Tuesday, January 27, 2026

မြန်မာ – တရုတ် မူဆယ် နယ်စပ်တံခါးဖွင့်လှစ်တော့မည်

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ဂိတ်တံခါးများကို လာမည့် ဇန်နဝါရီ ၈ ရက်တွင် ဖွင့်လှစ်သွားမည်ဟု တရုတ်ဘက်က ယမန်နေ့ (ဇန်နဝါရီ ၂ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာ – တရုတ် နယ်စပ်ဂိတ်

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် တရုတ် – မြန်မာ နယ်စပ်ဂိတ် (၃) ခု အချိန်ကန့်သတ်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၊ ထို ဂိတ် (၃) ခုသည် ရွှေနန်းတော်ဂိတ်၊ မန့်ဝိန်းဂိတ် နှင့် ဆင်ဖြူဂိတ်ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေနန်းတော်ဂိတ် နှင့် ဆင်ဖြူဂိတ် သည် ဝန်ထမ်း နှင့် ပြည်သူများ သွားလာရန် ၊ ဆိုင်ကယ် ၊ ကားများ သွားလာရန် နှင့် မန့်ဝိန်း ဂိတ်သည် ကုန်ပစ္စည်းများ တင်ပို့ရန်အတွက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ သူတို့ဖက်တော့ ဖွင့်ဖို့ ပြင်ဆင်နေပြီး၊ အချိန်ကန့်သတ်နဲ့လည်း ဖွင့်သွားမယ်လို့ သိရတယ်။ ရွှေနန်းတော်ဂိတ် နဲ့ ဆင်ဖြူဂိတ်ဆိုရင် မနက် ၈ နာရီကနေ ည ၉ နာရီခွဲထိ ဖွင့်သွားမှာ။ မန့်ဝိန်းဂိတ် ဆိုရင် မနက် ၈ နာရီကနေ ည ၁၁ နာရီထိ ဖွင့်သွားမှာတဲ့” ဟု ရွှေလီမြစ်ဝှမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ တရုတ်နိုင်ငံအတွင်းတွင် ကိုဗစ် -၁၉ ပြန့်ပွားနေသည့်အချိန်တွင် နယ်စပ်တံတားကို ဖွင့်လှစ်လိုက်ပါက နယ်စပ် အနီးနေထိုင်သည့် ပြည်သူများက ပြည်တွင်း ကိုဗစ် -၁၉ ပြန့်ပွားမည်ကို စိုးရိမ်နေကြသည်။

“ အခုလည်း တရုတ်ဘက်မှာဆိုရင် ကိုဗစ်ရောဂါတွေ အရမ်းပြန့်နေတယ်လေ။ သူတို့ နယ်စပ်ဂိတ်ကို ဖွင့်လိုက်ရင်လည်း ဒီဘက်ကို ထပ်ပြန့်လာမှာ ဆိုးတယ်လေ။ ကျနော်တို့ နယ်စပ်ဂိတ်နဲ့ အနီးမှာ နေတဲ့သူတွေတော့ ပိုပြီး စိုးရိမ်ရတာပေါ့” ဟု မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

အလားတူ တစ်ဖက်တွင်လည်း တစ်ချို့ ဒေသခံများက နယ်စပ်ကုန်သွယ်ရေး အဆင်ပြေရန်အတွက် ဖွင့်လှစ်ရန် မျှော်လင့်နေကြသည်။

“ ကျနော်တို့တော့ အရမ်းတော့ စိတ်မပူပါဘူး။ ဒီဘက်မှာလည်း ဖြစ်ခဲ့ဖူး ပြီးပြီလေ။ ဘာလို့လဲဆိုတော့ နှစ်နိုင်ငံကြား ကုန်တင်ပို့တဲ့ချိန်မှာလည်း အုတ်တံတိုင်းကိုကျော်ပြီး ကရိန်းစက်နဲ့ ကျော်ပြီးပို့ရတယ်လေ။ အဲ့တော့ အခွန်တွေအများကြီးပေးရတယ်။ နယ်စပ် တံခါးပြန်ဖွင့်ရင် အခွန်လည်း မများတော့ဘူး။ ကုန်ဈေးနှုန်းတွေလည်း ပြန်ကျလာမယ်လေ” ဟု နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံဘက်မှ နယ်စပ်တံတားများကို ဖွင့်လှစ်ရန် ပြင်ဆင်နေသော်လည်း မြန်မာနိုင်ငံဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။

မြန်မာ – တရုတ်နယ်စပ်ဂိတ်ကို ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ ဧပြီ ၁ ရက်နေ့ကစတင် ပိတ်ခဲ့ပြီး လက်ရှိမှာ ၃ နှစ် နီးပါးရှိနေပြီ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...