တရုတ် အထူးကိုယ်စားလှယ် အသစ် နှင့် မြောက်ပိုင်းမဟာမိတ် EAOs (၇) ဖွဲ့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် အသစ်သည် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် EAOs (၇) ဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

ပုံ – မြောက်ပိုင်း EAOs အဖွဲ့များ “ဝ” ပြည်နယ်တွင် တွေ့ဆုံခဲ့စဉ် (ပုံဟောင်း)

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် တရုတ် အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန့်ရှီးဂျွန် (Deng Xijun) နှင့် မြောက်ပိုင်းမဟာမိတ် EAOs (၇) ဖွဲ့ တို့ နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တွေ့ဆုံခဲ့ ကြောင်း သိရသည်။

ယင်း တွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သက်ပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းရာ ကိုယ်စားလှယ် အသစ် နှင့် ခေါင်းဆောင်များ တွေ့ဆုံ မိတ်ဆက်ခြင်း ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရုတ်အထူး ကိုယ်စားလှယ် အသစ် နဲ့ မြောက်ပိုင်းမဟာမိတ် ခေါင်းဆောင်တွေ တွေ့ဆုံတာ ဟုတ်ပါတယ်၊ ကျနော်တို့ အဖွဲ့လည်း တက်ရောက်ခဲ့တယ်ပေါ့၊ နှစ်ဦးနှစ်ဖက် တွေ့ဆုံ မိတ်ဆက်ခြင်းပါပဲ၊ တခြား ပြောဆို ဆွေးနွေးမှု အသေးစိတ်တော့ ကျနော်လည်း မသိဘူး” ဟု ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြောက်ပိုင်း မဟာမိတ် EAOs များဖြစ်ကြသည့် ”ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (မိုင်းလားတပ်ဖွဲ့ ) NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရက္ခိုင့်တပ်တော် AA၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်ဖွဲ့) MNDAA တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် SSPP တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်ကို ဆက်သွယ် မေးမြန်းရာ အသေးစိတ် အချက်အလက်များကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ တပ်ဖွဲ့က ကိုယ်စားလှယ်အဖွဲ့ တရုတ်ကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးတာ မှန်ပါတယ်၊ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဗိုလ်မှူးဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တွေ့ဆုံမှုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီမော်ခရိုင်တွင် တွေ့ဆုံခြင်း ဖြစ်သည်ဟု သျှမ်းသံတော်ဆင့် မှ စုံစမ်းသိရှိရသော်လည်း လက်နက်ကိုင် တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူများက သီးခြားအတည်မပြုနိုင်ကြောင်း ပြောဆိုထားသည်။

ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှုသည် တရုတ်ကိုယ်စားလှယ်အနေဖြင့် စစ်ကောင်စီ ကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲ အခြေအနေ များကို ပိုမိုနားလည် သဘောပေါက်ရန်အတွက် EAOs များမှ သဘောထားများ မေးမြန်းစုံစမ်းခြင်း ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်သူများက ပြောဆိုသုံးသပ်ထားသည်။

တရုတ်သည် မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ရှိနေသည့်အတွက် မြန်မာပြည်တွင်း စစ်ရေး နိုင်ငံရေး နှင့် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲအကြောင်း လေ့လာရန် ဖြစ်ကြောင်း မြန်မာနိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရုတ် နဲ့ EAO (၇) ဖွဲ့ တွေ့တာက တရုတ်ပြည်အနေ နဲ့ မြန်မာပြည်ကို များစွာ ရင်းနှီးမြှုပ်နှံမှု လုပ်နေတော့ အခုလက်ရှိ မြန်မာပြည် အကြောင်းကို ပိုမိုပြည့်စုံစွာ နားလည်ဖို့ လိုအပ်နေတဲ့ အချိန် ဖြစ်တဲ့ အတွက် ဒီတွေ့ဆုံမှု ဖြစ်လာတယ်၊ နောက်တစ်ခုက ၂၀၂၃ ခုနှစ်မှာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ရှိသလို NUG /PDF ကလည်း ၂၀၂၃ ခုနှစ်အတွင်း တန်ပြန်စစ်ရေးစဖို့ ပြောဆိုထားတာတွေကြောင့် အရင် တရုတ် သံတမန်ဟောင်း အစား လူသစ် ခန့်ပြီး မြန်မာပြည်အရေးကို လာလေ့လာတာ၊ ဒီလိုလေ့လာမှု ပိုနားလည်အောင်လည်း မြောက်ပိုင်း က EAOs တွေ့ဆုံတာ ဖြစ်တယ်လို့ မြင်မိတယ်” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

ထို့အပြင် လက်ရှိ စစ်ကောင်စီမှ အကောင်အထည်ဖော်နေသည့် ၂၀၂၃ ခုနှစ် PR စနစ်ရွေးကောက်ပွဲကိုလည်း လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ တရုတ်ဘက် သဘောမကျသည့် အချက် ရှိနေကြောင်း ဦးသန်းစိုးနိုင်က ဆက်ပြောသည်။

မြောက်ပိုင်း မဟာမိတ် EAOs ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးဂျွန် (Deng Xijun) သည် ၂၀၂၀ ခုနှစ်မှ စတင်ပြီး အာဆီယံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) ၏နေရာကို ဆက်ခံသူဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...