နမ့်ခမ်းမြို့နယ် စစ်ကောင်စီ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း ယနေ့ (ဒီဇင်ဘာလ ၈ ရက်) နေ့လည်အချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံ စုံစမ်း သိရသည်။

ယနေ့ (ဒီဇင်ဘာလ ၈ ရက်) နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ် နောင်စန့်ရပ်ကွက် အတွင်း စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် အလေးချိန် ပေါင် ၅၀၀ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း နမ့်ခမ်းမြို့နယ် ‌ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီနေ့ နေ့လယ်ပိုင်းလောက်က စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ အလေးချိန် ပေါင် ၅၀၀ ရှိတဲ့ ဗုံးနဲ့လာကြဲသွားတာ။ နေအိမ်တွေတော့ ထိခိုက်ပျက်စီးသွားတယ်။ တော်သေးလို့ အိမ်နဲ့ နည်းနည်းဝေးတဲ့ နေရာမှာကျတာ။ လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး” ဟု ၎င်း‌ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်)တွင်လည်း နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ ၅ ရွာအနီးကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၅ ဦး ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် စစ်ဘေးရှောင်တစ်ဦးက “ စစ်ကောင်စီက ဗုံးလာကြဲတာ အချိန်အခါကို မရှိဘူး။ တချို့ရက်တွေဆို ၂ စင်း၊ ၃ စင်း လာတာလည်းရှိတယ်။ နေ့တိုင်းလိုလို လာနေတာပဲ ကျနော်တို့တွေမှာ တောင် ညဘက်အိပ်ရင် ကြောက်နေရတယ် “ ဟု ၎င်းက ဆိုပြန်သည်။

ထို့အပြင် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်း ၁ ကုန်းအား “ ၁၀၂၇ စစ်ဆင်ရေး “ စတင်ချိန်မှ ညီနောင်မဟာမိတ်သုံးဖော်တို့ ထိုးစစ်ဆင်တိုက်ခိုက်လာရာ ၁ လကျော် ကြာမြင့်ခဲ့သော်လည်း လက်ရှိအချိန်ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

မြေပြင်စစ်ရေး အင်အားနည်းပါး လာသည့် စစ်ကောင်စီတပ်ဖွဲ့ကလည်း လေယာဉ်ဖြင့် တန်ပြန် ဗုံးကြဲတိုက်ခိုက်နေလျက် ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...