သျှမ်းပြည် စစ်ရှောင် ၂ သောင်း နီးပါးရှိလာ၊ စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်

သျှမ်းပြည် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတလျှောက်ရှိ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၂သောင်းနီးပါးထိရှိလာပြီး၊ စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေသည်ဟု စုံစမ်းသိရသည်။

လားရှိုး စစ်ရှောင်

ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်အပေါ် ဆင်နွှဲနေသည့် “စစ်ဆင်ရေး-၁၀၂၇”ကြောင့် ယနေ့ (အောက်တိုဘာ ၃၁)ရက်နေ့အထိ သျှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး၊ သိန္နီ၊ နောင်ချို၊ ကျောက်မဲ နောင်ပိန်၊ ကွတ်ခိုင်၊ ချင်းရွှေဟော်နှင့် နမ့်တစ်မြို့များတွင် စစ်ဘေးရှောင်ဦးရေ ၂ သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့နယ်တွင် မြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်စခန်း ၁၀ ခုကျော် ဖွင့်လှစ်ထားပြီး စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၆၀၀၀ ကျော်အထိ ရှိလာကာ ၎င်းတို့အထဲတွင် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၌ စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ခန့်ဖြင့် အများဆုံးဖြစ်သည်ဟု လားရှိုး‌ဒေသခံများက ပြောသည်။

“အခုမန်ဆူကျောင်းမှာက စစ်ဘေးရှောင် ၃၀၀၀ ကျော်အထိ ရှိတာ။ လူအရမ်းများလာတော့ နေရာထိုင်ခင်း အခက်အခဲ ဖြစ်တာရှိတယ်။ လိုအပ်တာကတော့ အကုန်လုံးလိုတယ်။ စောင်၊ ခြင်ထောင်၊ အိပ်ယာခင်းနဲ့ အဝတ်အစားတွေပေါ့။ အထူးသဖြင့် ကလေး ၁ နှစ် ၂ နှစ် အရွယ်တွေအတွက် ဘောင်းဘီ အဝတ်အစားတွေ လိုတာ”ဟု လားရှိုးမြို့ မန်ဆူရှမ်းကျောင်းတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမန်ဆူ စစ်ရှောင်

လားရှိုးမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာ ဘုန်းကြီးကျောင်းများတွင်လည်း စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရပြီး ကျေးရွာများရှိ စစ်ဘေးရှောင်စခန်းများမှာ အကူအညီ မရောက်ရှိနိုင်ခြင်းများ ရှိနေသည်။

အလားတူ သိန္နီမြို့နယ်တွင်လည်း မြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကနဦး သိရသော်လည်း ယင်းအရေအတွက်ထက် ပိုမိုများပြားနိုင်သည်ဟု သိန္နီမြို့ဒေသခံများက ပြောသည်။

လားရှိုးမန်ဆူ စစ်ရှောင်

“စိုးရိမ်တာကတော့ အစားအသောက်ပဲ စိုးရိမ်တယ်။ လာလှူတဲ့သူ၊ လာကူညီတဲ့သူ မရှိဘူး။ မြို့အဝင်အထွက်လည်းလုပ်လို့မရဘူး။၊ တခြားသူတွေလည်း လာကြည့်လို့ မရတော့လေ။ ဒီမှာက ရေကို စက်နဲ့တင်ရတာ။ ရေကတော့ သောက်ရေသုံးရေအတွက် ချွေတာရတာပေါ့။ ရေသန့်ကတော့ မရှိတော့ဘူး၊ ပြတ်နေတယ်။ တချို့တွေဆို ရေသန့်တောင် မသောက်ကြရတော့ဘူး”ဟု သိန္နီမြို့ပေါ် ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သိန္နီမြို့နယ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲအတွင်း ပြည်သူထောင်နှင့်ချီ ပိတ်မိနေပြီး လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ သိန္နီမြို့အဝင်တံတားလည်း ဖောက်ခွဲဖျက်စီးခံရခြင်းကြောင့် ယခုအချိန်ထိ သိန္နီမြို့တွင်းသို့ အဝင်အထွက် ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် အထိနာသဖြင့် လေကြောင်းပစ်ကူနှင့်အတူ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် နောင်ချိုဒေသခံ ၁၀၀၀ ကျော်သည် သပြေတိုး၊ မြေစာကုန်းနှင့် သဖန်းကိုင်း ဘုန်းကြီးကျောင်းတို့တွင် စစ်ဘေးရှောင် ခိုလှုံနေကြရသည်ဟု သိရပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ စစ်ဘေးရှောင်စခန်း ၂ ခုတွင်လည်း စစ်ဘေးရှောင် ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေသည်ဟု သိရသည်။

ထို့ပြင်ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင်လည်း ဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လတ်တလောတွင် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေကြောင်း တအာင်းအမျိုးသမီးအဖွဲ့ (TWO)က သတင်းထုတ်ပြန်ထားသည်။

ချင်းရွှေဟော်မြို့တွင်လည်း ပြည်သူ ၁၀၀၀ ကျော်က မြို့အတွင်း ပိတ်မိနေပြီး ကယ်ဆယ်ရေးစခန်းတွင် တဲထိုးနေရကာ ‌စောင်၊ အိပ်ရာခင်းနှင့် စားနပ်ရိက္ခာတို့ လိုအပ်နေကြောင်း သိရသည်။

ချင်းရွှေဟော်မြို့၏ အရှေ့တောင်ဘက်ခြမ်းရှိ “ဝ”နယ်မြေတစ်ခုဖြစ်သည့် နမ့်တစ်မြို့တွင်လည်း ချင်း‌ရွှေဟော်၊ လောက်ကိုင်မြို့တို့မှ စစ်ဘေးရှောင် ဒေသခံ ၅၀၀၀ ကျော်ကို ကူညီပေးထားသည်ဟု “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်း၏ ပြောကြားချက်အရ သိရသည်။

သျှမ်းပြည် မြောက်ပိုင်းရှိ မြို့ကြီးများတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ဘေးရှောင်ဦးရေ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကာ တစ်မြို့နှင့်တစ်မြို့ ကူးသန်းသွားလာ၍မရဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

စစ်ရှောင် #စားနပ်ရိက္ခာ #MNDAA #ညီနောင်မဟာမိတ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...