Tuesday, January 27, 2026

လဲချားမြို့နယ် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ

သျှမ်းပြည် လဲချားမြို့နယ် ဟိုဖိုင်ကျေးရွာအတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ၎င်းနေအိမ်အနီးသို့ လာရောက်ပစ်ခတ်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လဲချားမြို့

ဖြစ်စဉ်မှာ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၈ ရက်) ညပိုင်း ၇ နာရီဝန်းကျင်တွင် လဲချားမြို့နယ် ဟိုဖိုင်ကျေးရွာနေ အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးအား ဆိုင်ကယ်တစ်စီးနှင့် လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား ၂ ဦးက ၎င်းနေအိမ်အနီးသို့ လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ညပိုင်း ၇ နာရီလောက်က ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသား ၂ ယောက်က သူ့ကိုလာခေါ်တာ။ သူ တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ ပစ်လိုက်တာ။ ၃ ချက်လောက် ပစ်သွားတယ်။ လာပစ်တဲ့သူကတော့ ဘယ်သူတွေ ဖြစ်မှန်းမသိရဘူး “ ဟု ၎င်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အမျိုးသားတစ်ဦးသည် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်မှုမရှိသည့်အပြင် ၎င်းမှာ အမျိုးသမီးနှင့် ကလေးငယ်တစ်ဦး ရှိကြောင်း ဒေသခံများ၏ ပြောချက်အရ သိရသည်။

လက်ရှိမှာ ပစ်ခတ်သွားသည့် အမျိုးသား ၂ ဦးအား ဖမ်းဆီးနိုင်ခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Mong_Nawng_Intersection

သျှမ်းပြည်အလယ်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လှုပ်ရှားနေ

0
စစ်ကော်မရှင် ထိန်းချုပ်ထားသည့် သျှမ်းပြည်အလယ်ပိုင်းဒေသတွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

တာချီလိတ်မြို့ သက်ငယ်မုဒိမ်းကျူးလွန်သည့် တရားခံ အချုပ်ခန်းထွက်ပြေးရန် ကြိုးစားနေချိန် သေနတ်ပစ်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ တွင် သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သည့် တရားခံ သူရိန်ထွန်းသည် ရဲအချုပ်ခန်းမှ ထွက်ပြေးနေစဉ် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ တာချီလတ်မြို့ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးအလောင်းဖျက်မှုဖြင့် အရေးယူခံထားရသည့် သူရိန်ထွန်းသည် သြဂုတ် ၆ ရက် နေ့လယ်ပိုင်းတွင် ရဲအချုပ်ခန်းမှ...

သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် လူငယ်တစ်ဦး အမည်မသိ လက်နက်ကိုင် သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် သိန္နီမြို့နယ် မောက်စလီကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် မြေးဖြစ်သူ လူငယ်တစ်ဦးတို့ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၃ ရက်) ညပိုင်းတွင် သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် လားရှိုး-သိန္နီ...

သျှမ်းပြည် အလယ်ပိုင်း အွန်လိုင်း (ကျားဖြန့်) ဒေသခံမျိုးစုံပြဿာနာကြုံတွေ့နေရ

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊လဲချားမြို့နယ်တွင် အွန်လိုင်း (ကျားဖြန့်) ငွေလိမ်လည်မှုများပြားလာသည့်အတွက် ဒေသခံများ မျိုးစုံပြဿနာကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။  အွန်လိုင်း (ကျားဖြန့် )ငွေလိမ်လည်မှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနစ် အောက်တိုဘာလမှစတင်ကာ လဲချားမြို့နယ် ဝမ်ပန်ကျေးရွာ၊ ဝမ်လေကျေးရွာ နှင့် ဝမ်ဟိုင့်ကျေးရွာ တို့တွင် အခြေချလာသည်။ ထိုကျားဖြန့်လုပ်ငန်းကြောင့် ဒေသအတွင်း ကုန်စျေးနှုန်းမြင့်တက်လာခြင်း၊ လူငယ်များနှင့် ဒေသခံများကို လစာများဖြင့်...

လဲချားမြို့နယ် တောင်ယာမှပြန်လာစဉ် မိသားစုလိုက် မိုင်းနင်းမိ၊ ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် လဲချားမြို့နယ်တွင် တောင်ယာမှ ပြန်လာစဉ် မိသားစုလိုက် မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၂၃) ရက် ညနေ (၄) နာရီကျော်တွင် လဲချားမြို့နယ် ဝမ်စဲ့ကျေးရွာအုပ်စု နောင်ဟွမ်ရွာနေ လင်မယားနှစ်ဦးသည် တောင်ယာမှ ပြန်လာစဉ် ဝမ်ဆန်းကျေးရွာအနီး ဟိုင်ရှန်လမ်းခွဲ တံတားထိပ်၌ မိသားစုလိုက်...