Tuesday, January 27, 2026

ပဒေသရာဇ်ရှမ်းပြည် (Federated Shan States) နှစ်တရာပြည့်၊ ၁၉၂၂−၂၀၂၂

စိုင်းဇင်ဒီဒီဇုံ

နိုင်ငံရေးလောကမှာ မကြာခဏ ရည်ညွှန်းနေကြတဲ့ ပဒေသရာဇ်ရှမ်းပြည် (Federated Shan States) စတင်တည်ရှိလာတာဟာ ဒီကနေ့ နှစ်တရာ တင်းတင်းပြည့်ပါပြီ။

ရှမ်းပြည်မြေပုံ

အိန္ဒိယဘုရင်ခံချုပ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ သက်ဆိုင်ရာ ရှမ်းနယ်ရှင်တွေ (စော်ဘွားများ၊ မြို့စားများ၊ ငွေခွန်မှူးများ) တို့ရဲ့ သဘောတူညီချက် အရ အောက်ဖော်ပြပါ ရှမ်းနယ်တွေနှင့် သီးသန့် နယ်မြေတွေကို စုစည်းပြီးတော့ ပဒေသရာဇ်ရှမ်းပြည် (Federated Shan States) အဖြစ် ၁၉၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး စတင်ခေါ်တွင်စေရမယ်ဟု မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ က ကြေညာလိုက်ကြောင်းကို နိုင်ငံရေးဌာနက ကြေညာချက် အမှတ် (၃၁) ဖြင့် ၁၉၂၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပဒေသရာဇ်ရှမ်းပြည်မှာ ပါဝင်တဲ့ ရှမ်းနယ်တွေနဲ့ သီးသန့်ခွဲထုတ်ထားသည့် နယ်မြေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မြောက်ပိုင်းရှမ်းပြည်

• သီပေါ
• တောင်ပိုင်
• တောင်သိန္နီ
• မြောက်သိန္နီ
• မိုးမိတ်
• မိုင်းလင်း
• လားရှိုး (သီးသန့် နယ်မြ)

တောင်ပိုင်းရှမ်းပြည်
• ကျိုင်းတုံ
• မိုးနဲ
• ညောင်ရွှေ
• မိုးဗွဲ
• ရပ်စောက်
• လဲချား
• မောက်မယ်
• မိုင်းပန်
• မိုင်းပွန်
• စံကား
• နောင်မွန်
• မိုင်းနောင်
• မိုင်းကိုင်
• မိုင်းစိတ်
• ကျေးသီးမန်စံ
• ဘော်နင်း
• လွယ်လုံ
• သထုံ
• ဘန်းယဉ်
• ဟိုပုန်း
• နမ့်ခုတ်
• စကွယ်
• မိုင်းရှူး
• ကျိုင်းလွန်
• သာမိုင်းခမ်း
• ပွေးလှ
• ဘော်
• ရွာငံ
• ပင်းတရ
• ပင်မှီ
• ကျောက်ကူ
• လွယ်မော
• လွယ်အယ်
• ကျုံး
• နမ့်တုတ်

• တောင်ကြီး(သီးသန့် နယ်မြေ)
• လွယ်လင်(သီးသန့် နယ်မြေ)
• ကလော (သီးသန့် နယ်မြေ)

ပဒေသရာဇ်ရှမ်းပြည် (Federated Shan States) မပါဝင်ဘဲ ကျန်ခဲ့တဲ့ ရှမ်းနယ်တွေကတော့ ယနေ့ခေတ် စစ်ကိုင်းတိုင်းထဲ ပါဝင်တဲ့ သောင်သွပ်နယ်၊ ဆင်ကလိန်းခန္တီးနယ်နဲ့ ယနေ့ခေတ် ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက ခန္တီးလုံ နယ်များပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ကျိုင်းလွန်နယ်ကို ကျေးသီးမန်စံနယ် လက်အောက်၊ ဘော်နင်းနယ်၊ လွယ်မောနယ်၊ လွယ်အယ်နယ်၊ နမ့်တုတ်နယ် အစရှိတဲ့နယ်တွေကို ညောင်ရွှေနယ် လက်အောက်၊ မိုင်းစိတ်နယ်ကို မောက်မယ်နယ် လက်အောက် ပေါင်းထည့်ခဲ့ပါတယ်။

ပဒေသရာဇ်ရှမ်းပြည် (Federated Shan States) နယ်နိမိတ်ဟာ ဒီနေ့ခေတ် ရှမ်းပြည်နယ် နီးနီးပါပဲ။ ဒါပေမယ့် ‘ဝ’ နယ်တွေ (Wa States) တော့ မပါပါဘူး။ အဲဒီခေတ်က ပဒေသရာဇ်ရှမ်းပြည်ထဲ မပါတဲ့ ‘ဝ’ နယ်တွေက ဒီနေ့ခေတ် ဟိုပန် မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်နဲ့ နားဖန်း မြို့နယ်တွေ ဖြစ်ပါတယ်။ ဒီနေ့ခေတ် ပန်ဆန်းမြို့နယ်နဲ့၊ မက်မန်း မြို့နယ်တွေဟာ ပဒေသရာဇ်ရှမ်းပြည်ထဲ ပါဝင်တဲ့ မိုင်းလင်းနယ် (Mang Lon) ထဲမှာ ပါဝင်ပါတယ်။ (မှတ်ချက်။ ဖော်ပြပါ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာပါ မြေပုံမှာ အနက်ရောင်ခြယ်ထားတဲ့ နယ်မြေဟာ ပဒေသရာဇ်ရှမ်းပြည်ထဲ မပါဝင်တဲ့ ‘ဝ’ နယ်တွေ ဖြစ်ပါတယ်။)

ပဒေသရာဇ်ရှမ်းပြည် (Federated Shan States) ကို အုပ်ချုပ်ဖို့ အတွက် တိုင်းမင်းကြီး (Commissioner) တယောက် သီးသန့် ခန့်ထားပါတယ်။ ပြီးတော့ နယ်ရှင်တွေ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး တိုင်မင်းကြီးက ဥက္ကဋ္ဌ၊ မြောက်ပိုင်းရှမ်းပြည် အရေးပိုင်က ဒုတိယဥက္ကဋ္ဌ၊ လက်ထောက်အရေးပိုင်က အတွင်းရေးမှူး လုပ်တဲ့ ပဒေသရာဇ်ရှမ်းပြည်ကောင်စီ (Council of Shan States Federation) ကို ဖွဲ့ပါတယ်။ ဒီကောင်စီကို “ကမ္ဘောဇပဒေသရာဇာအသင်း” (Kambawza Padathayaza Athin, Federal Council of Shan Chiefs) လို့ ခေါ်ဖို့ ၁၉၂၃ မှာ ဘုရင်ခံက ညွှန်ကြားပါတယ်။ ဒီကောင်စီဟာ ဥပဒေပြုကောင်စီ၊ ဥပဒေပြုအဖွဲ့၊ လွှတ်တော် ဆန်ဆန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဓိက အဆုံးအဖြတ် အာဏာကတော့ ကောင်စီဥက္ကဋ္ဌနဲ့ ဘုရင်ခံ ဆီမှာပဲ ရှိတာမို့လို့ အတိုင်ပင်ခံကောင်စီ ပုံစံပဲဖြစ်ပါတယ်။

Federated Shan States ကို ပဒေသရာဇ်ရှမ်းပြည်၊ Federal Council of Shan Chiefs ကို ကမ္ဘောဇပဒေသရာဇာအသင်း စသဖြင့် ဘာသာပြန်တာဟာ အမှန်တကယ်တော့ လွဲနေပါတယ်။ ဒါပေမယ့် အဲဒီနေ့ခေတ်က တရားဝင် မြန်မာလို အဲဒီလိုပဲ ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဗြိတိသျှခေတ် မြန်မာဘာသာပြန် အရာရှိတွေက Federated/Federal/Federation ကို Feudal/Feudalism နဲ့ မှားပြီး ဘာသာပြန်ခဲ့မိပုံရတယ်လို့လည်း တချို့က ပြောကြပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ပဒေသရာဇ်ရှမ်းပြည် (Federated Shan States) ဟာ ရှေးရိုးစွဲ ရှမ်းနယ်တွေကို ခေတ်သစ် နိုင်ငံရေး စုဖွဲ့ပုံစံ (modern political institution) အနေနဲ့ ပထမဆုံး စုဖွဲ့လိုက်တာပဲ ဖြစ်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ထောင်စုနေ့ သို့တည်းမဟုတ် ပင်လုံနေ့သို့ သဝဏ်လွှာ

0
ပြည်ထောင်စုရဲ့ ဘဝတူ ရင်နှစ်သည်းချာ မောင်နှမများနှင့် တူသားမြေးမြစ်များအားလုံးခင်ဗျား။ အားလုံးသိပြီးတဲ့အတိုင်း ၁၂၊ ၂၊ ၁၉၄၇ မှာ ကျနော်တို့ရဲ့ ပြည်ထောင်စုဖခင် ခေါင်းဆောင်ကြီး များက ထာဝစဉ် အေးအတူ ပူအမျှ နေထိုင်သွားဘို့ ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီလို နေထိုင်သွားနိုင်ဘို့ကိုလည်း အောက်ပါမူများကို ချမှတ်ခဲ့ပါတယ်။ ၁။ ပြည်ထောင်စုကြီးကို...

ဒေါ်လာဂယက်ကြားက လူငယ်တွေ အလုပ်အကိုင်မဲ့လာ

0
“ကျနော် အခု အလုပ်လက်မဲ့ဖြစ်နေပြီ။ မိသားစု စားဝတ်နေရေး ဘာဆက်ဖြစ်လာမယ်ဆိုတာ မသိတော့ဘူး။ တဖက်ကလည်း ကုန်စျေးနှုန်းတွေက မြင့်နေတယ်” လို့ တောင်ကြီးမြို့ နိုင်ငံခြားဆေးကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ်ရှိ စိုင်းဖ က ညီးထွားနေပါတယ်။ စစ်ကောင်စီရဲ့ သွင်းပို့ကုန် မူဝါဒပြောင်းလဲမှု၊ အမေရိကန်ဒေါ်လာ ဈေးမြင့်တက်မှုနဲ့...

ဖက်ဒရယ်တိုင်းပြည် တည်ဆောက်လိုတဲ့ ခွန်ထွန်းဦးဆန္ဒ နဲ့ တိုင်းရင်းသားတွေရဲ့ အမြင်

0
သျှမ်းနိုင်ငံရေးခေါင်ဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တည်ထောင်သူ နှင့် ဥက္ကဌဟောင်း ခွန်ထွန်ဦးဟာ ပြီးခဲ့တဲ့ ဧပြီ (၃၀) ရက်က ရန်ကုန်နေအိမ်မှာ ကွန်လွန်သွားခဲ့ပါတယ်။ မေလ (၂) ရက်က ခွန်ထွန်းဦးရဲ့ ရုပ်အလောင်းကို ရန်ကုန်မြို့မှာ သဂြိုဟ်ပြီး ကျန်ရှိနေတဲ့ အရိုးပြာကိုတော့ သျှမ်းပြည်မြောက်ပိုင်း...

ဖက်ဒရယ် ကြွေးကြော်သံကြားက မြေစာပင်များ

0
“အခုချိန်က ပြောင်းဖူးချိုး စပါးရိတ်တဲ့ အချိန်လေ။ တချို့က စပါး မရိတ်ရသးဘူး။ အခု စစ်ရှောင်ထဲကဆို ခပ်များများက ပြောင်းဖူး မချိုးရသေးဘူး၊ စပါးလည်း မရိတ်ရသေးဘူး” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် သျှမ်းတော်လှန်ရေး တပ်ဖွဲ့နှင့် မြောက်ပိုင်း မဟာမိတ်...

ငြိမ်းချမ်းရေး နဲ့ ဖက်ဒရယ် အမြန်ရအောင်ကြိုးစားနေတဲ့ ဦးစိုင်းအိုက်ပေါင်း

0
နေပြည်တော်မှာ နစက က ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ နိုင်ငံရေးပါတီ အချို့ ဇန်နဝါရီ (၂၀)ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး (၅)နှစ် အတွင်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သဘောတူညီမှု ရရှိခဲ့ကြပါတယ်။ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဖက်ဒရယ်ပြည်ထောင်စုမျိုးကို...