နမ့်ဖတ်ကာ လမ်းမပေါ် လက်နက်ကြီးကျ အမျိုးသမီးအပါအဝင် လူငယ် ၃ ဦးသေဆုံး

သျှမ်းပြည် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုကားလမ်းပေါ်ရှိ နမ့်ဖတ်ကာကျေးရွာတွင် လက်နက်ကြီးတစ်လုံး ကျပေါက်ကွဲမှုကြောင့် အမျိုးသမီးအပါအဝင် လူငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လက်နက်ကြီးကြောင့် သေဆုံးသွားသည့် လူငယ်( အင်္ကျီအနီရောင်ဝတ်ဆင်ထားသူ)

ယနေ့ (အောက်တိုဘာလ ၃၀ ရက်) ညနေပိုင်း ၅ နာရီကျော်တွင် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုကားလမ်းပေါ်ရှိ နမ့်ဖတ်ကားကျေးရွာ မောရှမ်းစားသောက်ဆိုင် ရှေ့သို့ လက်နက်ကြီး တစ်လုံးကျပေါက်ကွဲပြီး အနီးတဝှိက်မှ အသက် ၂၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက် အမျိုးသား ၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကွမ်းလာဝယ်တဲ့ ကောင်လေး ၂ ယောက်ကို မှန်သွားတာ။ နှစ်ယောက်စလုံးက ပွဲချင်းပြီးသွားတယ်။ အဲ့နီးနားတဝိုက်က ဆိုင်တွေကောမှန်တယ်။ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကိုလည်း ထိတယ်။ သူလည်း အဲ့မှာပွဲချင်းပြီးသွားတယ်။ တိုက်ပွဲကတော့ မဖြစ်ဘူး၊ တစ်ဖတ်သက်လက်နက်ကြီးတွေနဲ့ ပစ်နေတဲ့အသံပဲ ကြားရတာ “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အလားတူ မူဆယ် (၁၀၅) မိုင်တွင်လည်း ယနေ့ (အောက်တိုဘာလ ၃၀ ရက်) ညနေပိုင်း ၅ နာရီခွဲအချိန်၌ လက်နက်ကြီး ပစ်ခတ်သံများ ထွက်ပေါ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ လောလောဆယ် ဒီလက်နက်ကြီးက သင်္ချိုင်းကုန်းဘက်မှာ ကြားနေရတယ်။ တိုက်နေလား ဘယ်လိုလဲတော့ မသိဘူး။ သင်္ချိုင်းကုန်းနားမှာက စစ်တပ် တပ်ခွဲတစ်ခုရှိတယ်။ အဲ့မှာလက်နက်ကြီးသံကြားနေတယ်။ ဟိုဘက်ကို ပြန်ပစ်လိုက်တဲ့ ပုံစံလိုလို ကြားနေရတယ်။ ဟိုဘက်ကလည်း ဒရုန်းလာချတာထင်တယ်။ ညညဆိုရင် သူတို့ဒရုန်းနဲ့လာချတတ်တယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့ (အောက်တိုဘာလ ၃၀) ရက် နေ့လယ်ပိုင်းအချိန်တွင်လည်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်နှင့် ပန်ဆိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေလျက် ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...