သျှမ်းမူတန်းတူရေး နဲ့ ဝ ပြည်နယ်သစ် ပေါ်ပေါက်နိုင်မယ့်အလားအလာ

ဒီတပတ် မြန်မာနိုင်ငံအတွင်း ဂယက်ထထားသွားတဲ့ သတင်းကတော့ ‘ဝ’ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) “ဝ” ပြည်နယ် သတ်မှတ်ပေးဖို့ စစ်ကောင်စီက မူအားဖြင့် သဘောတူလိုက်တဲ့ သတင်းပါပဲ။

UWSA, SSPP,NDAA နဲ့စစ်ကောင်စီတွေ့ဆုံ

စက်တင်ဘာ ၂၆ ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ‘ဝ’ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) အဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တကျော့ပြန် ပြန်တွေ့ဆုံခဲ့ပါတယ်။

ဒီတကျော့ပြန်တွေ့ဆုံချိန်မှာ အင်အားကြီးတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ UWSP က “ဝ” ပြည်နယ်ရဖို့တောင်းဆိုခဲ့တာကို စစ်ကောင်စီဘက်ကတော့ မူအားဖြင့် သဘာတူလိုက်တဲ့သတင်းကတော့ လူမှုကွန်ရက်မှာ ဂယက်ထခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ‘‘မူအားဖြင်ႉသဘောတူတယ်။ သို့သော် လွှတ်တော်လမ်းကြောင်း ကတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရမယ်။ အခုမပြင်ဆင်နိုင်သေးပေမဲ့ လွှတ်တော်ပေါ်လာတဲ့အခါ တပ်မတော် အနေနဲ့ အခုသဘောတူညီချက်တွေကို ထောက်ခံရပ်တည်သွားမယ်’’ လို့ BBC သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

“ဝ” ဒေသကို သျှမ်းပြည်မြောက်ပိုင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း နဲ့ ပန်ဆန်းမြို့နယ် ခြောက်ခုကို ခရိုင်နှစ်ခု ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြဌာန်းသတ်မှတ်ထားပါတယ်။

UWSA ဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေထဲမှာ လူသူ လက်နက်အင်အားကြီးမား တဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

UWSA

“ဝ” ပြည်နယ်တောင်းဆိုမှု ဟာ အခုမှ မဟုတ်ကြောင်း အရင်ကတည်းက UWSA ဟာ ခေတ်အဆက်ဆက် တောင်းဆိုခဲ့ ကြောင်း သျှမ်းနိုင်ငံရေးသမားတစ်ဦး က မှတ်ချက်ပြုသည်။

“ ဒီတခါ UWSP က “ဝ” ပြည်နယ် သတ်မှတ်ဖို့ စစ်ကောင်စီ ဘက်က မူအရ သဘောတူညီတာ တွေ့ရတယ်။ ဒါပေမယ့် ဒါက လွယ်တဲ့အရာတော့မဟုတ်ဘူး။ ဖွဲ့စည်းပုံကို အရင်ပြင်ရမှာပါ။ နောက်ဒေသတွင်းက လက်နက်ကိုင်တွေနဲ့လည်း ညှိနှိုင်းရ မယ်” လို့ သျှမ်းနိုင်ငံရေးသမားတစ်ဦး က ပြောပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA/မိုင်းလား) ကတော့ အထူးဒေသ(၄) ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖြစ်သတ်မှတ်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပြောဆိုခဲ့ပါတယ်။

မိုင်းလားကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဖြစ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥဒေ ပြင်ဆင်ပြီးမှရမှာ ဖြစ်ပါတယ်။

“ တကယ်တော့ “ဝ” နဲ့ မိုင်းလားမှာ က ကိုယ်ပိုင်တရားစီရင်ရေးမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်တွေ၊ ကိုယ်ပိုင် တရားစီရင်ရေးတွေနဲ့ သွားနေကြပြီးသားပါ” -လို့ သျှမ်းနိုင်ငံရေးသမားက ဆက်ပြောပါတယ်။

NDAA နဲ့ စစ်ကောင်စီတွေ့ဆုံစဥ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဉပေဒ စာမျက်နှာ ၁၆ ပုဒ်မ ၅၃ အပိုဒ်ငယ် (က) မှ (စ) လုံးအထိ က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်နယ် ရဲ့ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ဖို့ အကြောင်း ချမှတ်ထားတာပါတယ်။

အခု ဝ ပြည်နယ်သစ် ပေါ်ထွန်းရေး ကိစ္စက သျှမ်းပြည်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ဖို့ ကိစ္စဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအရ –

(၁) အဲဒီ့နယ်ထဲမှာ ရှိတဲ့ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူရဲ့သဘောထား ရယူရမယ်။

(၂) ပြင်ဆင်ဖို့ ထောက်ခံ ဆန္ဒမဲမရရင် ပြင်ဆင်သတ်မှတ်ဖို့ လုံးဝမရ။

(၃) အဲဒီ့နယ်ထဲမှာရှိတဲ့ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်က ထောက်ခံမဲပေးရင် သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ ဆန္ဒသဘောထား ထပ်ရယူရမယ်။

(၄) သက်ဆိုင်တဲ့ ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲ လေးပုံသုံးပုံနဲ့ အထက် ရရင် ပြည်ထောင်စု လွှတ်တော် ရဲ့သဘောထား ကို ထပ်ယူရပါမယ်။

(၅) သက်ဆိုင်တဲ့ ပြည်နယ် လွှတ်တော်က ကန့်ကွက်မဲ နဲ့သဘော မတူရင် ပြည်ထောင်စု လွှတ်တော် ရဲ့ အဆုံးအဖြတ်ကိုရယူရမယ်။

(၆) ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် လေးပုံသုံးပုံ နဲ့အထက်က နယ်နိမိတ် ပြင်ဆင်သင့်တယ်လို့ ထောက်ခံဆန္ဒမဲပေးရင် အဲဒီ့ ပြည်နယ် နဲ့ တိုင်း နယ်နိမိတ် ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရပါမယ်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ပြည်ထောင်စုအင်စတီဂျု ဒါရိုက်တာ ဉီးခွန်စိုင်းက “ “ဝ” ပြည်နယ် တောင်းတဲ့ကိစ္စဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်သွားမယ်ဆိုပါက သူတို့ ထိန်းချုပ်တဲ့နယ်မြေထဲမှာ ပြည်သူ့ဆန္ဒပြ ကောက်ယူပွဲလုပ်ရင် အဖြေက ရဖို့က ဘာမှ မခက်ပါဘူး။သို့သော်လည်း နောက်တဆင့်က ပြည်နယ်လွှတ်တော်မှာ မဲခွဲဖို့လုပ်ပါမယ်။ နောက်တခုက ပြည်ထောင်စုလွှတ်တော်မှာလည်းဆုံးဖြတ်ရမယ်။ မလွယ်ဘူးပေါ့။ “ဝ” ပြည်နယ် ရဖို့ ပြည်နယ် လွှတ်တော် ပြည်ထောင်စုလွှတ်တော်မှာရော တပ်မတော်က လုံးဝ ထောက်ခံအားပေးတဲ့ လွှတ်တော်အမတ်တွေ ပြည့်နေရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မလို့ တပ်မတော်က မူအရသဘောတူတည်လို့ပြောတာက ဥပဒေလုပ်ဆောင်ဖို့က အဆင့်ကအများကြီးရှိသေးတယ်” လို့ မှတ်ချက်ပြုလိုက်ပါတယ်။

ဆက်လက်ပြီး အစည်းအဝေးမှာ SSPP ဒု-ဥက္ကဌ စဝ်ခွန်ဆိုင်က ငြိမ်းချမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အချက် ၄ ချက် တင်ပြခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက် ၅ ချက်ကို တင်ပြခဲ့တယ်လို့ SSPP ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

SSPP နဲ့ စစ်ကောင်စီတွေ့ဆုံစဥ်

ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် SSPP တင်ပြတဲ့ အချက် ၄ ချက်မှာ ပင်လုံကတိကဝတ် အကောင်အထည်ဖော်ရေး၊ ၁၉၆၁ ပြည်နယ်ပေါင်းစုံ ညီလာခံတွင် ချမှတ်ခဲ့တဲ့ သဘောတူညီချက်များ အကောင်အထည်ဖော်ရေး၊ အမျိုးသား တန်းတူရေးအတွက် ဗမာပြည်နယ်ဖွဲ့စည်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တို့ဖြစ်ပါတယ်။

ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာမှာ လိုက်နာရမယ့် အခြေခံမူ ၅ ချက်ထဲမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ရှိတဲ့ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များဖွဲ့ရမည်ဆိုတဲ့ အချက်ပါဝင်ပါတယ်။

“SSPP အနေနဲ့ သျှမ်းမူ ခေါ် တောင်ကြီးမူကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားတယ်လို့ ဆိုရပါမယ်။ SSPP ရဲ့ တင်ပြမှုဟာ သျှမ်းလူမျိုးတမျိုးထဲအတွက်သက်သက် တောင်းဆိုမှုမဟုတ်ဘဲ တပြည်လုံးအတွက် တောင်းဆိုလိုက်တာ တပြည်လုံး အတိုင်းအတာဆောင်တဲ့ နိုင်ငံရေးပြဿနာကို ဆွဲထုတ်လိုက်တာလို့ ပြောရပါမယ်။ ပြောရရင် SSPP က တိုင်းရင်းသား လူမျိုးများရဲ့တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်ပြီး ခေါင်ကို ကိုင်လိုက်တယ်လို့ ပြောရပါမယ်” – လို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

နေပြည်တော်သို့ လာရောက် တွေ့ဆုံခြင်း မတိုင်မီ ရက်ပိုင်းအတွင်းက UWSA ထိန်းချုပ်ဒေသ ပန်ဆန်းမြို့မှာ မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ UWSA၊ NDAA၊ SSPP တို့အပြင် ရက္ခိုင်စစ်တပ် (AA)၊ ပလောင် (တအာင်း) တပ်(TNLA)၊ ကိုးကန့် (MNDAA) နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ကိုယ် စားလှယ် အချို့လည်း ပါဝင်ခဲ့ပါတယ်။

အခုလို တွေ့ဆုံရာမှာ UWSP ဒု-ဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA ဒု-က္ကဋ္ဌ ဦးဆန်းပေ ၊ SSPP ဒု-ဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်နဲ့အဖွဲ့က နိုင်ငံတော်မှ ခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ နိုင်ငံတော် အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးထိန်းသိမ်းလိုက်နာနေတဲ့ အခြေအနေတွေ၊ သဘောထားကွဲလွဲမှုတွေကို လက်နက်နဲ့ ဖြေရှင်းခြင်း မပြုလုပ်ဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ပါတီစုံ ဒီမိုကရေစီ စနစ်ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး နဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးကိစ္စတွေဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပါတယ်။

ဆက်ပြီး စက်တင်ဘာ (၂၇) ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က – “ ဖက်ဒရယ် အခွင့် အရေးများ ပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် ဖက်ဒရယ် အခွင့်အရေးများကို ပေးအပ်မှာဖြစ်ကြောင်း နှင့် ပြည်ပ ပရောဂများကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ဝါဒကွဲပြားနေကြောင်း” ပြောဆိုလိုက်ပါတယ်။

ပြည်နယ်သစ် သတ်မှတ်ရေး နဲ့ ပတ်သက်ပြီး သျှမ်းစာရေးဆရာ ဟိန်းကာယန်း က – “ဖက်ဒရယ် က ဖွဲ့စည်းပုံ ကနေ ခွဲပေးရမယ်. စစ်တပ်ကနေ ခွဲပေးတဲ့ပုံစံမဖြစ်ရဘူး။ ဒီစနစ်ကို လူတိုင်းနားလည်ရမယ်။ အဲ့ဒါကြောင့် ဝ ပြည်နယ် သတ်မှတ်ပေးဖို့ သဘောတူတယ်လို့ သူတို့ ပြောထားတဲ့ဟာက ၂၀၀၈ဖွဲ့စည်းပုံအတိုင်းသွားရမယ်။ လွှတ်တော်စနစ် နဲ့သွားရမယ်။ စစ်တပ်က အပြည့်အဝ ပြောနိုင်တာကတော့ USDP ရွေးကောက်ပွဲအနိုင်ရလို့ အစိုးရဖြစ်လာရင် “ဝ”ဘက် ကနေပြီးတော့မှ ထောက်ခံသွားမယ် အဲ့လိုသဘောရှိတယ်”လို့ ပြောဆိုလိုက်ပါတယ်။

လက်ရှိအခြေအနေမှာ UWSP/UWSA ထိန်းချုပ်ထားတဲ့ “ ဝ” ဒေသဟာ ပြည်နယ်အဆင့် ကျော်လွန်နေပါတယ်။ ဘာလို့လဲ ဆိုတော့ အုပ်ချုပ်ရေး၊ ဉပဒေ ပြုရေး၊ တရားစီရင်ရေး လွတ်လွတ်လပ်လပ် နဲ့ ကံကြမ္မာဖန်တီး ပိုင်ခွင့် ရထားလို့ပါဘဲ။ ကိုယ်ပိုင် ပိုက်ဆံ တာ ထုတ်လုပ် အသုံးပြုမယ်ဆိုရင်တော့ “ဝ” ဒေသဟာ လွတ်လပ်တဲ့ တိုင်းပြည်ငယ်တခုအလား ပါပဲ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...