ဆီဆိုင်မြို့နယ် PNO မှ ကျည်ဆံဖိုး ကားဘီး ၁ ဘီး တစ်သိန်းကျပ် ကောက်ခံ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်တွင် ဒေသခံ လုံခြုံရေးအကြောင်းပြ၍ ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကားရှိသည့် ဒေသခံနေအိမ်ထံ ကားဘီး ၁ ဘီးလျှင် ကျပ်ငွေ ၁ သိန်း သတ်မှတ်ပြီး ကျည်ဆံဖိုးကောက်ခံ နေကြောင်း စုံစမ်းသိရှိရသည်။

ပုံ – ဟောင်း ( PNO သင်တန်းဆင်းပွဲ)

ပြီးခဲ့သည့် မတ်လမှစပြီး ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု၊ တောင်ရှေ့ကျေးရွာအုပ်စု နှင့် နောင်ကျောကျေးရွာအုပ်စုရှိ ဒေသခံများကို ဒေသခံလုံခြုံရေးအတွက်ဟုဆိုပြီး ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကားရှိသည့် ဒေသခံနေအိမ်ထံ ကားဘီး ၁ ဘီးလျှင် ကျပ်ငွေ ၁ သိန်းသတ်မှတ်ပြီး ကောက်ခံပေးရန် ရပ်ရွာသူကြီးများကို အစည်းဝေးခေါ်ခဲ့ကြောင်း ဆီဆိုင်မြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူတို့က ရွာဖက်ကို အရင်အစည်းဝေးခေါ်ပြီး ကောက်တာ။ ကားရှိတဲ့အိမ်ကို ကားဘီး ၁ ဘီး ၁ သိန်းကျပ် ကောက်တယ်။ ကားက ၆ ဘီးရှိရင် ၆ သိန်းပေးရတယ်။ ဒီချိန်က ရွာမှာ တောင်သူတွေ ရောင်းဖို့သီးနှံလည်း မရှိတော့ဘူး။ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး၊ ဒုက္ခရောက်တယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဆီဆိုင်မြို့နယ် တောင်ဖက်ခြမ်းဒေသရှိ နောင်ထော်ကျေးရွာတွင်လည်း ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ တစ်အိမ်ကို ၅ သောင်းကျပ် ကောက်ခံနေကြောင်း နောင်ထော်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ နောင်ထော်မှာက လူမျိုးပေါင်းစုံနေတယ်။ သျှမ်း၊ ကယန်း၊ ဗမာ၊ ပအိုဝ်းတွေ အတူနေကြတာ။ သူကြီးတွေကတော့ ပိုက်ဆံမထည့်တဲ့ အိမ်ဆို PDF တွေထောက်ပံ့တယ်ဆိုပြီး သတ်မှတ်တယ်။ ကျနော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ ကျပ်ငွေ ၅ သောင်းကတော့ ကျနော်တို့အတွက် မသက်သာဘူး။ ပေးဖို့လည်း မလွယ်ဘူး “ ဟု ၎င်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် PNO မှ စေခိုင်းပြီး ရပ်ရွာသူကြီးများမှ ကျည်ဆံဖိုးကောက်ယူပေးခြင်းအပေါ် ဒေသခံများ ပိုက်ဆံမထည့်ပါက “ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့ကြောင်း “ စွပ်စွဲပြီး ခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကျည်ဆံဖိုးကောက်ယူခြင်းနှင့် ပတ်သက်ပြီး ဆီဆိုင်မြို့ခံ တစ်ဦးက “ ကိုဗစ် – ၁၉ ရောဂါကော၊ စစ်တပ်အာဏာသိမ်းတာကော ဒီချိန်မှာ ပြည်သူတွေက အတော်ကို ဒုက္ခရောက်နေတယ်။ ဒီချိန်မှာ ကုန်စျေးနှုန်းတွေလည်း တအားတက်နေတယ်။ ဒုက္ခရောက်နေသူကို မကူညီဘဲ ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် ဆက်လုပ်နေတယ်။ သူတို့သာ ဒီလိုဆက်လုပ်နေရင်တော့ နောင်တစ်ချိန်မှာ အမဲစက်ကြီး သူတို့နောက်ကို ပါသွားမှာပဲ “ ဟု ၎င်းက ပြောသည်။

ဆီဆိုင်မြို့နယ်တွင် ကျေးရွာပေါင်း ၃၂၀ ခန့်ရှိရာ ထိုထဲမှ ကျေးရွာ ၂၀၀ ခန့်သည် ပအိုဝ်းတိုင်းရင်းသား လူမျိုးများ နေထိုင်ကြပြီး ပြည်သူ့စစ်တပ်ဖွဲ့ PNO သည် ဒေသခံ လုံခြုံရေးအကြောင်းပြပြီး ကျည်ဆံဖိုးကောက်ယူမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...