦးကို ဆေးကုသဖို့အတွက် လက်နက်ကြီးကျနေရာ ဝမ်းမိုင်ကျေးရွာကနေ ဟိုပိတ်ကျေးရွာကို အိမ်စီးကားတစ်စီးထဲ လူ ၉ ယောက်စီးကာ မှောင်မှောင်မဲမဲ ဆက်ပြီးထွက်ပြေးခဲ့လာကြပါတယ်။

“ ညသန်းခေါင်ယံကြီး ထွက်ပြေးရတာ။ အိမ်ကနေ ထွက်လာတာ ၁၂ နာရီ ၂၀ မိနစ်လောက်ရှိပြီ။ ညကြီးဆိုတော့ လမ်းမှာ ဖြေးဖြေးမောင်းလာရတာ။ ဒဏ်ရာရတဲ့သူကိုလည်း ဆေးထိုးပေးတာနဲ့ အပ်ချုပ်တာနဲ့ နံနက် ၂ နာရီလောက်မှ တခြားရွာကိုရောက်တာ “ ဟု ထွက်ပြေးတိမ်းရှောင်ရစဉ်အတွင်း ဘဝအဖြစ်ပျက်တချို့ကို နန်းမွန်းက ပြောပြနေပါတယ်။

Photo by SHAN/ လားရှိုးမြို့မန်ဆူဘုန်းကြီးကျောင်းသို့ အီနိုင်းရွာမှစစ်ရှောင်များ ရောက်ရှိ

“ ၁၀၂၇ စစ်ဆင်ရေး “ ခေါင်းစဉ်အောက်က စစ်ကောင်စီတပ် နဲ့ ညီနောင်မဟာမိတ် သုံးဖော်တို့အကြား တိုက်ပွဲတွေကြောင့် သျှမ်းမြောက်မြို့နယ် ၁၂ ခုမှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင် ဦးရေ စုစုပေါင်း ၈ သောင်းကျော် ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNHCR) က ကြေညာထားပါတယ်။

ဒါပေမယ့် အဲ့ဒီတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေ နေ့စဉ်နှင့်အမျှ ဆက်ပြီးရှိနေတာကြောင့် တချို့စစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ တရိပ်ရိပ် နဲ့ တိုးလာနေပါတယ်။

အဲ့အပြင် တိုက်ပွဲကြားက နှစ်ဖက်တပ်ဖွဲ့က အရပ်သား နေအိမ်၊ ပြည်သူလူထုကြား ဝင်ရောက်နေမှုတွေ ပြုလုပ်နေကြတာကြောင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်လာတဲ့အခါ ပြည်သူတွေက တိုက်ပွဲကြားက မြေစာပင်လို ဖြစ်နေပါတယ်။

လားရှိုးမန်ဆူ စစ်ရှောင်

ဒါ့ကြောင့် သျှမ်းပြည်သူလူထုတွေက စစ်အာဏာရှင် အမြတ်ပြတ်ရေး တိုက်ပွဲထက် မိသားစုဝင်၊ သူငယ်ချင်းနဲ့ ချစ်သူရတွေကို နာကျင်စွာ ခွဲခွာရခြင်းမျိုး တိုက်ပွဲကို မလိုလားကြတာပါ။

“ဖြစ်နိုင်ရင်တော့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တာတွေ မြန်မြန်ပြီး၊ မြန်မြန် ရပ်သွားချင်တာပေါ့ “ ဟု လားရှိုးမြို့နယ် စစ်ဘေးရှောင်တစ်ဦးကလည်း တောင်းဆိုထားပါတယ်။

လူသားတိုင်း တနေ့မဟုတ် တနေ့ ခွဲခွာခြင်းဆိုတဲ့ အရာကို  ကြုံကြမှာဖြစ်ပေမယ့် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကျန်းမာရေးချို့တဲ့လို့ အသက်ကို နုတ်ယူခံရခြင်းမဟုတ်ဘဲ လက်နက်ကြီးကြောင့် ကလေးငယ်တွေရဲ့ အသက်ကို လုယူသွားဟာ အလွန်ပင် ရွံ့ကြောက်မုန်းတီးစရာပါလားလို့ နန်းဆိုင်ရဲ့ မိခင် နန်းငွေ က လေသံတိုးတိုးနဲ့ သျှမ်းလိုပြောပါတယ်။

လားရှိုးမန်ဆူရောက် စစ်ရှောင်များ

“သမီးလေးနဲ့ ပထမတကြိမ် ခွဲခွာတုန်းက ပြန်ဆုံကြမယ်ဆိုတဲ့ အသိရှိတယ်။ ဒီ ဒုတိယအကြိမ်တော့ သမီးက အမေကို အပြီးခွဲခွာသွားပြီ၊ ဒီစစ်ကြောင့် သမီးသေရတာ” လို့ နန်းငွေလှက ဝမ်းနည်းစွာနဲ့ဆိုပြန်ပါတယ်။

စစ်ပွဲတွေ ပဋိပက္ခတွေ ရှိနေသေးသရွေ့ နန်းငွေလှတို့လို မိခင်တွေဟာ အပူအပင်တွေနဲ့ သား၊ သမီးတွေ အရင်ခွဲခွာမှာလား၊ မိဘတွေပဲ အရင်ခွဲခွာပြီး ကလေးတွေ မိဘမဲ့ အနေနဲ့ကျန်ရစ်မှာလားဆိုတဲ့စိတ်နဲ့ တစ်ရက်ပြီးတစ်ရက် ကျော်ဖြတ်နေရတဲ့ အချိန်ပါပဲ။

“ စစ်ပွဲတွေ ဖြစ်နေသရွေ့ ကလေးတွေက မိဘမဲ့ ဖြစ်မှာလား၊ မိဘတွေကပဲ သား၊ သမီးတွေ ဆုံးရှုံးမှာလားဆိုတာ ကိုယ်ချင်းစာစိတ်ရှိစေချင်တယ်။ ကျမမှာ သမီးတစ်ယောက်လည်း ပေးဆပ်လိုက်ရပြီး၊ တိုက်ပွဲလည်း အမြန်ချုပ်ငြိမ်းပါတော့” လို့ သမီးလေးဆုံးရှုံးလိုက်ရတဲ့ နန်းငွလှက တောင်းဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...