မူဆယ်မြို့ စမတ်ကတ် ပြုလုပ်ရန် ကျပ်ငွေသိန်းချီပေးရပြီး တိုကင်နံပါတ် သောင်းဂဏန်း စောင့်ဆိုင်းရ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် UID ခေါ် စမတ်ကတ် ပြုလုပ်ရန် ကျပ်ငွေသိန်းချီ ပေးနေရပြီး နောက်နှစ်အထိ တိုကင်နံပါတ် သောင်းဂဏန်းကျော် စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်တွင် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝက မှ အိမ်နီးချင်းနိုင်ငံ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ထွက်သွားလာခွင့်အတွက် UID ခေါ် စမတ်ကတ်ပါမှသာ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် (TBP/BP) လက်မှတ်များကို ထုတ်ပေးမည်ဟု ကြေညာခဲ့သည်။

၎င်းနောက်တွင် မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေး လဝက မှ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်ရှိ ပြည်သူများကို မူဆယ်မြို့ ငွေဆင်အိမ်ယာတွင် UID ခေါ် စမတ်ကတ် ပြုလုပ်ပေးလျက်ရှိရာ တုံကင်ရရှိရန် ကျပ်ငွေသိန်းချီ ပေးနေရပြီး နောက်နှစ်အထိ တိုကင်နံပါတ် သောင်းဂဏန်းကျော် စောင့်ဆိုင်းနေရကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“အခုလုပ်ပေးနေတာဆိုရင် တိုကင်နံပါတ်က တစ်သောင်းကျော်အထိ ရှိတယ်။ တချို့ဆို နောက်နှစ် ဇန်နဝါရီလအထိ တုံကင်စောင့်ရတာမျိုး ဖြစ်တယ်။ စမတ်ကတ် မရရင်ကျတော့လဲ စာအုပ်အနီက လုပ်လို့မရပြန်ဘူး အဲ့လိုအခက်အခဲ ဖြစ်တာပေါ့။ အခုက စမတ်ကတ်ကော ထပ်လုပ်ရမယ်ဆိုတော့ တစ်ပူပေါ် နှစ်ပူဆင့်တာပေါ့”ဟု မူဆယ်မြို့နယ်မှ စမတ်ကတ်ပြုလုပ်ရန် ကိုယ်တိုင်စောင့်ဆိုင်းနေသည့် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စမတ်ကတ် အလျင်အမြန် ပြုလုပ်နိုင်ရန်အတွက် တိုကင်နံပါတ် နေရာရောင်းဝယ်ခြင်းနှင့် ပွဲစားများမှတဆင့် စုပြုံလုပ်ဆောင်နေကြခြင်းများလည်း ရှိနေပြီး တစ်ဦးလျှင် ကျပ်ငွေ ၂ သိန်းမှ ၁၅ သိန်းအထိ ဈေးပေါက်လျက်ရှိကာ ကြားပွဲစားနှင့် လဝက အရာရှိများ ပူးပေါင်းလုပ်ဆောင်နေကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

“ကျနော်ဆိုရင် တုံကင်နံပါတ် ၆ ထောင်ကျော်ရတာ၊ ၉ လပိုင်းမှ လုပ်ရမှာ။ နယ်စပ်မှာ နေတဲ့လူကျတော့ စာအုပ်အနီ မရှိရင် ဘယ်လိုမှ ရှာစားလို့ မရဘူးလေ၊ လဝက တွေက ဒါကိုသိလို့ တမင်သက်သက် ညစ်ပတ်တာ။ ကျယ်ဂေါင်ဝင်ဖို့ စာအုပ်အနီ လုပ်တာလည်း စမတ်ကတ် မရှိလို့ ပယ်ခံရတာ လဝကရုံးရှေ့မှာတင် ရန်ဖြစ်ကြတယ်”ဟု မူဆယ်မြို့မှ ၎င်းဒေသခံ လူငယ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မူဆယ်မြို့တွင် ယမန်နှစ် စက်တင်ဘာလမှ စတင်ပြီး စစ်ကောင်စီ လဝက မှ ရှေ့ပြေး လူဦးရေစာရင်း ကောက်ယူခြင်းနှင့် UID ခေါ် စမတ်ကတ်ကို စတင်လုပ်ဆောင်ပေးခဲ့ကာ ပြီးခဲ့သည့် မတ်လ လယ်ခန့်မှ စတင်ပြီး မူဆယ်နှင့်နမ့်ခမ်း လဝက ဝန်ထမ်းများ စုပေါင်းပြီး ငွေဆင်အိမ်ယာတွင် ပြန်လည်လုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ ဝင်ရောက်နိုင်ရန်အတွက် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (စာအုပ်အနီ)ကို UID စမတ်ကတ် ရရှိပြီးသူများသာ လျှောက်လွှာလက်ခံ ဆောင်ရွက်နေပြီး လူဝင်မှုကြီးကြပ်ရေး လဝက အရာရှိများအနေဖြင့် စနစ်တကျ စီမံခန့်ခွဲပြီး ပြုလုပ်ပေးစေလိုကြောင်း မူဆယ်ဒေသခံများက ပြောသည်။

နယ်စပ်ရှိ လူအဝင်အထွက်ကို ထိန်းချုပ်လိုသည့် စစ်ကောင်စီ၏ ဧပြီလ ၄ ရက် ထုတ်ပြန်ချက်အရ တစ်ဘက်နိုင်ငံသို့ သွားရောက်လိုသူများအနေဖြင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP/BP) လက်မှတ်များ လျှောက်ထားရာတွင် မိမိမှတ်ပုံတင် မူရင်းနဲ့အတူ UID ခေါ် စမတ်ကတ် စာရွက်ပါ တစ်ပါတည်း ယူဆောင်သွားရမည်ဖြစ်သည်။

အလားတူ နိုင်ငံကူးလက်မှတ် ပက်စ်ပို့ ပြုလုပ်ရာတွင်လည်း UID ခေါ် စမတ်ကတ် စာရွက်ပါရှိမှသာ ပြုလုပ်ပေးတော့ကြောင်း သိရပြီး ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့တွင် ခရီးသွားမည့်သူများကို မှတ်ပုံတင်မိတ္တူများ တောင်းယူ၍ စမတ်ကတ် မလုပ်ရသေးသူများကို တစ်ခါတည်း လုပ်ဆောင်ပေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...