ဓာတ်ပုံများမှ သတင်းစကား သို့မဟုတ် စစ်ခေါင်းဆောင်၏ အကြောက်တရား

နိဒါန်း

မတ်လ ၂၇ ရက်တွင် ဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်၏ နှုတ်ထွက်သတင်း စကားများကို ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှတဆင့် ကြားသိခဲ့ရပြီဖြစ်သည်။ အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ၎င်းတို့အား ကူညီနေသော တိုင်း ရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(ERO)အချို့ကို ပြတ်ပြတ်သားသားအရေးယူမည်ဟု ဗိုလ်ချုပ်မှူးကြီး က ဆိုထားသည်။

ဓာတ်ပုံများမှ သတင်းစကား သို့မဟုတ် စစ်ခေါင်းဆောင်၏ အကြောက်တရား

စစ်ခေါင်းဆောင်၏ ဆိုခဲ့ပါသတင်းစကားသည် လက်တွေ့မကျ၊ ဖြစ်နိုင်ခြေနည်းပါးပြီး စစ်အုပ်စုနှင့် အနွှယ် အပါးများအကြား ဝါဒဖြန့်စည်းရုံးရေးဆန်သော သတင်းစကားတစ်ရပ်သာ ဖြစ်ကြောင်း နိုင်ငံရေး၊ စစ်ရေးအကဲ ခတ်သူများက ဝေဖန်ရှုမြင်ကြပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ဗိုလ်ချုပ်မှူးကြီး၏ မိန့် ခွန်းပါသတင်းစကားများအပြင် ထူးခြားသည့် သတင်းစကားများကို ထုတ်ပြပြောဆိုနေသော ဗိုလ်ချုပ်မှူးကြီး ၏ ဓာတ်ပုံများမှ ပေးပို့လာသောသတင်းစကားများကို စိတ်ဝင်စားဖွယ်တွေးဆတင်ပြသွားပါမည်။

မိန့်ခွန်းမှတ်တမ်း

မတ်လ ၂၇ ရက်၊ နေပြည်တော်တွင် ကျင်းပသော ၇၈ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် စစ်ရေးပြ မြင်ကွင်းများ၊ ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းပြောကြားစဉ် မြင်ကွင်းများအပြင် ဦးသိန်းစိန်၊ ဦးတင်အေး စသော စစ်ခေါင်းဆောင်ဟောင်းများနှင့် ဗိုလ်ချူပ်မှူးကြီးတို့၏ တွေ့ဆုံမှုမြင်ကွင်းများသည် ထိုနေ့အတွက် ထူးခြား သည့် သတင်းမှတ်တမ်းများ ဖြစ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းတွင် ERO ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုအကြောင်း၊ NUG ၊ PDF နှင့် ၎င်းတို့အား ကူညီနေကြသော ERO များအကြောင်း၊ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအကြောင်း၊ စစ်အုပ်ချုပ်ရေးအမိန့်များနှင့် ရွေးကောက်ပွဲများအကြောင်း၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ရွေးကောက်ပွဲ စနစ်များအကြောင်း စသဖြင့် ပါဝင်ပါသည်။

မိန့်ခွန်းပါသတင်းစကားများသည် စစ်အာဏာသိမ်းကာလအတွင်း ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေရသည့် ခက်ခဲကြပ်တည်းမှုများကို လစ်ဟပြသနေသော်လည်း လက်တွေ့မကျသော သတင်းစကားများဖြင့် စစ်အုပ်စုအနွှယ်အပွားများကို ဝါဒဖြန့်စည်းရုံးရေးဆန်စွာ ပြောဆိုခဲ့သည်မှာ ထင်ရှားနေ သည်။

“အရေးကြီးတဲ့မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ပြီး ထိန်းချုပ်ဆောင်ရွက်လျက် ရှိ တယ်။ ဒါဟာ ပြည်သူများကို ထိန်းချုပ်ကန့်သတ်ခြင်းမဟုတ်ဘဲ ဒေသခံပြည်သူလူထုအကျိုးစီးပွားကို ထိခိုက် ပျက်စီးအောင် ဆောင်ရွက်နေကြတဲ့ အကြမ်းဖက်သမားများရဲ့ လုပ်ဆောင်ချက်တွေကို ထိရောက်စွာ ထိန်းချုပ် နိုင်ဖို့ပဲဆိုတာ ထည့်သွင်းပြောကြားလိုတယ်”ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သော်လည်း လက်တွေ့မြေပြင် အခြေအနေများနှင့် ကင်းကွာလျက်ရှိပါသည်။ စစ်ကောင်စီတပ်သားများ၏ ကျေးရွာအလိုက် မီးရှိုဖျက်ဆီးမှု၊ ဒေ သခံအရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများကို နေ့စဉ်မြင်တွေ့ကြားသိနေရသည်မဟုတ်ပါလား။

“အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့် အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရ သည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်”ဆိုသော စစ်ခေါင်းဆောင်၏ ကတိစကားသည်လည်း စစ်အာဏာသိမ်းကာလ အစကတည်းက ရေ ပက်မဝင်ပြောဆိုနေသော နှုတ်ထွက်စကားဖြစ်နေပြီး အရေးပေါ်ကာလကိုသာ စိတ်တိုင်းကျသက်တမ်းတိုးခွင့် ရှိနေသည်ကို တွေ့ရပါသည်။

ထိုနည်းတူစွာ NUG အပါအဝင် PDF များနှင့် ၎င်းတို့အား ကူညီနေသော ERO များကို ပြတ်ပြတ်သားသား အရေး ယူသွားမည်ဆိုသော သတိပေးစကားသည်လည်း စစ်ခေါင်းဆောင်နှင့် မြင်ပြင်သတင်းအချက်အလက်များ အကြား ကင်းကွာမှုကို ပြသနေသည်ဟု ဆိုနိုင်ပါသည်။

စစ်ရေးပြအခမ်းနားမတိုင်ခင် မတ်လ ၂၆ရက်နေ့ ည ၇နာရီခွဲခန့်အချိန်က ကိုဇေယျာသော်မွေးနေ့အဖြစ် စစ်ရေး ပြလေ့ကျင့်ရေးကွင်းအား ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရသည့် သတင်းဖြစ်စဉ်ကိုပင် ဗိုလ်ချုပ်မှူးကြီးတစ် ယောက် သိရှိနိုင်ပါ့မလားဟု မေးခွန်းထုတ်ဖွယ်ဖြစ်သည်။


ထူးခြားသည့် ဓာတ်ပုံများမှ သတင်းစကား

လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လာနေသော ဗိုလ်ချုပ်မှူးကြီး၏ ဓာတ်ပုံများကမူ ပြည်သူလူထုအကြား သတင်းစကားမျိုးစုံ ပေးပို့လျက်ရှိနေပါသည်။ ဗိုလ်ချုပ်မှူးကြီးသည် အထက်တွင်ဆိုခဲ့သလို မြေပြင်သတင်းအ ချက်အလက်များနှင့် ကင်းကွာနေခြင်းမဟုတ်ဘဲ လက်တွေ့အရှိတရားကို ဖုံးကွယ်ကာ ၎င်းကိုယ်တိုင်နှင့် ၎င်း၏ အစေအပါး၊ အနွှယ်အပွားများကို လိမ်ညာနေခြင်းဖြစ်သည်ဟု ရှုမြင်ကြပါသည်။

ဓာတ်ပုံများမှ သတင်းစကား သို့မဟုတ် စစ်ခေါင်းဆောင်၏ အကြောက်တရား

ဖော်ပြပါဓာတ်ပုံပါ ဗိုလ်ချုပ်မှူးကြီး၏မျက်လုံးအစုံသည် တစ်စုံတစ်ရာအပေါ် စိုးရွံ့စိတ်၊ မမြင်ရသော အရာ တစ်ခုအပေါ် သံသယဖြင့် ကြောက်စိတ်ကို ပြသနေသည်ဟု ဆိုကြသည်။ ၎င်းတို့အား ဆန့်ကျင်တော်လှန်ကြ သော နွေဦးတော်လှန်ရေးအင်အားစုများအပေါ် ခြိမ်းခြောက်သတိပေးစကားများ နှုတ်မှပြောဆိုနေသည့်တိုင် မျက်နှာအမူအရာသည် အတွင်းစိတ်တွင် ဖြစ်ပေါ်နေသော အကြောက်တရားကို လစ်ဟပြနေသည်ဟု ရှုမြင် သုံးသပ်နိုင်ပါသည်။ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ပြီး ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းအား လက်ခုတ်သြ ဘာပေးကာ နာယူနေကြသူများက အထက်ပါဗိုလ်ချုပ်မှူးကြီး၏ လျှပ်တပျက်မြင်ကွင်းဓာတ်ပုံကို တိုက်ရိုက် မြင်တွေ့ကြရမည် မဟုတ်ချေ။

ဓာတ်ပုံများမှ သတင်းစကား သို့မဟုတ် စစ်ခေါင်းဆောင်၏ အကြောက်တရား

ယခုဓာတ်ပုံသည် ဦးသိန်းစိန်၏ ခြေအစုံကို ဗိုလ်ချုပ်မှူးကြီးမှ ဦးတိုက်နေခြင်းဖြစ်သည်။ စစ်ယူနီ‌ဖောင်းချွတ် သမ္မတဟောင်းအား ဦးတိုက်နေသာ ဗိုလ်ချုပ်မှူးကြီး၏ မြင်ကွင်းပုံရိပ်သည် အင်မတန်ရိုကျိုးသဖွယ် ဖြစ်နေ သော်လည်း အာဏာသိမ်းစစ်အုပ်စုတစ်ခုလုံး၏ မလုံခြုံမှုနှင့် အချင်းချင်းရိုင်းပင်းလက်တွဲနိုင်ရေးအတွက် စိုးရိမ် ကြောင့်ကျမှုကို မြင်တွေ့ရပါသည်။

စစ်ကောင်စီဥက္ကဋ္ဌနှင့် ဇနီးသည် ယခင်စစ်တပ်ခေါင်းဆောင်ဟောင်းများဖြစ်သည့် ဦးသိန်းစိန်၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးတင်အေး အပါအဝင် အငြိမ်းစားတပ်အရာရှိကြီး ၁၉ ဦးနှင့် ဇနီး ၇ ဦးတို့အား မတ် ၂၇ ရက်နေ့လယ်ပိုင်းတွင် ကန်တော့ခဲ့ပြီး ယင်းကန်တော့ပွဲတွင် ကန်တော့ခံအငြိမ်းစား တပ်အရာရှိကြီးများ ကိုယ်စား ဒု-ဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း)နှင့် ဦးသိန်းစိန်တို့က ဩဝါဒပေးခဲ့သည်ဟု ဆိုပါသည်။

ပြည်သူလူထု၏ ရွေးကောက်ပွဲဆန္ဒမဲလက်မှတ်များအား ပစ်ပယ်ကာ တိုင်းပြည်အာဏာလုယူထားသော အာ ဏာသိမ်းစစ်အုပ်စုသည် လူထုထောက်ခံမှုအောက်ဆုံးအထိ ရောက်ရှိနေသကဲ့သို့ ပြည်သူလူထုတစ်ရပ်လုံး၏ ဆန့်ကျင်တော်လှန်မှုကိုပါ တောင်တန်းမြေပြန့်တဝှမ်းလုံး ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက်ကြောင့်သာ စစ် အုပ်စုအသိုင်းအဝိုင်းနှင့် လူထုအပေါ် တစုံတခုသြဇာသက်ရောက်မှုရှိခဲ့သော စစ်ခေါင်းဆောင်ဟောင်းများ၏ ပုံရိပ်ကို အသုံးချခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရှုမြင်နိုင်ပါသည်။ ကုလသမဂ္ဂစင်မြင့်ထက်တွင် မိန့်ခွန်းပြောဆိုခဲ့ဖူး သော သမ္မတဟောင်း ဦးသိန်းစိန်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံအားပေးခဲ့သည့် အတိတ်ပုံရိပ် များသည်လည်း ဘေးကြပ်နံကြပ်ရိုက်နေသော နိုင်ငံတကာဖိအားများကို တွန်းလှန်စည်းရုံးရာတွင် ဗိုလ်ချုပ်မှူး ကြီးအတွက် ခွန်အားတစ်ရပ်ဟု မှတ်ယူနေပုံရပါသည်။

ဓာတ်ပုံများမှ သတင်းစကား သို့မဟုတ် စစ်ခေါင်းဆောင်၏ အကြောက်တရား

အထက်ပါမြင်ကွင်းသည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း၏ မိသားစုဝင်များနှင့် စစ်ခေါင်းဆောင်တို့ ဇနီးမောင်နှံ တွေ့ဆုံမှုဖြစ်သည်။ ဘက်ပေါင်းစုံ၊ အလွှာပေါင်းစုံမှ လူထုထောက်ခံမှုကျဆင်းနေသော ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်အနေဖြင့် စစ်တပ်နှင့် နှီးနွှယ်ပက်သက်သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတိုင်းကို ကောင်းမွန် သည့်ဆက်ဆံရေးရှိကြောင်း ထုတ်ဖော်ပြသလျက်ရှိသကဲ့သို့ မကြာခဏဆိုသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ပတ်သက်သော လူပုဂ္ဂိုလ်များ၏ ပုံရိပ်ကို အသုံးချကာ လူထုထောက်ခံမှုကို ဆွဲတင်လေ့ရှိပါသည်။

NLD နာယကဟောင်း ဗိုလ်ချုပ်ကြီးတင်ဦး၊ NLD မှ ရွေးချယ်တင်မြောက်ခဲ့သော သမ္မတဟောင်းဦးထင်ကျော်တို့ သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်အုပ်စုအတွက် အသုံးချခံသပ်သပ် ဓာတ်ပုံရိုက်ခြင်းမျိုးကြုံတွေ့ခဲ့ ရသည်ကို သတိပြုမိပါသည်။


သုံးသပ်တင်ပြချက်

ဗိုလ်ချုပ်မှူးကြီး၏ တပ်မတော်နေ့မိန့်ခွန်းတွင် လက်တွေ့မကျ၊ ဖြစ်နိုင်ချေနည်းသော နှုတ်ထွက်စကားများကို တွေ့ရှိခဲ့ရသကဲ့သို့ ၎င်းတို့ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များအတိုင်း မဖြစ်ဖြစ်အောင် အချိန်ယူလုပ်ဆောင် သွားမည့် အလားလာများကိုလည်း ပြသနေပါသည်။ NUG ၊ PDF နှင့် ERO များအား ပြတ်ပြတ်သားသားအရေး ယူမည်ဟု ပြောဆိုခြင်းသည် လက်တွေ့မကျဟု ဆိုနိုင်သော်လည်း ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကိုမူ အချိန်ယူကာ မဖြစ်ဖြစ်အောင် လုပ်ဆောင်မည့်လက္ခဏာများ မြင်တွေ့ရပါသည်။

၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ် (FPTP-First Past The Post) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR-Proportional Representation) ကို ပေါင်းစပ်ကျင့်သုံးသွားမည်ဟု ဆိုထားပြီး မတ်လ ၂၈ ရက်တွင် NLD ပါတီအပါအဝင် ပါတီပေါင်း (၄၀)ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါသည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ပြန်လည်အသက်သွင်းမည့် စစ်တပ်စပွန်ဆာဒီမိုကရေစီစနစ်တစ်ရပ်ကို အ ကောင်အထည်ဖော်နိုင်ရေး တစိုက်မတ်မတ်ပြုမူဆောင်ရွက်နေသော်လည်း နွေဦးတော်လှန်ရေးအင်အားစုများ ၏ ခုခံ‌တော်လှန်မှု၊ နိုငံတကာအသိုင်းအဝိုင်း၏ ဖိအားနှင့် ပြည်သူလူထု၏ ဆန့်ကျင်မှုများကို စိုးရိမ်ထိပ်လန့်နေ ကြောင်း အထက်ဖော်ပြပါစစ်ခေါင်းဆောင်၏ ဓာတ်ပုံများက သတင်းစကားပါးလျက်ရှိပါသည်။ ထိုထက် ပို၍ ကြောက်ရွံ့နေသည်ကတော့ စစ်အုပ်စုအချင်းချင်းအကြား စည်းရုံးမှုပြိုကွဲမည်ကို ပိုမိုကြောက်လန့်နေနိုင် ကြောင်း ရှုမြင်ရပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဓာတ်ပုံများမှ သတင်းစကား သို့မဟုတ် စစ်ခေါင်းဆောင်၏ အကြောက် တရားများသည် နွေဦးတော်လှန်ရေးအင်အားစုများအတွက် ခွန်အားတစ်ရပ်ဖြစ်လာနိုင်သလားဆိုသည်ကမူ အင်အားစု တစ်စုတစ်ဖွဲ့ချင်းစီ၏ ချဉ်းကပ်မှုအပေါ်တွင်သာ တည်မှီနေလိမ့်မည်ဟု သုံးသပ်တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၉၈မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

“စစ်ဘက်ကနေ အရပ်ဘက်ပြောင်းပေမယ့် နေ့တိုင်းဗုံးကြဲနေတော့ ကျနော်အနေနဲ့ ဘာမှမမျှော်လင့်ဘူး”

0
မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်တဲ့ စဝ်ရွှေသိုက်၊ စဝ်နန်းဟိန်ခမ်းတို့ရဲ့ သားအငယ်ဆုံးလည်းဖြစ်သူ၊ ဥရောပ-မြန်မာ ဆိုင်ရာရုံး EBO ကိုဦးဆောင်နေတဲ့သူတစ်ဦးလည်းဖြစ်သူ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနဲ့ သျှမ်းပြည်နယ်အရေးတွေကို တစိုက်မတ်မတ် လုပ်ဆောင်လာတဲ့သူဖြစ်တဲ့ စဝ်ဟန်ယောင်ဟွေကို လက်ရှိ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ စစ်တပ်ကနေ အရပ်သား သမ္မတ အဖြစ်ပြောင်းလဲမှု အခြေအနေတွေနဲ့ ပတ်သတ်ပြီး သျှမ်းသံတော်ဆင့်ရဲ့ မြန်မာပိုင်း အယ်ဒီတာ နန်းဆိုင်နွမ် မေးမြန်းသွားမှာဖြစ်ပါတယ်။ နန်းဆိုင်နွမ်။ ။  လွှတ်တော်ထဲမှာ စစ်ဘက်ကနေ အရပ်ဘက်အဖြစ်ပြောင်းလဲလာတဲ့ သမ္မတ ကျမ်းကျိန်တဲ့နေ့လည်းဖြစ်တယ်၊အာဏာသိမ်းခဲ့တာ ၅ နှစ်အကြာမှာ ဖြစ်လာတဲ့ ဒီအခြေအနေအပေါ် စဝ်ဟန်အနေနဲ့ ဘယ်လိုများမျှော်လင့်ထားပါသလဲ။ စဝ်ဟန်ယောင်ဟွေ။ ။ ကျနော်အနေနဲ့က သူတကယ် ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်ဖို့ပဲ ရှိပါသေးတယ်။ မျှော်လင့်ချက်တော့ သိပ်မရှိပါဘူး။ဘာကြောင့်လဲဆိုရင် အစိုးရပြောင်းပေမယ့် ဒီလူထုအတွက်က အပြောင်းအလဲမရှိဘူး။ ပိုဆိုးနေတဲ့ အခြေအနေလို ဖြစ်နေတယ်။ နေ့တိုင်းပဲ ဗုံးကြဲခံရတယ် ဒုက္ခရောက်နေကြတယ်ဆိုတော့ အဲ့ဒါ အဲ့ဒီဟာလေးကြောင့် ကျနော်အနေနဲ့က မျှော်လင့်ချက်မရှိသေးဘူး။ နန်းဆိုင်နွမ်။ ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ကျမ်းကျိန်တဲ့နေ့မှာ ပြောသွားတဲ့စကားလုံးတစ်ခုက အာဆီယံကို ပြန်ဝင်နိုင်ဖို့ကြိုးပမ်းသွားမယ်ဆိုတဲ့အကြောင်းပါ။ ၅ နှစ်တာကာလတလျှောက်မှာ အာဆီယံ သဘောတူညီချက် ၅ ချက်ကို ချိုးဖောက်ထားတော့ ပြန်ပြီးမဝင်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့်် စဝ်ဟန်အနေနဲ့ ဘယ်လိုထင်ပါသလဲ။ စဝ်ဟန်ယောင်ဟွေ။ ။ အာဆီယံထဲပြန်ဝင်ဖို့ကိစ္စက တကယ်ဆိုရင် မခက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်ပါခဲ့တဲ့ အစည်းအဝေးမှာ အာဆီယံဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ချထားတဲ့ထဲမှာက အဓိက သုံးချက်က ဘာလဲဆိုရင် အကြမ်းဖက်မှုတွေကို လျှော့ဖို့၊ဒုက္ခရောက်နေတဲ့လူထုကို အကူအညီပေးဖို့ လမ်းလေးဖွင့်ပေးဖို့၊ မတိုက်ခိုက်ဘဲနဲ့ နိုင်ငံရေးအဖြေရှာဖို့ လူတိုင်းပါဝင်နိုင်တဲ့ ဆွေးနွေးပွဲလုပ်ဖို့ဆိုတာဆုံးဖြတ်ခဲ့တယ်။ တကယ်ကတော့ အခုအချိန်မှာ တကယ်ပဲအာဆီယံထဲပြန်ဝင်ချင်ရင် လူထုကိုဆက်ဗုံးမကြဲနဲ့၊ လူထုကိုအကြမ်းမဖက်နဲ့၊ ဒါက လွယ်လွယ်လေးလုပ်လို့ရတဲ့ ကိစ္စဖြစ်တယ်။ ဒုက္ခရောက်နေတဲ့လူထုကိုလည်း အကူအညီပေးဖို့ဆို နိုင်ငံတကာက ကူညီချင်ပေမယ့် သူကလမ်းမဖွင့်ပေးတော့ ဒါပြဿနာဖြစ်နေတယ်။ ဒီလိုလမ်းပြန်ဖွင့်ပေးမယ်၊ ဗုံးမကြဲတော့ဘူး၊ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးနိုင်မယ်ဆိုရင် အာဆီယံအနေနဲ့လည်းကြိုဆိုမယ်လို့ ယူဆပါတယ်။ နန်းဆိုင်နွမ်။ ။ စဝ်ဟန်အနေနဲ့ ၂၀၁၀ တုန်းကလည်််း စစ်တပ်ကနေ အရပ်သားအစိုးရပြောင်းတာ တခါကြုံခဲ့တယ်၊ အခု ၂၀၂၆ ခုနှစ် သမ္မတ မင်းအောင်လှိုင်ဆိုပြီး စစ်ဘက်က အရပ်ဘက် ပြောင်းလဲလာတယ်၊ ဒီလိုပြောင်းလဲ မှုနှစ်ခုကြားမှာ ဘာတွေကွာခြားမှုရှိလဲ။ စဝ်ဟန်ယောင်ဟွေ။ ။ ကွာခြားမှု ရှိပါတယ်။ ဦးသိန်းစိန်ခေတ်က ၂၀၀၈ ခြေဥကို အသုံးပြုပြီးတော့မှ နောက်တစ်ဆင့် ဒီမိုကရေစီကိုသွားမယ်ဆိုတဲ့သဘောနဲ့ အပစ်အခတ်ရပ်စဲရေးတွ ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် အခုက ပြောင်းပြန်ဖြစ်နေတယ်။ ဒီမိုကရေစီကနေ သမ္မတ... အခု မင်းအောင်လှိုင်က ဒီမိုကရေစီကိုသွားဖို့မဟုတ်ဘူး၊ သူက ၂၀၀၈ ကိုပြန်သွားမယ်။ ၂၀၀၈ က စစ်တပ်ရဲ့ နိုင်ငံရေးကဏ္ဍကို တည်မြဲအောင် သူကပြန်လုပ်မယ်ဆိုတော့ အဲ့ဒီမှာ ပြောင်းပြန်တစ်ခု ဖြစ်နေတယ်။ အဲ့ဒါတင်မကသေးဘူး ဦးသိန်းစိန်ခေတ်မှာတုန်းက တိုက်ပွဲတွေလည်းမများဘူး၊ ဒီမိုကရေစီပြောင်းချင်တယ်ဆိုတော့ လူတိုင်းက ကြိုဆိုခဲ့ကြတယ်။ အခုက နေ့တိုင်းတိုက်နေတယ်၊ ဗုံးကြဲနေတယ်ဆိုတော့ ဘယ်သူက လာဆွေးနွေးမလဲပေါ့ အဲ့ဒါပြဿနာဖြစ်နေတယ်။ နန်းဆိုင်နွမ်။ ။ ၂၀၂၅ တုန်းကလည်း စဝ်ဟန်ယောင်ဟွေအနေနဲ့ မြန်မာပြည်ထဲကိုပြန်ဝင်ဖို့အတွက် ဗီဇာတွေကို NLD ဦးဆောင်တဲ့ သမ္မတ ဖြစ်တဲ့အချိန်တုန်းက မရခဲ့ဘူး၊ ပိတ်ပင်ခံရတယ်ဆိုတာ ကြားရတယ်၊ အဲ့ဒါကြောင့် ဒီအချိန်မှာကရော စစ်တပ်အနေနဲ့ ဘယ်လိုတွေဖြစ်လာနိုင်လဲ၊ ပြီးတော့ NCA ငြိမ်းချမ်းရေးတွေ ဆွေးနွေးဖို့ကိစ္စတွေမှာကရော ဘယ်လိုရှိနိုင်လဲ၊ အရင်တုန်းကတောင်မှ မလွတ်လပ်ခဲ့ဘူး ဒီ NLD အစိုးရတုန်းကတောင်မှ ဗီဇာမရတဲ့အဆင့်တွေဖြစ်ခဲ့တယ်ဆိုတော့ ဒီလက်ရှိမှာဆို ဘယ်လောက်ထိတောင်မှ ကျပ်တည်းနိုင်မလဲ။ စဝ်ဟန်ယောင်ဟွေ။ ။ အဲ့ဒီတုန်းက ဦးသိန်းစိန်ခေတ်က ၂၀၁၁ ကနေ ၂၀၁၅ အထိ၊ ပြီးတော့မှ အဲ့ဒီ ၂၀၁၆ ကနေ ၂၀၂၀ ကာလ။ အဲ့ဒီကာလ ၂ကာလက မတူဘူး။ ပထမကာလမှာက တကယ်ဆွေးနွေးပွဲတွေဖြစ်တယ်၊ ထိရောက်မှုတွေရှိတယ်၊ တပ်ဖက်နဲ့ လက်နက်ကိုင်ဖက်နဲ့ တကယ်ညှိနှိုင်းလို့ရခဲ့တယ်။ ၂၀၁၆ ကနေ ၂၀၂၀ က ညှိနှိုင်းလို့မရတော့ဘူး။ ဆွေးနွေးပေမယ့် သဘောမတူနိုင်ဘူး။ ဆိုတော့ အခုလက်ရှိအစိုးရကတော့ စစ်တပ်ကဏ္ဍ နိုင်ငံရေးကဏ္ဍကို တည်မြဲအောင်လုပ်မယ်ဆိုတဲ့နေရာမှာ အတိုက်အခံက လုံးဝမလိုလားဘူး။သိပ်ကွာဟနေတယ် ဆွေးနွေးလို့မရအောင်။ ဆိုတော့ ဆွေးနွေးမယ်ဆိုရင် တူညီတဲ့အချက်အလက် တစ်ခုနှစ်ခုလောက် အနည်းဆုံးရှိမှပဲ စဆွေးနွေးလို့ရမှာ။ အဲ့လိုမျိုးတူညီတဲ့အချက်မရှိရင် ဘယ်လိုမှစလို့မရဘူး။ နန်းဆိုင်နွမ်။ ။ ဒီအစိုးရ အပြောင်းအလဲ၊ လွှတ်တော်ကလည်း ပြန်စပြီဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့လမ်းတွေက လာတော့မယ်။ အဲ့ဒါကြောင့်ဒီငြိမ်းချမ်းရေးကရော သူတကယ်ရော စိတ်ထဲကလိုလိုလားလား ဖြစ်စေချင်တဲ့ ငြိမ်းချမ်းရေးလား၊ တကယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုရင်ရော ဘယ်လိုမျိုး အစုအဖွဲ့တွေ ပါဝင်ရမလဲ။ စဝ်ဟန်ယောင်ဟွေ။ ။ ကျနော်တယောက်တည်းအမြင်ကတော့ ဆွေးနွေးချင်တယ် အဖြေရှာချင်တယ်ဆိုရင် ယုံကြည်မှုတည်ဆောက်ရမယ်။ အခုက ဘယ်သူမှမယုံဘူး။ ဘယ်လိုပြောပြောမယုံဘူး ဘာကြောင့်လဲဆိုရင် ဗုံးကဆက်ကြဲနေသေးတယ် ဆိုတော့ ဘယ်သူက ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆို ယုံကြည်မလဲ။   အစိုးရအနေနဲ့က လုပ်ပြရမယ် တကယ်ဆွေးနွေးချင်တယ် အဖြေရှာချင်တယ်ဆိုရင် သူတို့ ရပ်စဲရမယ်၊ အကြမ်းဖက်မှုတွေကို လျှော့ပေးရမယ်၊ဒါက တောင်းဆိုတာမဟုတ်ဘူး ဒီအခြေအနေအရပြောတာ။ လူတိုင်းက ကိုယ့်ကိုတစ်ချိန်လုံးရိုက်နေပြီးတော့ ဆွေးနွေးချင်တယ်ဆိုရင် ဘယ်သူက မယုံနိုင်ဘူး။ တကယ်ဆွေးနွေးချင်တယ် ပြောချင်တယ်ဆိုရင် မရိုက်နဲ့၊ အကြမ်းဖက်မလုပ်နဲ့ ဒါက ထိပ်ဆုံးလုပ်ရမယ်၊ အခုအထိကတော့ မမြင်ရသေးဘူး။ အစိုးရက တကယ်ပဲရပ်သွားတယ်၊ ဖိတ်ခေါ်တယ်ဆိုရင်တော့ စဉ်းစားစရာဖြစ်လာမယ်၊ တိုက်နေတဲ့အဖွဲ့တွေကလည်း စဉ်းစားလာမယ်။ တိုက်နေတဲ့အဖွဲ့တွေက ယုံပြီ ဆွေးနွေးမယ်ဆိုရင်တော့ဖြစ်လာနိုင်တယ်။ တိုက်နေတဲ့အဖွဲ့တွေက မယုံသေးဘူးဆိုရင်လည်း ကျွန်တော်တို့က ဘယ်လောက်လိုချင်လိုချင် ဆွေးနွေးလို့မရဘူး။ နန်းဆိုင်နွမ်။ ။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို ပြန်ကြည့်မယ်ဆိုရင်တော့ တိုက်ပွဲတွေကလည်း နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ၊ ဒါပေမယ့် ဒီအစိုးရပြောင်းလာတယ် ပြီးရင် အာဏာပြန်သိမ်းတယ်ဆို အဖြစ်အပျက်ကလည်း ခဏခဏဖြစ်လာတယ် လူထုကလည်း ယုံကြည်မှုမရှိတော့တာကို တွေ့ရတယ်။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးကတော့ မတိုက်တော့ရင်တောင် တစ်ဖက်ကလည်းစစ်တပ်ကို ပြိုကွဲဖို့ဆိုတဲ့ဟာ ရှိပြန်တော့ ဒီနှစ်ခုကြားမှာ လူထုတွေက နစ်နာမှုတွေရှိတယ်။ မြန်မာပြည်ကြီးရဲ့ အပြောင်းအလဲကို ဖြစ်စေချင်တယ်ဆိုရင်ဒီတော်လှန်ရေးဖက်ကရော ဒီစစ်တပ်ဖက်ကရော ဘယ်လိုတွေ ပြောင်းလဲဖို့ လိုအပ်လဲ။ စဝ်ဟန်ယောင်ဟွေ။ ။ တိုက်မယ့်လူကတော့ တိုက်မှာပဲ။ တပ်ဖက်ကလည်း သူတို့အာဏာတည်မြဲအောင် တိုက်မှာပဲ။ ဒါပေမယ့် နစ်နာတာက လူထုက တကယ်နစ်နာတယ်၊ တိုင်းပြည်က နစ်နာတယ်။ နှစ်ဖက်စလုံးက ဆက်ပြီး တိုက်သွားမယ်ဆိုရင် မြန်မာပြည်ဆိုတာ ရှိဦးမလား။ ကျနော်တို့ တိုက်ရင်းတိုက်ရင်းနဲ့ စီးပွားရေးလည်းပျက်၊ ကျန်းမာရေးလည်းပျက်၊ ပညာရေးလည်းပျက် တိုင်းပြည်ကပျက်မယ်၊ ဒီထက်ပျက်မယ်။နှစ်ဖက်စလုံးက အဲ့ဒါကိုမြင်ရင် အဖြေရှာရမယ်ဆိုရင်တော့ အလားအလာရှိလာမယ်။ အဲ့ဒီဟာမရှိသေးရင်တော့ ဘယ်လိုမှ လုပ်လို့မရပါဘူး။ နန်းဆိုင်နွမ်။ ။ နောက်ဆုံးအနေနဲ့ ကျနော်တို့ စစ်တပ်ရဲ့အဝတ်လဲအစိုးရကို ဘာများပြောချင်လဲ၊ ပြီးတော့ လွှတ်တော်ကို သွားနေတဲ့ လွှတ်တော်အမတ်တွေကိုရော ဘာများပြောချင်လဲ။ စဝ်ဟန်ယောင်ဟွေ။ ။ လွှတ်တော်အမတ်တွေအနေနဲ့ကတော့ တကယ်ပဲ ဒီမိုကရေစီစနစ်ဆိုရင် ပြောဆိုခွင့်ရှိရမယ်၊ အစိုးရနဲ့အမြင်မတူရင်လည်းပြောဆိုခွင့်ရှိရမယ်၊ အဖမ်းမခံရဘူး။ အဲ့ဒီဟာကို ရွေးကောက်ခံရတဲ့ ပုဂ္ဂိုလ်တွေက ရဲရဲ ပြောရဲမလား၊ သူတို့လိုလားတဲ့အချက်။ သူတို့ ရဲရဲပြောသင့်တယ်လို့ ကျနော်က တစ်ဖက်ကနေကြည့်တယ်။ နောက် ဒီအစိုးရဖက် ဒီတပ်ဖက်ကိုလည်း ပြောချင်တာကတော့ အာဏာတည်မြဲဖို့ ဆက်တိုက်မယ်ဆိုရင် တိုင်းပြည်မရှိတော့ဘူးဆိုရင် အာဏာရှိလည်း ဘာမှအဓိပ္ပာယ်မရှိဘူး။ ဆိုတော့ တိုင်းပြည်ကိုကြည့်ပါ၊ လူထုကိုကြည့်ပါ အဲ့ဒါမှပဲ ကျွန်တော်တို့က ရှေ့တိုးလို့ရမယ်။ နန်းဆိုင်နွမ်။ ။ ဟုတ်ကဲ့ပါ၊ မမေးလိုက်ရတဲ့ မေးခွန်းတွေလည်း ရှိကောင်းရှိနိုင်တဲ့တွက် စဝ်ဟန်အနေနဲ့၊ ဘာများဖြည့်စွက်ပြောချင်လဲ။ စဝ်ဟန်ယောင်ဟွေ။ ။ ကျနော်အနေနဲ့ အခုလိုမျိုးဖြစ်နေတဲ့ အခြေအနေကို စိတ်မကောင်းဘူး။ တခြားနိုင်ငံကိုကြည့်ရင် အကုန်တိုးတက်နေတယ်။ကျွန်တော်တို့က အရင်တုန်းကဆို လူများထက် ကောင်းတဲ့နိုင်ငံဖြစ်နေပြီးတော့ အခုက ဒီလိုမျိုးဆိုးသွားတဲ့နိုင်ငံဖြစ်နေတယ်၊ လူထုလည်းတော်တော်ဒုက္ခရောက်နေတယ်ဆို စိတ်မကောင်းဘူး။ နှစ်ဖက်စလုံးကို ကျနော်က တိုက်တွန်းစေချင်တာက အဖြေရှာရင်မကောင်းဘူးလားပေါ့။ ဟုတ်ကဲ့ပါ၊ ကျနော်တို့ရဲ့ သျှမ်းသံတော်ဆင့်ကို အချိန်ပေးပြီးတော့ အင်တာဗျူးဖြေပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။