အင်းလေး ဒေသခံ လူငယ်များကို PDF စွပ်စွဲပြီး ပျူစောထီး နှင့် စစ်ကောင်စီတို့ လိုက်လံဖမ်းဆီးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း နေထိုင်သည့် လူငယ်များကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ချိတ်ဆက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီ မှ နေ့စဥ်ဆက်တိုက် ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း နေကြောင်း စုံစမ်းသိရှိရသည်။

အင်းလေးဒေသတွင်းမှ မြင်တွေ့ရသည့် စစ်ကောင်စီ လက်အောက်ခံ ရဲ နှင့် စစ်သား

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်မှစပြီး ယနေ့ထိ အင်းလေးဒေသခံအတွင်းရှိ ဒေသခံ ပြည်သူများကို ပျူစောထီး နှင့် စစ်ကောင်စီတို့ ပူပေါင်းပြီး အသက် ၁၈ နှင့် ၃၅ နှစ်ကြား လူငယ်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး လိုက်လံဖမ်းဆီးနေကြောင်း အင်းလေးဒေသခံ အသက် ၂၀ နှစ်အရွယ်ရှိ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းဆီးခံရသူမှာ အင်းလေးဒေသအတွင်းရှိ တောင်ပို့ကြီး၊ သပြေပင်ရွာ၊ အင်းတိန် နှင့် တုံးလည်ရွာမှ ဒေသခံများ ဖြစ်ကြောင်း သိရသည်။

“ပျူစောထီးက လမ်းပြပေးပြီး စစ်ကောင်စီက လိုက်ဖမ်းတာဗျ။ အင်းထဲက PDF ကို ဖော်ထုတ်ခိုင်းဖို့အတွက် ဖမ်းသွားတယ်။ ပြန်ပေးဆွဲတဲ့ ပုံစံမျိုးပေါ့ဗျာ။ အဲ့ထဲမှာ အမျိုးသမီး ၂ ယောက်ပါတယ်။ ကျန်တာတော့ လူငယ်၊ လူလတ်ပိုင်းတွေဗျာ။ အခုထိ အကုန်ပြန်မလွှတ်လာသေးဘူး“ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိမှာ တောင်ပို့ကြီး ရွာမှ (၃၂) ဦး၊ သပြေပင်ရွာ (၅) ဦး၊ တုံးလည်ရွာ (၂) ဦး နှင့် အင်းတိန်တွင် ဆရာတော်တစ်ပါး နှင့် ကျောင်းဝေယာဝိစ္စ လုပ်ပေးသူ (၂) ဦး ဖြစ်ကြောင်း ၎င်းတို့ကို ညောင်ရွှေ အချုပ်ခန်းတွင် ထားရှိကြောင်း သိရသည်။

အင်းထဲတွင် ပျူစောထီး နှင့် စစ်ကောင်စီတပ်ဖွဲ့ ပူးပေါင်းပြီး လိုက်လံဖမ်းဆီးလာသည့် နောက်ပိုင်း တချို့လူငယ်သည် နေ့ဘက်တွင် အိမ်ပြင်မထွက်ရဲ၊ ညဘက်တွင်လည်း လမ်းဘေးမီး မဖွင့်ရဲကြောင်း အသက် ၂၅ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ စစ်ကောင်စီက တစ်အိမ်တက် တစ်အိမ်ဆင်းပြီး လိုက်လံ စစ်ဆေးနေတယ်ဗျာ။ မှတ်ပုံတင်ကို စစ်ဆေးတာဗျာ။ ကျနော်ဆို အခုထိ အိမ်ပြင်မထွက်ရဲသေးဘူးဗျာ။ ညဘက်ဆိုရင်လည်း လမ်းဘေးမီးမဖွင့်ရဲဘူး။ ဘော်ဒါဆွဲခံရမှာ ကြောက်တယ် “ ဟု ၎င်း အမျိုးသားတစ်ဦး ကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် အင်းလေးဒေသမှာ ပြည်သူ့စစ် ဝင်ရန် တစ်ယောက်ကို ကျပ်ငွေ ၁ သိန်းခွဲနှင့် ဆန်အိတ်တစ်အိတ် ထောက်ပံ့ကြေးပေးကာ စစ်ကောင်စီက ခေါ်ဆောင်ဖူးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...